နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 24 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရေကျော်စခန်းကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းပိုက်ရှင်းလင်းခဲ့

စက်တင်ဘာလ (၃)ရက်။

သြဂုတ်လ (၈)ရက်နေ့က ဘောလခဲမြို့နဲ့ မယ်စလင်းတောင်ကြားရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရေကျော်စခန်းကို KA၊ KNDF နဲ့ KNPLF ပူးပေါင်းတပ်တွေက သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့၀င်အချို့ဟာ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ပြီး စစ်ကောင်စီရဲ့ ရုပ်အလောင်း (၆)လောင်းနဲ့အတူ လက်နက်ငယ် (၇)လက်၊ ၉မမ ပစ္စတိုတစ်လက်၊ ငါးကြင်းမြီးတစ်လက်၊ ၈၁မမ ပြောင်း (၁)ပြောင်းနဲ့ ခဲယမ်းအသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဘောလခဲနဲ့ ရွာသစ်ကြားရှိ ၀မ်မလန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖားဆောင်းမြို့ရှိ စစ်ကောင်စီရဲ့ တပ်ရင်း (၂)ရင်းနဲ့ ကာကင်းစခန်းတွေကိုလဲ အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဩဂုတ်လ (၁)ရက်နေ့ကစပြီး လွိုင်ကော်-ဒီမော့ဆိုလမ်းတလျှောက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ပန်ကန်း၊ ဒေါပိုးစီနဲ့ (၆)မိုင်စံပြကျေးရွာတွေမှာ တလတာလုံး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် အဲ့ဒီတိုက်ပွဲတွေမှာလဲ စစ်ကောင်စီဘက်က ထိခိုက်တာများပြားခဲ့ပြီး ခဲယမ်းမီးကျောက်တွေ၊ ကျန်းမာရေးပစ္စည်းတွေနဲ့ အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့ကာ ဒီကနေ့အချိန်အထိ တိုက်ပွဲဖြစ်ပွား‌နေတယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ လွိုင်ကော်-ဒီမော့ဆိုလမ်းတလျှောက် စစ်ကြောင်းထိုးလှုပ်ရှားတဲ့ ပန်ကန်း၊ ဒေါပိုးစီနဲ့ (၆)မိုင်စံပြကျေးရွာက အရပ်သားပြည်သူတွေရဲ့ နေအိမ် (၄၀)ကျော်ကို မီးရှို့ခဲ့သေးတယ်လို့ သိရပါတယ်။

အခုလို မြေပြင်စစ်ရေးအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ လွိုင်ကော်-ဒီမော့ဆိုလမ်းမကြီးအပါအ၀င် အဲ့ဒီလမ်းမနဲ့ဆက်စပ်နေတဲ့ လမ်းသွယ်တွေကို အသုံးပြုသွားလာတာ မပြုလုပ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

နောက်ပြီး ဖရူဆိုနဲ့ ဒီမော့ဆိုမြို့တို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဩဂုတ်လနောက်ဆုံးအပတ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေကြောင့် နေအိမ် (၃)လုံးပျက်စီးကာ ကလေးတစ်ဦး ထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့က အဓိကဆွေးနွေးဖက်မိတ်ဖက်အနေနဲ့ ဆက်လက်အသိအမှတ်ပြု

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 22 Views
အောက်တိုဘာလ (၂၃)ရက်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကို နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ရဲ့ အဓိကဆွေးနွေးဖက်မိတ်ဖက်အနေနဲ့ ဆက်လက်အသိအမှတ်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို CRPH ကို ဆက်လက်အသိအမှတ်ပြုတာဟာ
မြန်မာသတင်း

ဘားအံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး (၁၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 33 Views
အောက်တိုဘာလ (၂၃)ရက်။ အောက်တိုဘာလ (၂၀)ရက်နေ့ ညနေ (၅)နာရီ (၄၀)မိနစ်အချိန်က ဘားအံမြို့ရှိ ဖားဘော်ရွာလေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

ရွေးကောက်ပွဲကာလ လုံခြုံရေးတိုးမြှင့်ဖို့ စစ်ကော်မရှင်ဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 21 Views
အောက်တိုဘာလ (၂၃)ရက်။ ရွေးကောက်ပွဲကာလ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ဖို့ဆိုပြီး စစ်ကော်မရှင်ခန့်ဝန်ကြီးချုပ် ညိုစောက မနေ့က အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးထဲ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့အညီ ဆောင်ရွက်ဖို့ သူက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ပြီး ဖမ်းဆီးသတ်ဖြတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 20 Views
အောက်တိုဘာလ (၂၃)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၄၀)မိနစ်အချိန်က မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီခရီးသည်တင်ကားဟာ ရသေ့တောင်မြို့ စေတီပြင်ရွာကနေ ဆန်၊ ဆီ၊ ဆားနဲ့
မြန်မာသတင်း

စစ်အုပ်စုက နျူကလီးယားလက်နက်ပိုင်တဲ့ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 46 Views
အောက်တိုဘာလ (၂၂)ရက်။ စစ်အုပ်စုက နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံနဲ့ ပူးပေါင်းကာ “ နျူကလီးယားစွမ်းအင်အစီအစဉ်” ဆိုပြီး လုပ်ဆောင်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က ကုလညီလာခံမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုဖို့ဆိုတဲ့ အယူအဆက
မြန်မာသတင်း

လှိုင်သာယာရှိ သောင်ကြီးရဲစခန်း လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 32 Views
အောက်တိုဘာလ (၂၂)ရက်။ မနေ့က ည (၉)နာရီ (၄၈)မိနစ်အချိန်က လှိုင်သာယာမြို့အနောက်ပိုင်း စစ်တပ်ရဲ့ သောင်ကြီးရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လှိုင်သာယာအနောက်ပိုင်း အနော်ရထာလမ်းမပေါ်က စကစရဲ့
မြန်မာသတင်း

စစ်တောင်းမြစ်အရှေ့ဘက် ရွာသစ်ရွာရှိ စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 30 Views
တိုက်ပွဲထဲ စစ်တပ်ဘက်က ဒုဗိုလ်မှူးကြီးအပါ (၁၅)ဦးသေဆုံးခဲ့ အောက်တိုဘာလ (၂၂)ရက်။ အောက်တိုဘာလ (၂၀)ရက်နေ့က စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွာသစ်ရွာရှိ စစ်တပ်ရဲ့ အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ နေပြည်တော်-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွာသစ်ရွာမှာ
မြန်မာသတင်း

မိုးကုတ်မြို့ရှိ ဖူဆယ်ကွင်း လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်(၃)ဦးသေဆုံးကာ (၁၂)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 26 Views
အောက်တိုဘာလ (၂၂)ရက်။ မနေ့က နေ့လယ် (၃)နာရီဝန်းကျင်က မိုးကုတ်မြို့ ကန့်တောရပ်ကွက်ရှိ ကန်သုံးလုံးဖူဆယ်ကွင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်က ဖူဆယ်ကွင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က