နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကောလင်းမြို့ထဲ စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာနဲ့ပစ်ခတ်တာကြောင့် (၆) ဦးသေဆုံးကာ (၂) ဦးထက်မနည်းဒဏ်ရာရခဲ့

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃) ရက်၊ ခေတ်မျက်လုံး။

ဇန်နဝါရီလ (၂)ရက်နေ့က ကောလင်းမြို့ထဲကို စစ်ကောင်စီရဲ့ ဝန်းသိုမြို့အခြေစိုက် ခမရ (၁၂၀) တပ်ရင်းက ဟောင်ဝှစ်ဇာနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား (၆) ဦးသေဆုံးကာ (၂) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kawlin PDF ထံက သိရပါတယ်။

“ မနက် (၈)နာရီ (၄၈)မိနစ်ကစပြီး မနက် (၉)နာရီ (၂၃)မိနစ်အထိ ဝန်းသိုတပ်ရင်းကနေ ဟောင်ဝှစ်ဇာနဲ့ ကောလင်းမြို့ထဲကို (၈)ကြိမ်ပစ်ခတ်တာ၊ (၇)လုံးမြို့ထဲကျရောက်ပေါက်ကွဲခဲ့ပြီး တစ်လုံးမကွဲဘူး” လို့ Kawlin PDF က ဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီး ထိခိုက်မှု အများဆုံးနေရာဟာ ကောလင်းမြို့အရှေ့ဈေးဖြစ်ပြီး ဈေးသူဈေးသားအချို့ သေဆုံးခဲ့တယ်လို့ Kawlin Revolution-KR က ဖော်ပြထားပါတယ်။

သေဆုံးခဲ့သူတွေဟာ ဒေါ်မိုးမိုးဝင်း (၅၅) နှစ်၊ ဒေါ်စန်းစန်းဝင်း (၄၆) နှစ်၊ မအေးနှင်း (၄၁) နှစ်အပါအဝင် အမည်မသိ (၁၈) နှစ်ခန့် အမျိုးသမီးတစ်ဦး၊ (၄၀)နှစ်ခန့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဖြစ်ကာ ဒဏ်ရာရသူ (၂) ဦးမှာ ဦးစောရွှေ (၅၁) နှစ်နဲ့ ဒေါ်ခင်မြ (၄၀) နှစ်တို့ဖြစ်တယ်လို့ KR က ပြောဆိုထားပါတယ်။

ဒါ့ပြင် ဒီဇင်ဘာလ (၃၀)ရက်နေ့ ညပိုင်းကလည်း ဝန်းသိုစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ကောလင်းအရှေ့ခြမ်းရှိ တောင်မော်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ်တစ်လုံးမီးလောင်ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့သလို (၃)ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

တော်လှန်ရေးတပ်တွေက ကောလင်းမြို့ကို သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဝန်းသိုအခြေစိုက် ခမရ(၁၁၁)နဲ့ (၁၂၀)တို့ဟာ လက်နက်ခဲယမ်းနဲ့ လူအင်အား ပြန်လည်ဖြည့်တင်းကာ စစ်ကြောင်းထိုးလာတာတွေကြောင့် ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 20 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 14 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 29 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစနဲ့ ပျူစောထီး ပူးပေါင်အင်အား (၁၀၀)ကျော်နဲ့ ကန့်ဘလူနယ်တောင်ခြမ်း
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 25 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