နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲဟာ နွေဦးသမိုင်းရဲ့ မေ့မရနိုင်တဲ့ ရက် (၁၀၀) ကျော် တိုက်ပွဲအနေနဲ့ အမှတ်ရဂုဏ်ယူနေမယ်လို့ YDF ပြော

မေလ (၂)ရက်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲဟာ နွေဦးသမိုင်းရဲ့ မေ့မရနိုင်တဲ့ ရက်(၁၀၀)ကျော် ဆက်တိုက်တိုက်ပွဲဝင်ခဲ့ရတဲ့ မြို့သိမ်းတိုက်ပွဲတစ်ခုအနေနဲ့ အမှတ်ရဂုဏ်ယူနေမယ်လို့ ယောကာကွယ်ရေးတပ် – YDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကျင်ဒွေးမြို့က စစ်ကောင်စီစခန်းကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ (၃)လကြာတဲ့အထိ ခဲယမ်းမီးကျောက် အခက်အခဲတွေကြားကနေ ဇွဲရှိစွာ တိုက်ပွဲဝင်ခဲ့ပြီး ဝိုင်းဝန်းပိတ်ဆို့နိုင်ခဲ့တာလို့ ဆိုပါတယ်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို မတ်လ (၇)ရက်ကစပြီး တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းညီညွတ်အားနဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ချင်းညီနောင်စစ်ဆင်ရေးအနေနဲ့ ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် YDF အနေနဲ့ (၅၄)ရက်ခန့်ကြာ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ ကျင်ဒွေးမြို့ကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲရဲ့ အောင်ပွဲဟာ ချင်းလူမျိုးတွေအပါအဝင် မဟာမိတ်တိုင်းရင်းသားတွေရဲ့ ဘုံရန်သူကို မျက်ခြေမပြတ်ချေမှုန်းနိုင်ဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ ညီညွတ်ရေး တည်ဆောက်နိုင်တာကနေ ရရှိလာတဲ့ စုပေါင်းခွန်အားကြောင့်ဆိုတာကို ယုံမှားသံသယဖြစ်စရာ မရှိဘူးလို့ ပြောဆိုထားပါတယ်။

YDF အနေနဲ့လဲ ကြုံကြိုက်လာတဲ့ သမိုင်းပေးတာဝန်တစ်ရပ်ကို ပါဝင်ထမ်းဆောင်ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူမိကာ မြို့သိမ်းတိုက်ပွဲထဲ ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းစစ်သည်တော်အပေါင်းကို ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

YDF ဟာ ၂၀၂၁ ခုနှစ်၊ မေလ (၁၂) ရက်နေ့မှာ မကွေးတိုင်း၊ ယောဒေသမှာ ယောလူငယ်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။

YDF ကို ဦးဆောင်နေသူ ကိုမြတ်သူဟာ အသက် (၃၀) ဝန်းကျင်အရွယ်ဖြစ်ပြီး အရင်က ကျောင်းဆရာတဦး ဖြစ်ပါတယ်။

YDF ဟာ အခြေခံစစ်ပညာသင်တန်း၊ ဆေးသင်တန်းအပြင် တပ်ဖွဲ့ဝင်တွေအတွက် နိုင်ငံရေးသင်တန်းတွေကိုပါ ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ YDF ဟာ ရခိုင်တပ်တော်ဆီမှာ စစ်ပညာသင်ယူပြီး တိုက်ပွဲအတွေ့အကြုံရယူကာ ရခိုင်တပ်တော် (AA) နဲ့အတူ တွဲဖက်တိုက်ပွဲဝင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“နျူဂျီဦးဆောင်တဲ့တော်လှန်ရေးမအောင်မြင်နိုင်တဲ့အကြောင်းရင်းများ”

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 17 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၆) ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးသုံးသပ်ချက်များတနင်္ဂနွေနေ့အစီအစဥ်ကို တင်ပြကြမှာဖြစ်ပါတယ်၊ ဒီအပတ်အထူးအစီအစဥ်အနေနဲ့ တင်ပြမှာကြတော့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းလို့ခံယူထားတဲ့ နျူဂျီအနေနဲ့ တော်လှန်ရေး အောင်မြင်ရေးအတွက် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အပေါ်မှာ
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသစစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၁၂)ဦးသေဆုံးတယ်လို MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ အခု (၂)လတာကာလထဲ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးမှာ တိုက်ပွဲပေါင်း (၁၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို MOD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

CDM ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စွပ်စွဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ အာဏာသိမ်းတာကြောင့် CDM လုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ရပ်စောက်မြို့တွေ့ဆုံပွဲမှာ စွပ်စွဲပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က နိုင်ငံ့အာဏာကို အတင်းအဓမ္မ သိမ်းယူဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 25 Views
အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က အထက်မင်းလှမြို့ရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NUG နဲ့ SRA တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 25 Views
နှစ်ဖက်အပြန်အလှန် အသိအမှတ်ပြုနိုင်ဖို့ သဘောတူခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နေ့လယ် (၂)နာရီအချိန်က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီနဲ့ NUG တို့ Zoom Platform ကတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ဖေဖော်ဝါရီလ (၂၂)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးနိုင်ဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ‌အဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို NUG နဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့အနီးရှိ ကံတလူတိုးဂိတ် ဒရုန်းနဲ့ ထပ်မံဗုံးချတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်က စစ်ကိုင်းမြို့အနီး စစ်တပ်က လုံခြုံရေးယူပေးနေတဲ့ ကံတလူးတိုးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ “ ပြီးခဲ့တဲ့လတုန်းကလဲ အဲ့ဒီကံတလူတိုးဂိတ်ကို ပြောက်ကျားတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အခုလဲ စကမလုံခြုံရေးယူနေတဲ့ကြားက
မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 42 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လေကြောင်းတိုက်ခိုက်ခံရတာက အခုလ(၁)ရက်နဲ့ (၂)ရက်နေ့မှာပါ၊ တိုက်ခိုက်ခံရတာက ယင်းမာပင်ခရိုင် ဗျူဟာ အမှတ်(၄၇)တပ်စခန်းပါ၊