နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဓားစာခံ ၆ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်က ထုတ်ဖော်ပြောကြားပြီးနောက် ဂါဇာကမ်းမြောင်ဒေသ သဘောတူညီချက်ကို ပြုလုပ်ရန် အစ္စရေးမှာ နိုင်ငံတစ်ဝှမ်း တောင်းဆိုဆန္ဒပြခဲ့ကြသည်။

စက်တင်ဘာလ (၂) ရက်။ CNN သတင်း။

အစ္စရေးနိုင်ငံတစ်ဝှမ်းလုံးတွင် သပိတ်မှောက်မှုများ ပြုလုပ်နေပါသည်။ ဘယ်သူတွေ ပါဝင်ဖို့ မျှော်လင့်ထားလဲ။

“အစ္စရေးစီးပွားရေး တစ်ခုလုံးကို ပိတ်ပစ်မယ်” ဟု ခြိမ်းခြောက်သည့် တစ်နိုင်ငံလုံး သပိတ်ပြုလုပ်ပြီး ဂါဇာရှိ ဟားမတ်စ်တို့ ဖမ်းဆီးထားသော ဓားစာခံများ ပြန်လွတ်လာရေး သေချာစေမည့် သဘောတူညီချက်ကို ရယူရန် ဝန်ကြီးချုပ် ဘင်ဂျမန်နေတင်ရာဟုအား ဖိအားပေးရန် လုပ်ဆောင်နေကြသည်။ ဂါဇာကမ်းမြောင်ဒေသအောက်ရှိ ဟားမတ်စ်ဥမင်လိုဏ်ခေါင်းများတွင် သုံ့ပန်းခြောက်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ နိုင်ငံ၏အကြီးဆုံး အလုပ်သမားသမဂ္ဂမှ Histadrut ဟုခေါ်သော သပိတ်ကို ခေါ်ဆိုခဲ့သည်။ သပိတ်မှောက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် စီစဉ်ထားသော ဆန္ဒပြပွဲများကို ဆန္ဒပြသူများက တဲလ်အဗစ်မြို့လယ်ရှိ အဓိကလမ်းများထဲမှ အချို့ကို ပိတ်ဆို့ထားသည်။

သပိတ်မှောက်မှုတွင် ပါဝင်နေသူများမှာ-

တဲလ်အဗစ်နှင့် ဟိုင်ဖာမြို့ အပါအဝင် ဒေသန္တရအုပ်ချုပ်ရေးနယ်ပယ်များက ဆန္ဒပြပွဲသို့ ပါဝင်မည်ဟု ပြောကြားခဲ့ကြောင်း Histadrut နှင့် အချို့မြို့များမှ ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါစာရင်းတွင် ဝန်ကြီးချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အခြားအရာများအပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအပေါ် သက်ရောက်မှုရှိသော အစိုးရဝန်ကြီးဌာနများစွာလည်း ပါဝင်သည်။ တဲလ်အဗစ်၏ ဘန်ဂူရင် (Ben Gurion) အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ထွက်ခွာမှုနှင့် ဆိုက်ရောက်မှုများကို နံနက် ၈ နာရီ (၁ နာရီ ET) မှ နှစ်နာရီကြာ ရပ်နားထားမည်ဖြစ်သည်။

ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဌာနများသည် ပိတ်ရက်အချိန်ဇယားနှင့် အရေးပေါ်အခြေခံတွင်သာ ဝန်ထမ်းထားမည်ဖြစ်ကြောင်း Histadrut အရ သိရသည်။ အစ္စရေး၏ ဆရာများသမဂ္ဂက သပိတ်တွင် ပါဝင်မည်မဟုတ်ကြောင်း ပြောကြားသော်လည်း ပညာရေးအဖွဲ့အစည်းများအပေါ် သက်ရောက်မှုရှိနိုင်သည့် ကျောင်းပံ့ပိုးမှုဝန်ထမ်းများက သပိတ်မှောက်မည်ဖြစ်သည်။ ဝန်ထမ်းမရှိလျှင် မူလတန်းနှင့် အလယ်တန်းကျောင်းများကို ဝန်ထမ်းမရှိပါက နံနက် ၁၁ နာရီ ၄၅ မိနစ်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သူငယ်တန်းများကို ဆက်လက်ပိတ်ထားမည်ဖြစ်သည်။ Histadrut ၏အဆိုအရ အစ္စရေး၏အကြီးမားဆုံးတက္ကသိုလ်များသည် ဟေဗြဲတက္ကသိုလ် ဂျေရုဆလင်နှင့် တဲလ်အဗစ်တက္ကသိုလ်တို့အပါအဝင် သပိတ်မှောက်မှုတွင် ပါဝင်မည်ဖြစ်သည်။

မီးသတ်နှင့် ကယ်ဆယ်ရေး ဝန်ဆောင်မှုများအပြင် အထူးပညာရေး အစီအစဉ်များသည် ပုံမှန်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Histadrut က ဆိုသည်။ သပိတ်တွင်ပါဝင်သည့် အလုပ်သမားများသည် အလုပ်ရှင်များမှ လစာမရနိုင်သည့် အန္တရာယ်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ နိုင်ငံတွင်း အခြေခံ အလုပ်သမား စည်းမျဉ်းများ အရ ပျက်ကွက်သူများနှင့် သပိတ်တွင် ပါဝင်သူများကို လုပ်ခလစာ ပေးမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘီဇယ်လယ် စမို့ထရစ်ချ် (Bezalel Smotrich) သည် ဆန္ဒပြမှုကို တားဆီးရန် နိုင်ငံ၏ရှေ့နေချုပ်အား အရေးတကြီး တားမြစ်မိန့်များတောင်းခံခဲ့သည်။ ယနေ့နံနက်တွင် ကြားနာစစ်ဆေးမည်ဖြစ်သည်။

Tel Aviv ၏ Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ယနေ့တွင် နိုင်ငံလုံးဆိုင်ရာ သပိတ်မှောက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နံနက် ၈ နာရီ (၁) နာရီမှ စတင်ထွက်ခွာမည့် လေယာဉ်ခရီးစဉ်များကို ရပ်နားထားမည်ဖြစ်ကြောင်း CNN သို့ အတည်ပြုပြောကြားခဲ့သည်။ “အစ္စရေးစီးပွားရေးတစ်ခုလုံးကို ပိတ်ပစ်ဖို့ ခြိမ်းခြောက်တဲ့ ဆန္ဒပြမှု”ကြီးကိုလုပ်ဆောင်ပြီး ဓားစာခံနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် အစိုးရကို တွန်းအားပေးသည့်အနေနှင့် နိုင်ငံ၏အကြီးဆုံး အလုပ်သမားသမဂ္ဂက တောင်းဆိုထားသည်။

ဂါဇာတွင် ဓားစာခံခြောက်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သီတင်းပတ်ကုန်က အလောင်းများ ပြန်လည်တွေ့ရှိခဲ့သည့်အပေါ် လူထုဆန္ဒပြပွဲများက ရောင်ပြန်ဟပ်နေသည်။ အစ္စရေး-အမေရိကန်နိုင်ငံသား Hersh Goldberg-Polin အပါအဝင် သေဆုံးသူ သုံးဦးကို နောက်ဆုံးအပစ်အခတ်ရပ်စဲရေးတွင် ပြန်လွှတ်ပေးရန် မျှော်လင့်ထားကြောင်း အစ္စရေးတာဝန်ရှိသူများက CNN သို့ ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 36 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 44 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 50 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 56 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်