မေလ (၃)ရက်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မိသားစုနေအိမ်သို့ အမြန်ဆုံးပြန်လည်ရောက်ရှိဖို့ အထူးမျှော်လင့်နေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)က ဒီကနေ့မှာ တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
KBC အကြံပေး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ နှစ်ဆန်းတစ်ရက်နေ့က လွတ်ငြိမ်းခွင့်မှာ ပါဝင်လာခဲ့ပေမယ့် အဲ့ဒီနေ့ ည(၉)နာရီခွဲမှာ ပြန်လည်ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
အခုအခါ စစ်ကောင်စီက ပြန်ခေါ်သွားခဲ့တဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဒီကနေ့အချိန်အထိ ပြန်လွှတ်ပေးတာမရှိသေးတဲ့အတွက် အထူးပင် စိုးရိမ်ပူပန်နေကြတယ်လို့ ဖော်ပြထားပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ အသက်အရွယ်ရလာတာနဲ့အမျှ ကျန်းမာရေးအားနည်းတာကြောင့် ဆေးဝါးကုသမှုခံယူဖို့ လိုအပ်နေသူဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွမ် ပြန်လည်လွတ်မြောက်ဖို့အတွက် KBC အနေနဲ့ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်နေပြီး ကချင်ငြိမ်းချမ်းရေးအဖွဲ့(PCG)ကလဲ စစ်ကောင်စီနဲ့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။