နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းရှိ တက္ကသိုလ်များတွင် အစ္စရေးဆန့်ကျင်ရေးဆန္ဒပြမှုနောက်ဆက်တွဲသတင်းများ

+++++++++++++++++++++++++++++++++++++++++++++++++++++++

အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းရှိ တက္ကသိုလ်များတွင် အစ္စရေးဆန့်ကျင်ရေးဆန္ဒပြမှုများ ပျံ့နှံ့လာချိန်တွင် လှုပ်ရှားမှု၏ဗဟိုချက်ဖြစ်သော နယူးယောက်ရှိ ကိုလံဘီယာတက္ကသိုလ်တွင် ဧပြီလ (၂၉) ရက်နေ့၌ ထိုင်ဆန္ဒပြပွဲများ ဆက်လက်ကျင်းပနေသည့် ကျောင်းသားများကို ကျောင်းမှ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ကျောင်းမှထွက်ခွာရန် အမိန့်ပေးထားသည်။ ဧပြီလ (၂၉) ရက်နေ့ နေ့လည် ၂ နာရီတွင် ကျောင်းဝင်းအတွင်း တဲထိုးနေသည့် ကျောင်းသားများအား တက္ကသိုလ်မှ ထွက်ခွာရန် အမိန့်ပေးခဲ့သည်။

ထိုနေ့ညနေခင်းတွင် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တက္ကသိုလ်တာဝန်ရှိသူများက မလိုက်နာသောကျောင်းသားများသည် ယခုမှစ၍ စာသင်ချိန်၊ ဘွဲ့ရ၊ သို့မဟုတ် ကျောင်းသားအဆောင်များနှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများကို အသုံးပြုခွင့်မပြုကြောင်း အသိပေးခဲ့သည်။ ကျောင်းသားဘဝဌာနခွဲနှင့် ကျောင်းသားနှင့် ဆရာကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် တက္ကသိုလ်ကောင်စီသည် ကိစ္စရပ်များအားလုံးကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ဌာနမှူးထံ တိုင်ကြားနိုင်မည် ဖြစ်သည်။

ဘွဲ့နှင်းသဘင် အခမ်းအနားကို စီစဉ်ထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် ကျောင်းဝင်းအတွင်းရှိ ရွက်ဖျင်တဲများကို ဖယ်ရှားရန် တက္ကသိုလ်မှ ကျောင်းသားများအား တောင်းဆိုထားကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

ကိုလံဘီယာတက္ကသိုလ် ကျောင်းသားများသည် တစ်ပတ်ကြာ စုရုံးထိုင်နေကြပြီး အများစုသည် တက္ကသိုလ်၏ အမိန့်ကို လျစ်လျူရှုကာ ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

နယူးယောက်မြို့ ရဲဌာန (NYPD) က အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြသူများ သိမ်းပိုက်ထားသည့် အဆောက်အအုံကို စီးနင်းတိုက်ခိုက်ပြီး ဒါဇင်နှင့်ချီသည့် လူတွေကို ဖမ်းမိပြီးနောက် ကိုလံဘီယာတက္ကသိုလ်က ကျောင်းသားတွေက ဆက်လက် ဆန္ဒပြဖို့ ပြင်ဆင်နေကြပါသည်။ တက္ကသိုလ်တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုကို ဦးဆောင်နေသည့် ကျောင်းသားခေါင်းဆောင်တစ်ဦးက CNN နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ဝင်ရောက်စီးနင်းပြီး နှစ်နာရီခန့်အကြာတွင် ဆန္ဒပြသူများကို ရှင်းလင်းခဲ့ကြောင်း NYPD မှ ကြေညာခဲ့သည်။ တက္ကသိုလ်တာဝန်ရှိသူများက NYPD မှ ရဲဝန်ထမ်းများကို မေလ ၁၇ ရက်အထိ ဆက်လက်ချထားပေးရန် တောင်းဆိုထားသည်။

တုံ့ပြန်သည့်အနေဖြင့် ဘွဲ့လွန်ကျောင်းမှ ညှိနှိုင်းရေးဆောင်ရွက်နေသူ မိုဟာမက်ခါလီ (Mahmoud Khalil) က “ ကျောင်းသားတွေ ဒီလှုပ်ရှားမှုကို ဆက်ပြီး ထိန်းထားမယ်လို့ ယုံကြည်ပါတယ်´´ ဟု လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားသော်လည်း ကျောင်းသားများက ဆန္ဒပြပိုင်ခွင့် ရှိဆဲဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

