နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

တက်စလာ ရှယ်ယာရှင်များက အီလွန် မတ်စ် (Elon Musk) ကို ဒေါ်လာ ၁ ထရီလီယံ တန်ဖိုးရှိ လစာသတ်မှတ်ချက်ကို အတည်ပြု

CNN – နိုဝင်ဘာ ၇၊ ၂၀၂၅

တက်စလာ ရှယ်ယာရှင်များက ကြာသပတေးနေ့က အတည်ပြုလိုက်သော လစာသတ်မှတ် ချက်ကို ရရှိသွားသောကြောင့် လက်ရှိတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေသော တက်စလာ ၏ စီအီးအို (CEO) အီလွန် မတ်စ်သည် ကမ္ဘာ့ပထမဆုံး ထရီလီယံနာကြီး ဖြစ်လာနိုင်ဖွယ် ရှိသည်။

ကုမ္ပဏီ၏ နှစ်ပတ်လည် ရှယ်ယာရှင်အစည်းအဝေးတွင် ၇၅% ကျော်သော မဲပေးထားသည့် ရှယ်ယာများက ယင်းလစာသတ်မှတ်ချက်ကို ထောက်ခံမဲပေးခဲ့ကြကြောင်း တက်စလာက ကြေညာခဲ့သည်။ ယင်းမဲပေးမှုတွင် မတ်စ် ပိုင်ဆိုင်ပြီးသား ကုမ္ပဏီ၏ ၁၅% ကိုမူ ထည့်သွင်း ရေတွက်ခြင်းမရှိပါ။

ရလဒ်များကို ကြေညာသောအခါ အစည်းအဝေးတက်ရောက်သူများက ပျော်ရွှင်စွာ အော်ဟစ်အားပေးခဲ့ကြသည်။ မတ်စ်ကလည်း မကြာမီမှာပင် ရှယ်ယာရှင်များနှင့် တက်စလာ ဘုတ်အဖွဲ့ဝင်များကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။ “ကျွန်တော် အရမ်းကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ဆိုသည်။

မတ်စ်သည် လစာငွေကို လက်ခံခြင်းမရှိသော်လည်း အတည်ပြုလိုက်သော လစာသတ်မှတ် ချက်သည် စတော့ခ်ခွင့်ပြုချက် ပုံစံဖြင့်ဖြစ်ပြီး လာမည့် ၁၀ နှစ်အတွင်း သူ့ကို ထပ်ဆောင်း တက်စလာရှယ်ယာ ၄၂၃.၇ သန်းအထိ ပေးအပ်သွားမည် ဖြစ်သည်။

ကုမ္ပဏီသည် ဒေါ်လာ ၈.၅ ထရီလီယံ ဈေးကွက်တန်ဖိုးသို့ ရောက်ရှိပြီး မတ်စ်အနေဖြင့် အလားအလာရှိသော လစာငွေအပြည့်အဝအတွက် အရည်အချင်းပြည့်မီပါက၊ ယင်းရှယ်ယာများသည် ဒေါ်လာ ၁ ထရီလီယံခန့် တန်ဖိုးရှိလာနိုင်သည်။ ထို့အပြင်၊ ၎င်း၏ ရှယ်ယာအပြည့်အဝ အရေအတွက်ကို ရရှိရန်အတွက် တက်စလာသည် လုပ်ငန်းပိုင်း ဆိုင်ရာ သို့မဟုတ် ငွေကြေးဆိုင်ရာပစ်မှတ်များကို ဆက်တိုက်ဖြည့်ဆည်းရန် လိုအပ်ပြီး၊ ယင်းရှယ်ယာများကို ညီမျှသော အစု ၁၂ စု ခွဲကာ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

လာမည့် ၁၀ နှစ်အတွင်း ဤပက်ကေ့ချ်အောက်တွင် ရရှိနိုင်သည့် ရှယ်ယာအားလုံးကို ရရှိခြင်းသည် တစ်နေ့လျှင် ဒေါ်လာ ၂၇၅ သန်း ဝင်ငွေရရှိခြင်းနှင့် ညီမျှမည်ဖြစ်ပြီး သမိုင်းတစ်လျှောက် အခြားမည်သည့် အမှုဆောင်အရာရှိ၏ လစာပက်ကေ့ချ်ထက်မဆို များစွာသာလွန်နေမည်ဖြစ်သည်။


