နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ အခြေချပြီး ဂိုဏ်းဖွဲ့ လူကုန်ကူးသူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

နိုဝင်ဘာလ (၂)ရက်။

မန္တလေးမှာ အခြေချပြီး ထိုင်းနိုင်ငံကနေတဆင့် တရုတ်နိုင်ငံကို ဂိုဏ်းဖွဲ့ကာ လူကုန်းကူးတဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အောက်တိုဘာလ (၂၄)ရက်နေ့က မန္တလေးလေဆိပ်မှာ ထိုင်းနိုင်ငံကို MAI လေကြောင်းနဲ့ သွားရောက်မယ့် တရုတ်နိုင်ငံသားတစ်ဦးနဲ့ အမျိုးသမီးငယ် (၃)ဦးကို မသင်္ကာတာကြောင့် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအမျိုးသမီးငယ် (၃)ဦးဟာ Facebook နဲ့ TikTok အသုံးပြုဆက်သွယ်ပြီး တရုတ်မယားလုပ်ဖို့ စည်းရုံးခံရသူတွေဖြစ်ကာ သူတို့နဲ့အတူ စည်းရုံးခံထားရတဲ့ အမျိုးသမီးငယ် (၁၁)ဦးကို ပြည်ကြီးတံခွန်မှာ ထိန်းချုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။

စစ်ဆေးချက်တွေအရ ဂိုဏ်းဖွဲ့စည်းရုံးခဲ့တဲ့ ဒေါ်နန်းဆိုင်ခမ်း(ခ)မားမားကို ဖမ်းမိခဲ့ပြီး သူဟာ တဆင့်ခံပွဲစားတွေဖြစ်တဲ့ မေထက်နိုင်ဦး(ခ)မထက်၊ ချစ်ထူး၊ ဖြိုးဖြိုးဝေတို့နဲ့ we chat ကနေ ချိတ်ဆက်ပြီး လူကုန်ကူးတာလို့ ရေးသားထားပါတယ်။

နောက်ပြီး အလုပ်ရှာဖွေတဲ့ မိန်းကလေးတွေကို Facebook နဲ့ TikTok ကနေတဆင့် စည်းရုံးပြီး တရုတ်မယားပြုလုပ်ဖို့ကို အရင်က နယ်စပ်ဒေသကနေ ပို့ဆောင်ခဲ့ပေမယ့် အခုအခါမှာတော့ ထိုင်းကနေတဆင့် တရုတ်ကို ပို့ဆောင်နေတာလို့ ပြောဆိုထားပါတယ်။

ဂိုဏ်းဖွဲ့လူကုန်းကူးတဲ့သူ‌ (၈)ဦးရှိတဲ့အထဲ တရုတ်နိုင်ငံသား (၃)ဦးအပြင် ဒေါ်နန်းဆိုင်ခမ်း(ခ)မားမား၊ ချစ်ထူးနဲ့ မဖြိုးဖြိုးဝေတို့ကို ဖမ်းမိခဲ့ပြီး မေထက်နိုင်ဦး(ခ)မထက်နဲ့ ဇင်သူခိုင်တို့ဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိခဲ့သူတွေကို တံတားဦးလေဆိပ် နယ်မြေရဲစခန်းနဲ့ ပြည်ကြီးတံခွန်မြို့မရဲစခန်းတို့မှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 20 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 14 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 29 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစနဲ့ ပျူစောထီး ပူးပေါင်အင်အား (၁၀၀)ကျော်နဲ့ ကန့်ဘလူနယ်တောင်ခြမ်း
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 25 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