နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

သင်္ကန်းညီနောင်တပ်စခန်း ပြန်ရဖို့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၂၀)ဦးသေပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ KNU ထုတ်ပြန်

ဧပြီလ (၂)ရက်။

မြဝတီမြို့ရှိ သင်္ကန်းညီနောင်အခြေစိုက် ခမရ(၃၅၅)တပ်စခန်းကို ပြန်ရဖို့အတွက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သင်္ကန်းညီနောင်တပ်စခန်း ပြန်ရဖို့အတွက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ (၉၇)တပ်ရင်း၊ (၁၀၂)တပ်ရင်း၊ (၁၁၈)တပ်ရင်း၊ (၅၄၆)တပ်ရင်းနဲ့ (၃၅၆)တပ်ရင်းတွေကို မတ်လ (၁၅)ရက်နေ့ကနေ (၂၀)ရက်နေ့အထိ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေဟာ MA-1 (၁)လက်၊ MA-2 (၂)လက်၊ ၉ လုံးကျည် (၁)လက်၊ ငါးကြင်းမြီး စက်လက် (၁)လက်၊ 81 ပြောင်း (၁)ပြောင်း၊ 60 mm(ကွန်မန်ဒို)ပြောင်း (၂)ပြောင်း၊ 81 mm ပြောင်းအထိုင် (၁)ခု၊ နင်းမိုင်း (အသေး)(၇)လုံး၊ 60 mm (ဗုံးသီး) (၁၈)လုံး၊ 81 mm (ဗုံးသီး) (၁၄)လုံး၊ RPG ကျည် (၈)လုံး၊ အီနာဂါ (၄)လုံး၊ ချိန်ဆိုက် (၁)ခု၊ 7.62 (နာတိုကျည်) (၈၀၀)တောင့်၊ ငါးကြင်းမြီး နာတိုပြောင်း (၁)ပြောင်း၊ လက်ပစ်ဗုံး (၁၁)လုံး၊ စစ်ဦးထုပ်(၁)လုံး စတာတွေပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

နှစ်ဖက်ထိတွေ့ပစ်ခတ်တဲ့အထဲ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးတာမရှိဘဲ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာနဲ့ လေကြောင်း ဗုံးကြဲပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး သေဆုံးကာ (၃)ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင်အိုးအိမ်အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် မတ်လ (၂၀)ရက်နေ့ကနေ (၂၅)ရက်အထိ နောက်ထပ်စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေကို ထပ်မံစောင့်ကြိုပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က (၄)ဦးဒဏ်ရာရခဲ့ပြီး တစ်ဦး အသက်ပေးလှူခဲ့ရတယ်လို့ သိရပြီး KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲတွေနဲ့ မြို့တွင်းတိုက်ပွဲတွေ ဖော်ဆောင်နေပြီး နေ့တိုင်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အသိပေးထားပါတယ်။

ထိတွေ့ပစ်ခတ်ခဲ့တဲ့ အနီးဝန်းကျင်က မြို့နဲ့ ကျေးရွာထဲရှိ ပြည်သူပိုင်အိုးအိမ်တွေကိုလဲ စစ်ကောင်စီတပ်က လိုက်လံမီးရှို့ဖျက်ဆီးနေပြီး မီးလောင်ဗုံးတွေကိုလဲ ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်နေတာကြောင့် ပြည်သူပိုင်အိုးအိမ်အများအပြား မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“နျူဂျီဦးဆောင်တဲ့တော်လှန်ရေးမအောင်မြင်နိုင်တဲ့အကြောင်းရင်းများ”

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 22 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၆) ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးသုံးသပ်ချက်များတနင်္ဂနွေနေ့အစီအစဥ်ကို တင်ပြကြမှာဖြစ်ပါတယ်၊ ဒီအပတ်အထူးအစီအစဥ်အနေနဲ့ တင်ပြမှာကြတော့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းလို့ခံယူထားတဲ့ နျူဂျီအနေနဲ့ တော်လှန်ရေး အောင်မြင်ရေးအတွက် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အပေါ်မှာ
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသစစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၁၂)ဦးသေဆုံးတယ်လို MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ အခု (၂)လတာကာလထဲ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးမှာ တိုက်ပွဲပေါင်း (၁၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို MOD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

CDM ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စွပ်စွဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ အာဏာသိမ်းတာကြောင့် CDM လုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ရပ်စောက်မြို့တွေ့ဆုံပွဲမှာ စွပ်စွဲပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က နိုင်ငံ့အာဏာကို အတင်းအဓမ္မ သိမ်းယူဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 29 Views
အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က အထက်မင်းလှမြို့ရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NUG နဲ့ SRA တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 31 Views
နှစ်ဖက်အပြန်အလှန် အသိအမှတ်ပြုနိုင်ဖို့ သဘောတူခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နေ့လယ် (၂)နာရီအချိန်က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီနဲ့ NUG တို့ Zoom Platform ကတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ဖေဖော်ဝါရီလ (၂၂)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးနိုင်ဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ‌အဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို NUG နဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့အနီးရှိ ကံတလူတိုးဂိတ် ဒရုန်းနဲ့ ထပ်မံဗုံးချတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 39 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်က စစ်ကိုင်းမြို့အနီး စစ်တပ်က လုံခြုံရေးယူပေးနေတဲ့ ကံတလူးတိုးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ “ ပြီးခဲ့တဲ့လတုန်းကလဲ အဲ့ဒီကံတလူတိုးဂိတ်ကို ပြောက်ကျားတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အခုလဲ စကမလုံခြုံရေးယူနေတဲ့ကြားက
မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 44 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လေကြောင်းတိုက်ခိုက်ခံရတာက အခုလ(၁)ရက်နဲ့ (၂)ရက်နေ့မှာပါ၊ တိုက်ခိုက်ခံရတာက ယင်းမာပင်ခရိုင် ဗျူဟာ အမှတ်(၄၇)တပ်စခန်းပါ၊