နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရဖွဲ့ခြင်းကို ICNCC က ကန့်ကွက်

ဖေဖော်ဝါရီလ (၃) ရက်။

ချင်းပြည်ကောင်စီ (Chinland Council) က ချင်းပြည်အစိုးရဖွဲ့စည်းလာခြင်းကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အသိအမှတ်မပြုဘဲ ကန့်ကွက်တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ (၃) ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ချင်းပြည်ကောင်စီက ချင်းပြည်အစိုးရကို ဝန်ကြီးဌာန (၁၄) ခုနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီဟာ တော်လှန်ရေး (၃)နှစ်တာအတွင်း ချင်းပြည်သူများကို စည်းစည်းလုံးလုံးနဲ့ ဦးဆောင်လာရာ ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ ပေါ်ပေါက်လာချိန်ကစပြီး ချင်းပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့အကြား မညီမညွှတ်မှုများ၊ စိတ်ဝမ်းကွဲမျုများ ချင်းလက်နက်ကိုင်အချင်းချင်းအကြား ပဋိပက္ခတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လာတဲ့အတွက် ICNCCအနေနဲ့ ဝမ်းနည်းရတယ်လို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်မှာ “ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ဟာ ချင်းအမျိုးသားညီညွတ်ရေးတည်ဆောက်နေတဲ့ကာလအတွင်း အလျင်စလို အစိုးရဖွဲ့ခြင်းမျိုး မလုပ်ရန် ပြည်တွင်းပြည်ပ ချင်းပြည်သူတွေနဲ့ ချင်းတော်လှန်ရေးအဖွဲ့များက အကြိမ်ကြိမ် သတိပေးအကြံပြုခဲ့ပေမယ့် ချင်းပြည်ကောင်စီက ဥပက္ခာပြုပြီး ချင်းပြည်အစိုးရဖွဲ့စည်းလိုက်တဲ့အတွက် ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေးကို လွန်စွာမှ အဟန့်အတား ဖြစ်စေပြီး ချင်းပြည်ကောင်စီက ချင်းပြည်အစိုးရဖွဲ့စည်းလာခြင်းကို ICNCC အနေနဲ့ လုံးဝကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်တယ်” လို့ ဖော်ပြထားပါတယ်။

အဲ့ဒီအပြင် ICNCC ဟာ တရားဝင်ချင်းပြည်နယ်ကိုယ်စားပြုဖက်ဒရယ် ယူနစ်အဖြစ် ရပ်တည်တဲ့ကောင်စီဖြစ်တဲ့အတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ICNCC ကသာ ချင်းပြည်အစိုးရကို ဖွဲ့စည်းပိုင်ခွင့်ရှိပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အခြားသော အဖွဲ့အစည်းများနဲ့လည်း တော်လှန်ရေး အောင်မြင်နိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမှာ အတူတကွ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

မြေပြင်မှာ အသက်ပေးပြီး တော်လှန်တိုက်ပွဲဝင်နေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ လက်ရှိအချိန်မှာ စစ်ကောင်စီကိုတောင် နိုင်အောင်မတိုက်ဘဲနဲ့ အခုလို နိုင်ငံရေးအဖွဲ့အစည်းတွေက အာဏာရဖို့ ဖျာခင်းတာတွေဟာ အသက်ပေးခဲ့ရတဲ့ လူငယ်တော်လှန်ရေးသမားတွေကို စော်ကားတာ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီအထိနာနေတဲ့ တိုက်ပွဲတခုအတွက် စားနပ်ရိက္ခာဖိုး မလုံလောက်လို့ လိုက်ပြီးအလှူခံနေရတယ်။ တိုက်ပွဲအတွင်းမှာလည်း ကိုယ့်ဘက်က ဆယ်ဦးအထက် ကျဆုံးနေတာကိုတောင် ဒီနိုင်ငံရေးအဖွဲ့အစည်းတွေက တချက်မှ မကူညီဘဲ အာဏာရဖို့ လုပ်နေတာ မရှက်ဘူးလားလို့ ချင်းတော်လှန်ရေးသမားတဦးက မေးခွန်းထုတ်ချင်တယ်လို့ ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက ဗုံးအလုံး(၄၀)ခန့် ကြဲချတိုက်ခိုက်၊ ‌ဒေသခံတစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 2 Views
ဒီဇင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၃)နာရီဝန်းကျင်ခန့်က ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ (၄၀)နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့
မြန်မာသတင်း

