နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

လွယ်ဂျယ်မြို့ကို KIA ဆက်လက်ပိတ်ဆို့ထား၊ ရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်တွေ ရဲစခန်းကို စွန့်ခွာထွက်ပြေးပြီး မြို့တွင်းရှိ စစ်တပ်နှင့်ပူးပေါင်း

ဧပြီလ (၃) ရက်။

တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်မြို့ ရဲစခန်းက စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ဧပြီလ (၁) ရက်နေ့ ညနေ ၅ နာရီလောက်က ထွက်ပြေးသွားတဲ့အတွက် ဧပြီ (၂) ရက်နေ့ မနက် ၇ နာရီခန့်မှာ KIA က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေဟာ မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းသွားတာဖြစ်ပြီး မြို့အတွင်း တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကိုတော့ ဗန်းမော်ကို ပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။ လွယ်ဂျယ်မြို့အတွင်း စစ်ကောင်စီလက်အောက်မှာ လည်ပတ်နေတဲ့ အုပ်ချုပ်ရေးယန္တရားအားလုံးလည်း ရပ်တန့်သွားပြီလို့ သိရပါတယ်။

စစ်သားတွေကတော့ ထွက်မပြေးသေးဘဲ အခုထိ မြို့ထဲမှာ ရှိနေသေးပြီး ရဲစခန်းကိုတော့ KIA တပ်ဖွဲ့တွေ ဝင်ရောက်နေပြီလို့ သိရပါတယ်။

လွယ်ဂျယ်မြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားဆဲဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက်ခြင်းမရှိသေးဘူးလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်က တရုတ်-မြန်မာ နယ်စပ်နားမှာ စခန်းထိုင်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကုန်စစ်တပ်ထဲမှာပဲ အရပ်ဝတ်နဲ့ နေထိုင်နေကြီပြီး သေနတ်လည်း မကိုင်ထားကြတော့ဘူးလို့ ဆိုပါတယ်။

မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလဆန်း ၁ ရက်နေ့အထိ လွယ်ဂျယ်ဒေသခံအားလုံးကို KIA က မြို့တွင်းကနေ တိမ်းရှောင်ကြဖို့ ပြောဆိုထားတဲ့အတွက် လွယ်ဂျယ်ဒေသခံအများစုက တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်ကြတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

KIA က လွယ်ဂျယ်မြို့ကို သိမ်းပိုက်ဖို့ ကြိုစားနေပေမယ့် တစ်ဖက်မှာတရုတ်အစိုးရက နယ်စပ်တစ်လျှောက်ပစ်ခတ်တာတွေ မလုပ်ဖို့ ဖိအားပေး ပြောဆိုထားတာကြောင့် ဧပြီလ ၂ ရက်နေ့အထိ လွယ်ဂျယ်မြို့ကို KIA က အပြီးသတ်သိမ်းပိုက်ခြင်း မရှိသေးတဲ့ အခြေအနေမှာဖြစ်နေတယ်လို့ သိရပါတယ်။

လွယ်ဂျယ်မြို့မှာ သေနတ်သံ မထွက်ဖို့ ဒီရက်ပိုင်းအတွင်းမှာပဲ တရုတ်နဲ့ KIO/KIA အဖွဲ့တွေနဲ့ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့တယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

KIO သတင်းနှင့်ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူကတော့ ဧပြီလ (၂) ရက်နေ့ ညနေပိုင်းထိ “ဘာမှ ထူးခြားတာမရှိသေးဘူး” လို့ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 11 Views
မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့ ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီ (၅၄)မိနစ်အချိန်က
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 10 Views
ဇန်နဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ဂန့်ဂေါမြိုရှိ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ရဲ့ ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို ယောအလင်းတန်းရဲ့
မြန်မာသတင်း

လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေက အကြမ်းဖက်စနစ်ဆိုပြီး အာဏာလုမင်းအောင်လှိင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 8 Views
ဇန်နဝါရီလ (၁၀)ရက်။ တိုင်းရင်းသားဒေသတွေက လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေဟာ အကြမ်းဖက်စနစ်ဆိုပြီး အာဏာလု မင်းအောင်လှိင်က ကချင်ပြည်နယ်နေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို သိရပါတယ်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာတာကြောင့်ဆိုပြီး နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ လုယူထားတဲ့ စစ်ခေါင်းဆောင်
မြန်မာသတင်း

ICJ မှာ အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 17 Views
ဇန်နဝါရီလ (၁၀)ရက်။ ICJ မှာ ကြားနာမယ့် မြန်မာအပေါ် တရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နိုင်ငံတကာတရားရုံး(ICJ)က ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအမှုဆိုင်ရာ လုပ်ငန်းစဉ်ရဲ့
မြန်မာသတင်း

မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၂၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 17 Views
ဇန်နဝါရီလ (၉)ရက်။ ဇန်နဝါရီလ (၇)ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ရဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ACDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းလှမြို့
မြန်မာသတင်း

တောကျွဲအင်းမြို့ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 16 Views
ဇန်နဝါရီလ (၉)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တောင်းမြစ်ဝှမ်းဒေသ အောင်‌မြင်စစ်ဆင်ရေးအနေနဲ့ တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အအုံတွေ၊ ရွေး/ကော်ရုံးနဲ့ နယ်မြေရဲစခန်းတို့ကို
မြန်မာသတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနက BNRA ကို တိုက်ခိုက်ဖို့ဆိုပြီး လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားပြင်ဆင်နေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 32 Views
ဇန်နဝါရီလ (၉)ရက်။ အခုရက်ပိုင်းထဲ NUG ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်ဆင့် လျှို့ဝှက်ညွှန်ကြားကာ BNRA ကို တိုက်ခိုက်ဖို့ အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားတွေ ပြင်ဆင်စုစည်းနေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို ခရိုင်ကွပ်ကဲရေးတာဝန်ခံ စွမ်းသူမောင်နဲ့ ပုလဲမြို့နယ်
မြန်မာသတင်း

ကော်သူးလေအစိုးရနဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 37 Views
ဇန်နဝါရီလ (၉)ရက်။ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ ကော်သူးလေအစိုးရ(G.O.K)ဖွဲ့စည်းတာနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စောနယ်ဒါးမြဟာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရသလို KNU က ချမှတ်ထားတဲ့