နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

လွယ်ဂျယ်မြို့ကို KIA ဆက်လက်ပိတ်ဆို့ထား၊ ရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်တွေ ရဲစခန်းကို စွန့်ခွာထွက်ပြေးပြီး မြို့တွင်းရှိ စစ်တပ်နှင့်ပူးပေါင်း

ဧပြီလ (၃) ရက်။

တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်မြို့ ရဲစခန်းက စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ဧပြီလ (၁) ရက်နေ့ ညနေ ၅ နာရီလောက်က ထွက်ပြေးသွားတဲ့အတွက် ဧပြီ (၂) ရက်နေ့ မနက် ၇ နာရီခန့်မှာ KIA က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေဟာ မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းသွားတာဖြစ်ပြီး မြို့အတွင်း တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကိုတော့ ဗန်းမော်ကို ပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။ လွယ်ဂျယ်မြို့အတွင်း စစ်ကောင်စီလက်အောက်မှာ လည်ပတ်နေတဲ့ အုပ်ချုပ်ရေးယန္တရားအားလုံးလည်း ရပ်တန့်သွားပြီလို့ သိရပါတယ်။

စစ်သားတွေကတော့ ထွက်မပြေးသေးဘဲ အခုထိ မြို့ထဲမှာ ရှိနေသေးပြီး ရဲစခန်းကိုတော့ KIA တပ်ဖွဲ့တွေ ဝင်ရောက်နေပြီလို့ သိရပါတယ်။

လွယ်ဂျယ်မြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားဆဲဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက်ခြင်းမရှိသေးဘူးလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်က တရုတ်-မြန်မာ နယ်စပ်နားမှာ စခန်းထိုင်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကုန်စစ်တပ်ထဲမှာပဲ အရပ်ဝတ်နဲ့ နေထိုင်နေကြီပြီး သေနတ်လည်း မကိုင်ထားကြတော့ဘူးလို့ ဆိုပါတယ်။

မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလဆန်း ၁ ရက်နေ့အထိ လွယ်ဂျယ်ဒေသခံအားလုံးကို KIA က မြို့တွင်းကနေ တိမ်းရှောင်ကြဖို့ ပြောဆိုထားတဲ့အတွက် လွယ်ဂျယ်ဒေသခံအများစုက တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်ကြတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

KIA က လွယ်ဂျယ်မြို့ကို သိမ်းပိုက်ဖို့ ကြိုစားနေပေမယ့် တစ်ဖက်မှာတရုတ်အစိုးရက နယ်စပ်တစ်လျှောက်ပစ်ခတ်တာတွေ မလုပ်ဖို့ ဖိအားပေး ပြောဆိုထားတာကြောင့် ဧပြီလ ၂ ရက်နေ့အထိ လွယ်ဂျယ်မြို့ကို KIA က အပြီးသတ်သိမ်းပိုက်ခြင်း မရှိသေးတဲ့ အခြေအနေမှာဖြစ်နေတယ်လို့ သိရပါတယ်။

လွယ်ဂျယ်မြို့မှာ သေနတ်သံ မထွက်ဖို့ ဒီရက်ပိုင်းအတွင်းမှာပဲ တရုတ်နဲ့ KIO/KIA အဖွဲ့တွေနဲ့ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့တယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

KIO သတင်းနှင့်ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူကတော့ ဧပြီလ (၂) ရက်နေ့ ညနေပိုင်းထိ “ဘာမှ ထူးခြားတာမရှိသေးဘူး” လို့ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“နျူဂျီဦးဆောင်တဲ့တော်လှန်ရေးမအောင်မြင်နိုင်တဲ့အကြောင်းရင်းများ”

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 22 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၆) ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးသုံးသပ်ချက်များတနင်္ဂနွေနေ့အစီအစဥ်ကို တင်ပြကြမှာဖြစ်ပါတယ်၊ ဒီအပတ်အထူးအစီအစဥ်အနေနဲ့ တင်ပြမှာကြတော့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းလို့ခံယူထားတဲ့ နျူဂျီအနေနဲ့ တော်လှန်ရေး အောင်မြင်ရေးအတွက် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အပေါ်မှာ
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသစစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၁၂)ဦးသေဆုံးတယ်လို MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ အခု (၂)လတာကာလထဲ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးမှာ တိုက်ပွဲပေါင်း (၁၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို MOD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

CDM ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စွပ်စွဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ အာဏာသိမ်းတာကြောင့် CDM လုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ရပ်စောက်မြို့တွေ့ဆုံပွဲမှာ စွပ်စွဲပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က နိုင်ငံ့အာဏာကို အတင်းအဓမ္မ သိမ်းယူဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 29 Views
အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က အထက်မင်းလှမြို့ရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NUG နဲ့ SRA တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 31 Views
နှစ်ဖက်အပြန်အလှန် အသိအမှတ်ပြုနိုင်ဖို့ သဘောတူခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နေ့လယ် (၂)နာရီအချိန်က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီနဲ့ NUG တို့ Zoom Platform ကတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ဖေဖော်ဝါရီလ (၂၂)ရက်နေ့က တော်လှန်ရေးဦးဆောင်မှု ခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးနိုင်ဖို့ NUG နဲ့ NUCC တို့ တတိယအကြိမ် ‌အဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို NUG နဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့အနီးရှိ ကံတလူတိုးဂိတ် ဒရုန်းနဲ့ ထပ်မံဗုံးချတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 39 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်က စစ်ကိုင်းမြို့အနီး စစ်တပ်က လုံခြုံရေးယူပေးနေတဲ့ ကံတလူးတိုးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ “ ပြီးခဲ့တဲ့လတုန်းကလဲ အဲ့ဒီကံတလူတိုးဂိတ်ကို ပြောက်ကျားတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အခုလဲ စကမလုံခြုံရေးယူနေတဲ့ကြားက
မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 44 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လေကြောင်းတိုက်ခိုက်ခံရတာက အခုလ(၁)ရက်နဲ့ (၂)ရက်နေ့မှာပါ၊ တိုက်ခိုက်ခံရတာက ယင်းမာပင်ခရိုင် ဗျူဟာ အမှတ်(၄၇)တပ်စခန်းပါ၊