စတော့ခ်တိုးတက်မှုအတွက် ကြီးမားသောပစ်မှတ်များ

လိုအပ်သည့် ဒေါ်လာ ၈.၅ ထရီလီယံ ဈေးကွက်တန်ဖိုးသို့ တက်စလာရောက်ရှိရန်အတွက် ရှယ်ယာများသည် ယနေ့ စတော့ခ်ဈေးနှုန်းမှ ၄၆၆% တက်ရန် လိုအပ်ပါသည်။ ၎င်းသည် ပြီးခဲ့သည့်အပတ်က စံချိန်တင် ဒေါ်လာ ၅ ထရီလီယံ ဈေးကွက်တန်ဖိုးသို့ ရောက်ရှိခဲ့သော ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီ Nvidia ထက်ပင် ၇၀% ခန့် ပိုမိုမြင့်မားပါသည်။

Bloomberg ၏ ဘီလျံနာခြေရာခံစနစ်အရ မတ်စ်သည် လက်ရှိတွင် ဒေါ်လာ ၄၇၃ ဘီလီယံ ခန့် ကြွယ်ဝနေပြီဖြစ်ပြီး၊ အများစုမှာ တက်စလာအပြင် ၎င်းထိန်းချုပ်ထားသည့် SpaceX နှင့် xAI ကဲ့သို့သော အခြားကုမ္ပဏီများမှ ပိုင်ဆိုင်မှုများကြောင့်ဖြစ်သည်။

ကြာသပတေးနေ့က လစာသတ်မှတ်ချက်ကို ပယ်ချရန် မဲပေးခဲ့ပါက ၎င်းသည် တက်စလာ စီအီးအို ရာထူးမှ ထွက်ခွာသွားသည်ကို ဆိုလိုနိုင်ဖွယ်ရှိသည်။ ယင်းလစာသတ်မှတ်ချက်က ပေးအပ်နိုင်သော ထိန်းချုပ်မှုဆိုင်ရာ အာမခံချက်များကို မရရှိပါက ကုမ္ပဏီမှ ထွက်ခွာ သွားနိုင်ခြေရှိကြောင်း မတ်စ်က ပြောကြားခဲ့သည်ဟု တက်စလာဘုတ်အဖွဲ့က စာရွက်စာတမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။

သို့သော်လည်း ကုမ္ပဏီသည် ယခုနှစ်တွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ ပထမနှစ် ဝက်တွင် အရောင်းနှင့် အမြတ်အစွန်းများ ထိုးကျခဲ့ပြီး တက်စလာသည် လျှပ်စစ်ကားများ အတွက် အမေရိကန်အစိုးရ၏ ထောက်ပံ့မှု လျော့ကျသွားခြင်းကြောင့် ဘီလျံနှင့်ချီသော ဝင်ငွေများ ဆုံးရှုံးနိုင်ဖွယ်ရှိသည်ကို ရင်ဆိုင်နေရသည်။


က်ရုပ် (ရိုဘော့) များနှင့် AI အပေါ် အနာဂတ်အလောင်းအစား

သို့သော် မတ်စ်နှင့် တက်စလာ အမှုဆောင်အရာရှိများသည် ယင်းပြဿနာများကို ပယ်ချပြီး တက်စလာသည် ရိုးရှင်းစွာ လျှပ်စစ်ကားများ ရောင်းချခြင်းမှ “Robotaxis” ဟုခေါ်သော ကိုယ်ပိုင်မောင်းနှင်နိုင်သည့် ကားများအပြင် လူသားဆန်သော စက်ရုပ်များ ရောင်းချခြင်းသို့ အာရုံပြောင်းနေသည်ဟု ဆိုသည်။

ရှယ်ယာရှင်များအား ၎င်း၏မိန့်ခွန်းတွင် မတ်စ်သည် ကုမ္ပဏီ၏ကားများထက် စက်ရုပ်များ (ရောင်းချရခြင်း မရှိသေးပါ) အကြောင်းကို ပိုမိုပြောကြားခဲ့သည်။ ၎င်းက ကားများကို ရည်ညွှန်းပြောဆိုမှုအများစုမှာ ယာဉ်မောင်းများကို သတိရှိနေစေရန်နှင့် ကားကို ထိန်းချုပ်ရန် အသင့်ဖြစ်နေစေရန် လိုအပ်နေသေးသော ယာဉ်မောင်းအကူအညီပေးရေး စနစ်ဖြစ်သည့် ၎င်းတို့၏ ပြည့်စုံသောအလိုအလျောက်မောင်းနှင်မှု (FSD) အကြောင်းသာ ဖြစ်သည်။

