နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

၀မ္မသူးဆေးရုံ ပြန်လည်ပတ်နိုင်ဖို့အတွက် အလှူငွေ ကျပ်သိန်း (၅၀၀) ရရှိထား

မေလ (၄)ရက်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပျက်စီးခဲ့ရတဲ့ ၀မ္မသူးဆေးရုံက ဆေးအဖွဲ့ ပြန်လည်ပတ်နိုင်ဖို့ မေလ (၃)ရက်အထိ အလှူငွေကျပ်သိန်း (၅၀၀) ရရှိထားတယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

ဗုံးကြဲဖျက်ဆီးခံရတဲ့ ၀မ္မသူးဆေးရုံမှာ ဆေးအဖွဲ့ ပြန်လည်ပတ်နိုင်ဖို့ ဧပြီလ (၂၇)ရက်ကစပြီး အလှူခံကြရာ ပါ၀င်လှူဒါန်းကြတဲ့ မိဘပြည်သူ တော်လှန်ရေးညီအကိုမောင်နှမတွေကို ကျေးဇူးတင် အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

၀မ္မသူးဆေးအဖွဲ့ ပြန်လည်ပတ်နိုင်ဖို့အတွက် အလှူငွေကို မေလ (၅)ရက်နေ့အထိသာ လက်ခံမှာဖြစ်ပြီး ရရှိတဲ့အလှူငွေတွေကို ၀မ္မသူးဆေးအဖွဲ့ထံ အပ်နှံသွားမယ်လို့ ဖော်ပြထားပါတယ်။

ရရှိတဲ့အလှူငွေတွေနဲ့ ၀မ္မသူးဆေးအဖွဲ့က အခုအချိန် အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါး၊ ရိက္ခာ၊ အသုံးအဆောင်ပစ္စည်း စတာတွေကို ဆုံးဖြတ်၀ယ်ယူသွားမှာဖြစ်ပြီး ဆက်လက်ပါ၀င်လှူဒါန်းကြဖို့နဲ့ SDB အကောင့်၊ NUG Pay ကနေ လှူဒါန်းနိုင်တယ်လို့ ရေးသားထားပါတယ်။

ပါ၀င်လှူဒါန်းသူအားလုံးကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာ ထုတ်ပေးနေကာ ဆေးရုံ ပြန်လည်တည်ထောင်နိုင်ဖို့အတွက် ငွေကျပ်သိန်း (၁၅၀၀) အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ (edited)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်သာမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 1 Views
မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တောင်သာမြို့ အေးကျင်းရွာကို စစ်ကောင်စီက လေ‌ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့
မြန်မာသတင်း

ဒီမော့ဆိုမြို့ရှိ စစ်ရှောင်စခန်းတခုကို စစ်ကောင်စီက ဗုံး(၁၅)လုံးထက်မနည်း ကြဲချခဲ့

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 1 Views
မတ်လ (၁၂)ရက်။ မနေ့က ည (၇)နာရီကျော်အချိန် ဒီမော့ဆိုမြို့နယ်ထဲရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၅)လုံးထက်မနည်း ကြဲချခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီကို ILO မှာ ပုဒ်မ(၃၃)နဲ့ အရေးယူဖို့ ရန်ကုန်ရှိ စက်မှုဇုန်တွေမှာ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 3 Views
မတ်လ (၁၂)ရက်။ စစ်ကောင်စီကို ILO မှာ ပုဒ်မ (၃၃)နဲ့ အရေးယူဖို့ ရန်ကုန်မြို့ရှိ စက်မှုဇုန်တွေမှာ တော်လှန်ရေးအင်အားစုတွေက လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုထဲ စစ်ကောင်စီကို ILO မှာ
မြန်မာသတင်း

ယင်းမာပင်မှာ စစ်ကောင်စီတပ်တွင်းသတင်းပေးအရဆိုပြီး တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးတာတွေရှိ

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 8 Views
မတ်လ (၁၂) ရက်။ ယင်းမာပင်နယ်ထဲ စစ်ကောင်စီတပ်တွင်းသတင်းရဲ့ သတင်းပေးတာကြောင့်ဆိုပြီး တော်လှန်ရေးရဲဘော်အချင်းချင်း ဖမ်းဆီးတာတွေရှိနေတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ အခုက ယင်းမာပင်မှာ စကစဖရဲသီးက သတင်းပေးလို့ဆိုပြီး တော်လှန်ရေးရဲဘော်တွေကို ခရိုင်ပလဖနဲ့ ABSDF တိုပူးပေါင်းပြီး
မြန်မာသတင်း

စစ်ကိုင်းရှိ တပ်မ(၃၃)က ဒုတပ်ကြပ်တစ်ဦးနဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 16 Views
မတ်လ (၁၂)ရက်။ စစ်ကိုင်းရှိ စစ်ကောင်စီရဲ့ တပ်မ(၃၃)က ဒုတပ်ကြပ်တစ်ဦးနဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သား (၂)ဦးတို့ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ BNRA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၇)ရက်နေ့မှာ တပ်မ(၃၃)က စစ်ကောင်စီဒုတပ်ကြပ်
မြန်မာသတင်း

ရခိုင်မှာ စစ်အုပ်စုကြောင့် အရပ်သား (၄၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 11 Views
မတ်လ (၁၂)ရက်။ ဇန်နဝါရီလ (၁)ရက်နေ့ကနေ မတ်လ (၁၁)ရက်နေ့အထိ ရခိုင်မှာ စစ်အုပ်စုကြောင့် အရပ်သား (၄၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုကြောင့် သေဆုံးသူ (၄၅)ဦးဟာ အမျိုးသား
မြန်မာသတင်း

မြဝတီမှာ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား (၅၄၀၀)ကျော်ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 8 Views
မတ်လ (၁၂)ရက်။ ဇန်နဝါရီလ (၃၀)ရက်ကစပြီး မတ်လ (၁၁)ရက်နေ့အထိ နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား (၅၄၄၆)ဦးကို ဖော်ထုတ်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြည်ပနိုင်ငံသား (၅၄၀၀)ကျော်ဟာ မြဝတီမြို့နယ်ထဲမှာ ဖမ်းမိခဲ့တာဖြစ်ပြီး
မြန်မာသတင်း

ရုရှားကပြန်ရောက်ရောက်ချင်း စစ်ခေါင်းဆောင် တရုတ်အထူးကိုယ်စားလှယ်နဲ့ နေပြည်တော်မှာတွေ့

  • 2025 ခုနှစ်၊ မတ်လ 12 ရက်
  • 5 Views
မတ်လ (၁၂)ရက်။ မနေ့က နေပြည်တော်မှာ တရုတ်အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijun နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တွေ့ဆုံရာမှာ စစ်ကောင်စီတပ်က အကောင်အထည်ဖော်နေတဲ့ ရှေ့လုပ်ငန်းစဉ်