နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

လှိုင်သာယာမြို့ရှိ မိတ္ထီလာရှမ်းတဲလေတပ်က ဗိုလ်မှူးမိသားစုပိုင် ဂတ်စ်ဆိုင် ဖောက်ခွဲခံရ၊ 

ဆယ်အိမ်မှူးတစ်ဦးသေဆုံးပြီး ရာအိမ်မှူးနဲ့ စစ်ကောင်စီအရာရှိ ညီတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

နိုဝင်ဘာလ (၄)ရက်။

မနေ့က နံနက် (၆)နာရီခန့်မှာ လှိုင်သာယာမြို့နယ်ရှိ မိတ္ထီလာရှမ်းတဲလေတပ်က ဗိုလ်မှူးမိသားစုပိုင်ဆိုင်တဲ့ ဂတ်စ်ဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ ဂတ်စ်ဆိုင်ဟာ မိတ္ထီလာရှမ်းတဲလေတပ်က စစ်ကောင်စီဗိုလ်မှူး မျိုးလွင်ရဲ့ မိသားစုပိုင်ဖြစ်ပြီး MISSION R အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီလက်ပါးစေ ဆယ်အိမ်မှူးတစ်ဦး သေဆုံးခဲ့ပြီး ရာအိမ်မှူးနဲ့ စစ်ကောင်စီအရာရှိ ညီတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ကား (၂)စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံကျေးရွာရှိ အနော်ရထာလမ်းပေါ်က ကံ့ကော်မြိုင်ဂတ်စ်မီးဖိုဆိုင်မှာ မီးလောင်ပေါက်ကွဲပြီး (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေကလဲ ရေးသားထားကြပါတယ်။

ဒီလိုတိုက်ခိုက်တာဟာ အရပ်သားပြည်သူတွေ ထိခိုက်တာကို ငဲ့ကွက်ပြီး စစ်ဆင်ရေးကို ကာလရှည်ကြာ ဆိုင်ငံ့ထားခဲ့ကာ ဖက်ဆစ်လက်ပါးစေတွေရဲ့ ဆက်တိုက် လူမဆန်တဲ့လုပ်ရပ်‌တွေကြောင့် နောက်ဆုံးအနေနဲ့ ချိန်ဆ သတိပေးတာလို့ OF က ပြောဆိုထားပါတယ်။

ဒါ့အပြင် တိုက်ခိုက်ခံရတဲ့ လေတပ်မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေ ချက်ချင်းပိတ်သိမ်းဖို့ နောက်ဆုံးအနေနဲ့ သတိပေးထားကာ ထိခိုက်တာ အနည်းဆုံးပစ်မှတ်ကို ရွေးချယ်တိုက်ခိုက်တာဖြစ်ပြီး ထပ်မံတိုက်ခိုက်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါ့ကြောင့် ဖက်ဆစ်လက်ပါးစေ လေတပ်တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူအပေါ် အကြမ်းဖက်ဗုံးကြဲတာတွေ ရပ်တန်းကရပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးထားပြီး မလိုက်နာရင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးတာသာဖြစ်တယ်လို့ ထပ်ဆင့်သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 22 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 17 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 29 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစနဲ့ ပျူစောထီး ပူးပေါင်အင်အား (၁၀၀)ကျော်နဲ့ ကန့်ဘလူနယ်တောင်ခြမ်း
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