သို့သော် က်ရုပ်လုပ်ငန်းသည် ကုမ္ပဏီ၏ ကားလုပ်ငန်းထက်သာမက အခြားမည်သည့် လုပ်ငန်းထက်မဆို ပိုကြီးလာမည် ဟု မတ်စ်က ဆိုသည်။

“ဒါဟာ သမိုင်းတစ်လျှောက် အကြီးဆုံး ထုတ်ကုန် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ဟု ၎င်းက ပြောသည်။ “ဒါကြောင့် ဖုန်းတွေထက်လည်း ကြီးမယ်၊ ဘာမဆိုထက် ကြီးမယ်။ စဉ်းစားရမယ့် ပုံစံကတော့ ကမ္ဘာပေါ်က လူတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် R2D2 ဒါမှမဟုတ် C3PO ကို ပိုင်ဆိုင်ချင်ကြလိမ့်မယ်” ဟု ၎င်းက ဆိုသည်။ (ဘာသာပြန်သူမှတ်ချက်- R2D2 နှင့် C3PO တို့သည် နာမည်ကျော် ဟောလီးဝုဒ်ရုပ်ရှင် Stars War ရုပ်ရှင်တွင်ပါဝင်သည့် စက်ရုပ်တို့၏ အမည်များဖြစ်သည်။)

တက်စလာ၏စက်ရုပ်များသည် ခွဲစိတ်ဆရာဝန်များကိုပင် အစားထိုးနိုင်ပြီး ကမ္ဘာ့ဆင်းရဲ နွမ်းပါးမှုကို အဆုံးသတ်ကာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်ကို ပြောင်းလဲပေးနိုင်သည် ဟုပင် သူက ခန့်မှန်းခဲ့သည်။ စက်ရုပ်တစ်ရုပ်လျှင် ဒေါ်လာ ၂၀,၀၀၀ ဖြင့် ထုတ်လုပ်နိုင်ပြီး ကုမ္ပဏီအနေဖြင့် ကားတစ်စီး၏ ဈေးနှုန်းခန့်ဖြင့် ရောင်းချနိုင်သည်ဟု သူက အခိုင်အမာ ဆိုသည်။

သို့သော်လည်း ယင်းထုတ်ကုန်များနှင့် အယူအဆများသည် ဖွံ့ဖြိုးတိုးတက်ဆဲ ဖြစ်ပြီး ရောင်းချရခြင်း မရှိသေးပါ။ ဆိုလိုသည်မှာ လစာသတ်မှတ်ချက်ကို အတည်ပြုပြီးသော်လည်း မတ်စ်အနေဖြင့် အလားအလာရှိသော ရှယ်ယာ သန်းပေါင်းများစွာကို မြင်တွေ့ရမည်ဟု အာမခံနိုင်ခြင်း မရှိသေးပေ။ ၎င်းသည် ကုမ္ပဏီ၏ လက်ရှိပြဿနာများကို ဖြေရှင်းပြီး အနာဂတ်အတွက် သူကတိပြုထားသည့် ကြီးမားသော ကတိများအတိုင်း နေထိုင်ရမည် ဖြစ်သည်။

မတ်စ်က ၎င်းသည် ပိုမိုများပြားသော ကြွယ်ဝမှုကို လိုချင်၍မဟုတ်ဘဲ ကုမ္ပဏီအပေါ် ပိုမိုထိန်းချုပ်မှု ရရှိရန်အတွက် ထပ်ဆောင်းရှယ်ယာများ လိုအပ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

“ကျွန်တော် အဲဒီပိုက်ဆံတွေကို သုံးသွားမှာ မဟုတ်ပါဘူး” ဟု မတ်စ်က ပြီးခဲ့သည့်လက ရင်းနှီးမြှုပ်နှံသူများနှင့် ဆွေးနွေးမှုတစ်ခုတွင် ပြောကြားခဲ့သည်။ “(ကျွန်တော့်ကို) အားကောင်းတဲ့ သြဇာလွှမ်းမိုးမှု ပေးနိုင်ဖို့ လုံလောက်တဲ့ မဲပေးနိုင်ခွင့်ရှိတဲ့ ထိန်းချုပ်မှုမျိုး လိုအပ်တယ်။ ဒါပေမဲ့ ကျွန်တော် ရူးသွားရင်တော့ အလုပ်ထုတ်လို့ မရလောက်တဲ့ အထိတော့ မဟုတ်ဘူး”။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက