မေလ (၃)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကျောင်းတစ်ကျောင်းမှာ “ တော်လှန်ရေးက မပြီးသေးဘူးနော်” စာတန်း ချိတ်ဆွဲခဲ့တယ်လို့ သိရပါတယ်။
အခုလို “ တော်လှန်ရေးက မပြီးသေးဘူးနော်” စာတန်းချိတ်ဆွဲတာကို တော်လှန်လူငယ်တွေက ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။
စာတန်းချိတ်ဆွဲတာက ပြည်သူတွေအချင်းချင်း သွေးမကွဲဘဲ စည်းလုံးညီညွတ်စေဖို့နဲ့ တော်လှန်ရေးမပြီးသေးချိန် နေရာလိုချင်သူတွေအတွက် ရည်ရွယ်တာလို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် လူထုလွတ်မြောက်ဖို့အတွက် တော်လှန်ရေးကို အားကုန်ထည့်ပြီး ကြိုးစားကြဖို့နဲ့ အဖိနှိပ်ခံ ပြည်သူကိုသာ မျက်နှာမူပေးကြဖို့ တိုက်တွန်းတာဖြစ်တယ်လို့ သိရပါတယ်။