တက္ကသိုလ် အာဏာပိုင်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေသည်မှာ နှစ်ပတ်ရှိပြီ ဖြစ်သည်။ မိုဟာမက်ခါလီက ယခုအချိန်အထိ တက္ကသိုလ်သည် စစ်ဆန့်ကျင်ရေးဆန္ဒပြမှုများကို ပြည်တွင်းပညာရေးစည်းမျဉ်းများအဖြစ်သာ သဘောထားကာ အစားအသောက်နှင့် စောင်များဝယ်ယူရေးဆိုင်ရာ ညှိနှိုင်းမှုများကိုသာ တုံ့ပြန်ခဲ့ကြောင်း မိုဟာမက်ခါလီက ထောက်ပြခဲ့သည်။

“ဒါက ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေကို လှုံ့ဆော်ပေးနေတဲ့ ကုမ္ပဏီတွေဆီကနေ တက္ကသိုလ်တွေကို ခွဲထွက်ဖို့ တက္ကသိုလ်တွေကို တောင်းဆိုဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုကြီးတဲ့ လှုပ်ရှားမှုတစ်ခုပဲ” ဟု ၎င်းက ပြောသည်။

အဆောက်အအုံကို သိမ်းပိုက်ရခြင်းမှာ တက္ကသိုလ်သည် ၎င်းတို့၏ တောင်းဆိုချက်များကို မတုံ့ပြန်ဘဲ လျစ်လျူရှုထားသည်ဟု ယူဆသော အဖွဲ့တစ်ခု၏ ဆန္ဒအလျောက် ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း မိုဟာမက်ခါလီမှ ရှင်းပြခဲ့သည်။

ကိုလံဘီယာတက္ကသိုလ် အာဏာပိုင်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေသူ မိုဟာမက်ခါလီ (Mahmoud Khalil) / Ted Shaffrey/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အရှေ့ဂျေရုဆလင်ရှိ ကုလသမဂ္ဂ အေဂျင်စီဌာနချုပ်ကို ပိတ်ပင်ပြီးနောက် အစ္စရေးက စတင်ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA)
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အာတိတ်ဒေသအတွက် အားပြိုင်ပွဲကြီး – ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် အာရုံစိုက်နေကြသနည်း?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 26 Views
အာတိတ်ဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုသည် အဘယ်ကြောင့် အလွန်အရေးကြီး သနည်း? CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်း (Greenland) ကို အမေရိကန်၏ အစိတ်အပိုင်းတစ်ခု
ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားစစ်တပ်က ကာ့ဒ်တို့ထိန်းချုပ်ထားသည့် နယ်မြေအများအပြားကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆီးရီးယားစစ်တပ်သည် ဒေသခံမျိုးနွယ်စု လက်နက်ကိုင်များ၏ အကူအညီဖြင့် နှစ်ရက်တာ ကာလအတွင်း ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များ ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းချုပ် ထားခဲ့သည့် နယ်မြေအကျယ်အဝန်းအများအပြားကို တိုက်ထုတ်သိမ်းပိုက် နိုင်ခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒါးဗို့စ် (Davos) မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့ ရန်လိုမှုတွေပြည့်နှက်နေတဲ့ မိန့်ခွန်းကနေ ကောက်နုတ်ချက် ၅ ချက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့ – ဆွစ်အယ့်ပ်စ်တောင်တန်းမှာ ဗုဒ္ဓဟူးနေ့က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောကြားခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှည်လျားထွေပြားပြီး ရန်လိုတဲ့မိန့်ခွန်းဟာ အနောက်အုပ်စုမဟာမိတ်အဖွဲ့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ထရန့်က ဂရင်းလန်းကျွန်း (Greenland) ကို ဝယ်ယူရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းလာမှုကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) ကြားတွင် ကြီးမားသော သံတမန်ရေးနှင့် စီးပွားရေး ပဋိပက္ခများ ဖြစ်ပွားနေပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 34 Views
၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၀  ထရန့်၏ စီမံကိန်း (The Trump Plan) သမ္မတ ထရန့်သည် ဂရင်းလန်းကို ဝယ်ယူရေးမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အာတိတ်ဒေသတွင် ရုရှားနှင့် တရုတ်တို့၏ ဩဇာလွှမ်းမိုးမှုကို တားဆီးရန် “
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။ ယင်းမှာ ပြည်တွင်းမှ ကန့်ကွက်ဆန့်ကျင်မှုများကို အစ္စရေးနှင့်ဖြစ်ပွားခဲ့သော နွေရာသီစစ်ပွဲ၏ နောက်ဆက်တွဲအဖြစ် ရှုမြင်လာသည့် အစိုးရ၏
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 45 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်