ရေးမြို့ အမှတ်(၈)လမ်းမကြီးမှာ စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 2 Views
ဒီဇင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၁၄)မိနစ်အချိန်က ရေးမြို့ အမှတ်(၈)လမ်းမကြီးပေါ်မှာ စစ်ကောင်စီကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးရဲ့ ပြောဆိုထားချက်‌အရ
မြန်မာသတင်း

ဧည့်တွေ့ခွင့်ပိတ်ထားတဲ့ ရွှေဘိုထောင်မှာ မိနစ်(၃၀)ကို (၃)သိန်းကျပ်ပေးမှ ဧည့်တွေ့ခွင့်ရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 2 Views
ဒီဇင်ဘာလ (၃)ရက်။ ရွှေဘိုအကျဉ်းထောင်မှာ မိနစ်(၃၀)ကို ငွေကျပ် (၃)သိန်းခန့်ပေးနိုင်တဲ့သူတွေဟာ ဧည့်တွေ့ခွင့်ရနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်‌ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွှေဘိုထောင်မှာ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေရဲ့ ‌ဧည့်တွေ့ခွင့်ကို လုံခြုံရေးအကြောင်းပြပြီး အခုနှစ် ဇွန်လပိုင်းကစတင်ကာ ပိတ်ပင်ထားပြီး
မြန်မာသတင်း

နေပြည်တော်မှာ ယာဉ်တိုက်မှုဖြစ်ပြီး စစ်ကောင်စီဒုရဲအုပ်တစ်ဦးသေဆုံးကာ ရဲ (၁၇)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 6 Views
ဒီဇင်ဘာလ (၃)ရက်။ မနေ့က ည(၇)နာရီအချိန် နေပြည်တော်မှာ စစ်ကောင်စီရဲ‌တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားတစ်စီးနဲ့ အရပ်သားကားတစ်စီးတို့ တိုက်မိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ Foton အပြာရောင်ကားဟာ ရွှေပြည်တော်ဝင်လမ်းအတိုင်း မောင်းနှင်လာချိန် သဇင်လမ်းဘက်ကနေ အမျိုးသမီးတစ်ဦးမောင်းနှင်လာတဲ့
မြန်မာသတင်း

မော်လမြိုင်ကျွန်းမြို့မှာ ဧည့်စာရင်းအကြောင်းပြပြီး NLD လူငယ် (၄)ဦးကို စစ်ကောင်စီဖမ်းဆီး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 6 Views
ဒီဇင်ဘာလ (၃)ရက်။ ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့မှာ ဧည့်စာရင်းအကြောင်းပြပြီး NLD တက်ကြွလှုပ်ရှားလူငယ် (၄)ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဖမ်းတာက နိုဝင်ဘာ (၁၂)ရက်နေ့ ညပိုင်းလောက် ရပ်ကွက်တွေထဲကို
မြန်မာသတင်း

ထိုင်းငါးဖမ်းစက်လှေတွေ နိုင်ငံပိုင်နက်ထဲ ဝင်လာတာကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ပစ်ခတ်ဖမ်းဆီးတာလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 6 Views
ဒီဇင်ဘာလ (၃)ရက်။ ထိုင်းငါးဖမ်းစက်လှေဟာ နိုင်ငံရေပိုင်နက်ထဲ ဝင်ရောက်လာတာကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ မနေ့က ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ ထိုင်းငါးဖမ်းစက်လှေတွေကို ထိုင်းနိုင်ငံရေပြင်ထဲ ဝင်ရောက်ပြီး ဖမ်းဆီးခဲ့တာမဟုတ်ပါဘူး၊ မြန်မာနိုင်ငံ ရေပိုင်နက်ထဲ
မြန်မာသတင်း

အင်းစိန်ထောင်ထဲ သေဒဏ်ကျခံနေရတဲ့ CDM တပ်သားတစ်ဦး ကျဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 3 Views
ဒီဇင်ဘာလ (၂)ရက်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်က အင်းစိန်ထောင်ထဲ သေဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦး ကျဆုံးခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူဟာ အင်းစိန်ထောင်ကို ရောက်ရှိပြီးနောက် ကျောက်ကပ်ရောဂါနဲ့
1027 Operations မြန်မာသတင်း

တအာင်းဒေသထဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ (၃၈)ဦးသေဆုံးပြီး (၇၀)ဦး ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 6 Views
ဒီဇင်ဘာလ (၂)ရက်။ နိုဝင်ဘာလထဲ တအာင်းဒေသကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ (၃၈)ဦးသေဆုံးခဲ့ပြီး (၇၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တအာင်းဒေသက TNLA ထိန်းချုပ်ထားတဲ့