နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရဖွဲ့ခြင်းကို ICNCC က ကန့်ကွက်

ဖေဖော်ဝါရီလ (၃) ရက်။

ချင်းပြည်ကောင်စီ (Chinland Council) က ချင်းပြည်အစိုးရဖွဲ့စည်းလာခြင်းကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အသိအမှတ်မပြုဘဲ ကန့်ကွက်တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ (၃) ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ချင်းပြည်ကောင်စီက ချင်းပြည်အစိုးရကို ဝန်ကြီးဌာန (၁၄) ခုနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီဟာ တော်လှန်ရေး (၃)နှစ်တာအတွင်း ချင်းပြည်သူများကို စည်းစည်းလုံးလုံးနဲ့ ဦးဆောင်လာရာ ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ ပေါ်ပေါက်လာချိန်ကစပြီး ချင်းပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့အကြား မညီမညွှတ်မှုများ၊ စိတ်ဝမ်းကွဲမျုများ ချင်းလက်နက်ကိုင်အချင်းချင်းအကြား ပဋိပက္ခတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လာတဲ့အတွက် ICNCCအနေနဲ့ ဝမ်းနည်းရတယ်လို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်မှာ “ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ဟာ ချင်းအမျိုးသားညီညွတ်ရေးတည်ဆောက်နေတဲ့ကာလအတွင်း အလျင်စလို အစိုးရဖွဲ့ခြင်းမျိုး မလုပ်ရန် ပြည်တွင်းပြည်ပ ချင်းပြည်သူတွေနဲ့ ချင်းတော်လှန်ရေးအဖွဲ့များက အကြိမ်ကြိမ် သတိပေးအကြံပြုခဲ့ပေမယ့် ချင်းပြည်ကောင်စီက ဥပက္ခာပြုပြီး ချင်းပြည်အစိုးရဖွဲ့စည်းလိုက်တဲ့အတွက် ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေးကို လွန်စွာမှ အဟန့်အတား ဖြစ်စေပြီး ချင်းပြည်ကောင်စီက ချင်းပြည်အစိုးရဖွဲ့စည်းလာခြင်းကို ICNCC အနေနဲ့ လုံးဝကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်တယ်” လို့ ဖော်ပြထားပါတယ်။

အဲ့ဒီအပြင် ICNCC ဟာ တရားဝင်ချင်းပြည်နယ်ကိုယ်စားပြုဖက်ဒရယ် ယူနစ်အဖြစ် ရပ်တည်တဲ့ကောင်စီဖြစ်တဲ့အတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ICNCC ကသာ ချင်းပြည်အစိုးရကို ဖွဲ့စည်းပိုင်ခွင့်ရှိပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အခြားသော အဖွဲ့အစည်းများနဲ့လည်း တော်လှန်ရေး အောင်မြင်နိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမှာ အတူတကွ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

မြေပြင်မှာ အသက်ပေးပြီး တော်လှန်တိုက်ပွဲဝင်နေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ လက်ရှိအချိန်မှာ စစ်ကောင်စီကိုတောင် နိုင်အောင်မတိုက်ဘဲနဲ့ အခုလို နိုင်ငံရေးအဖွဲ့အစည်းတွေက အာဏာရဖို့ ဖျာခင်းတာတွေဟာ အသက်ပေးခဲ့ရတဲ့ လူငယ်တော်လှန်ရေးသမားတွေကို စော်ကားတာ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီအထိနာနေတဲ့ တိုက်ပွဲတခုအတွက် စားနပ်ရိက္ခာဖိုး မလုံလောက်လို့ လိုက်ပြီးအလှူခံနေရတယ်။ တိုက်ပွဲအတွင်းမှာလည်း ကိုယ့်ဘက်က ဆယ်ဦးအထက် ကျဆုံးနေတာကိုတောင် ဒီနိုင်ငံရေးအဖွဲ့အစည်းတွေက တချက်မှ မကူညီဘဲ အာဏာရဖို့ လုပ်နေတာ မရှက်ဘူးလားလို့ ချင်းတော်လှန်ရေးသမားတဦးက မေးခွန်းထုတ်ချင်တယ်လို့ ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

AA သင်ကြားပေးတဲ့ SRA စစ်ပညာသင်တန်း ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 19 Views
မတ်လ (၁၂)ရက်။ မတ်လ (၁)ရက်နေ့က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ပထမဆုံးအကြိမ် အခြေခံးစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ‌တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ဆီက ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
မတ်လ (၁၂)ရက်။ ညောင်လေးပင်ခရိုင်မှာ စစ်တပ်ဆီကနေ ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ် ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 28 Views
မတ်လ (၁၂)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေအကြား မွန်ပြည်တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်တရပ် ဖော်ထုတ်နိုင်ဖို့ မွန်တော်လှန်ရေးဖိုရမ်ကို မတ်လ (၉)ရက်ကနေ (၁၁)ရက်အထိ ပြုလုပ်ခဲ့တာပါ။
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
လုပ်ပိုင်ခွင့်အာဏာခွဲဝေတာတွေအပေါ် သဘောတူညီခဲ့တယ်လို့ဆို မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့က NUG အဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနှစ်ဖက်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of Competency)နဲ့စပ်လျဉ်းပြီး
မြန်မာသတင်း

ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 26 Views
မတ်လ (၁၂)ရက်။ မနေ့က ညနေ (၄)နာရီအချိန်က ကစယ်ဒိုမြို့ရှိ စစ်တပ်ရဲ့ ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ထားဝယ်-မြိတ် အမှတ်(၂)လမ်း မင်းဒပ်ရွာထဲမှာ နှစ်ပေါင်း
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်အောင် အစွမ်းကုန်ဆောင်ရွက်မယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 31 Views
မတ်လ (၁၁)ရက်။ ယင်းမာပင်ခရိုင် အမှတ်(၂၀)တပ်ရင်းမှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်အောင် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ လဝကဝန်ကြီးဌာနတို့
မြန်မာသတင်း

လယ်မူလားမြို့မှာ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရပြီး ကျောင်းသားတွေအပါအဝင် (၁၁)ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 37 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့က လယ်မူလားမြို့ တဖီလေးခိုရွာ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုရားကျောင်းမှာ ရက်တိုသင်တန်း
မြန်မာသတင်း

အမ်းမြို့ရှိ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး (၁၁၆)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 37 Views
မတ်လ (၁၁)ရက်။ မတ်လ (၈)ရက်နေ့က အမ်းမြို့ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထာချက်အရ သိရပါတယ်။ “ စစ်သုံ့ပန်းတွေထာတဲ့ အကျဉ်းစခန်းကို စစ်တပ်က လေကြောင်းကနေ (၃)နာရီခွဲကျော်လောက်