နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း စစ်သုံ့ပန်းကို ပစ်သတ်မှုဖြင့် ရုရှားစစ်သားအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်

CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်

ယူကရိန်း တရားရုံးတစ်ခုက ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခု၌ ယူကရိန်း စစ်သုံ့ပန်းတစ်ဦးကို သတ်ဖြတ်မှုဖြင့် ရုရှားစစ်သားတစ်ဦးကို အပြစ်ရှိကြောင်း တွေ့ရှိရပြီး၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည် ဤကဲ့သို့သော စီရင်ချက် သည် ပထမဆုံး ဖြစ်သည်။

ဒီမီထရီ ကူရာရှော့ဗ် (Dmitriy Kurashov)၊ အသက် ၂၇ နှစ်အား ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း ဇာပိုရစ်ရှား (Zaporizhzhia) မြို့ရှိ တရားရုံးတစ်ခုက ၎င်း၏ တပ်ဖွဲ့ထံ လက်နက်ချခဲ့သော ယူကရိန်းစစ်သားတစ်ဦးကို ပစ်သတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း၏ လုံခြုံရေးဝန်ဆောင်မှုဌာန (security service)ပြောကြားချက် အရ ကူရာရှော့ဗ် သည် ယခင်က ရုရှားအကျဉ်းထောင်တွင် ခိုးမှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ဖူး ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန်အတွက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်မှုထမ်းရန် စာချုပ်ချုပ်ဆိုခဲ့သူဖြစ်သည်။

တရားရုံး၏ တွေ့ရှိချက်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့တွင် ဇာပိုရစ်ရှားတိုင်းဒေသကြီး အတွင်းရှိ ပရီယတ်နီ (Pryiutne) ရွာအနီး တိုက်ခိုက်မှုတစ်ခုအတွင်း ကူရာရှော့ဗ်သည် ယူကရိန်းစစ်သားကို အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရသည်။


လက်နက်ချပြီးနောက် ပစ်သတ်ခံရခြင်း

လုံခြုံရေးဝန်ဆောင်မှုဌာန၏ ပြောကြားချက်အရ အဆိုပါစစ်သားသည် တိုက်ပွဲအတွင်း ခဲယမ်းမီးကျောက်ကုန်သွားပြီးနောက် လက်နက်ချခဲ့ခြင်းဖြစ်သည်။ အစိုးရရှေ့နေ၏ ပြောကြားချက်အရ ယူကရိန်းစစ်သားသည် မြေအောက်တူးထားသော တဲမှ လက်နက်မဲ့ဖြင့် ထွက်လာပြီး လက်နှစ်ဖက်မြှောက်ကာ လက်နက်ချကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။ ရုရှားစစ်သား၏ တောင်းဆိုချက်အရ ဒူးထောက်လိုက်သော်လည်း အော်တိုမက်တစ် သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာမှာပင် သေဆုံးခဲ့သည် ဟု သိရသည်။

သီးခြားအမှုတစ်ခုတွင် ၂၀၂၂ ခုနှစ် မတ်လက ကိယက်ဗ်တိုင်းဒေသကြီး၊ ဘူချာခရိုင် (Bucha district) ရှိ ဘလစ်စတာဗစ်ဆီ (Blystavitsy) ရွာရှိ အိမ်တစ်လုံးကို လုယက်မှုဖြင့် စွပ်စွဲခံခဲ့ရသော ရုရှားစစ်သားတစ်ဦးမှာမူ သက်သေအထောက်အထား မလုံလောက်ခြင်း ကြောင့် အပြစ်မရှိကြောင်း တွေ့ရှိခဲ့ရသည်။

ကူရာရှော့ဗ်အား ပြစ်ဒဏ်ချမှတ်ခြင်းသည် စစ်ပွဲစတင်ကတည်းက ဖမ်းဆီးရမိသော ယူကရိန်းစစ်သားကို သတ်ဖြတ်မှုဖြင့် ရုရှားစစ်သားတစ်ဦးအားထောင်ဒဏ်ချမှတ်ခံရသည့် ပထမဆုံးအကြိမ် ဖြစ်သောကြောင့် သမိုင်းတွင် မပေါ်ပေါက်ဖူးသေးသော စီရင်ချက်ဖြစ်သည်။


စစ်သုံ့ပန်းများ သတ်ဖြတ်ခံရမှု စာရင်းဇယားများ

ရုရှားတပ်ဖွဲ့ဝင်များက ယူကရိန်း စစ်သုံ့ပန်း အများအပြားကို သတ်ဖြတ်ခဲ့ကြောင်း ကိယက်ဗ်က ပြောကြားသော်လည်း ယခုအချိန်အထိ ဥပဒေအရ အကျိုးဆက်များ မရှိခဲ့ ပါ။

ယခုနှစ် အစောပိုင်းတွင် ယူကရိန်း ရှေ့နေချုပ်ရုံးက မေလ ၅ ရက်အထိ ယူကရိန်း စစ်သုံ့ပန်း ၂၆၈ ဦးကို ကွပ်မျက်ခံခဲ့ရသည်ဟု သံသယရှိသည့် ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှု ၇၅ ခု ကို ဖွင့်လှစ်ထားကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း စစ်သုံ့ပန်းများအား စွပ်စွဲသတ်ဖြတ်မှု အရေအတွက် တိုးလာနေကြောင်းလည်း ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် စစ်သား ၅၇ ဦး ပါဝင်သည့် အမှု ရှစ်မှု၊ ၂၀၂၃ ခုနှစ်တွင် စစ်သား ၁၁ ဦး ပါဝင်သည့် အမှု ရှစ်မှု၊ ၂၀၂၄ ခုနှစ်တွင် စစ်သား ၁၄၉ ဦး ပါဝင်သည့် အမှု ၃၉ မှု၊ နှင့် ယခုနှစ် မေလ ၅ ရက်အထိ စစ်သား ၅၁ ဦး ပါဝင်သည့် အမှု ၂၀ တို့ ဖြစ်သည်။

(ပုံ) ရုရှားစစ်သား ဒီမီထရီ ကူရာရှော့ဗ် (Dmitriy Kurashov)၊ အသက် ၂၇ နှစ်အားယူကရိန်းစစ်သုံ့ပန်းကိုသတ်ဖြတ်မှုဖြင့်ရုံးတင်စစ်ဆေးနေစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက