နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမြောက်တပ်ဖွဲ့ဝင်တွေရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကို ဂုဏ်ယူအသိ အမှတ်ပြုတယ်လို့ စစ်ခေါင်းဆောင်ပြော

ဖေဖော်ဝါရီလ (၅) ရက်။

အမြောက်တပ်ဖွဲ့ဝင်တွေရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်များကို တွေ့ရှိခဲ့ရတာကြောင့် ဂုဏ်ယူအသိ အမှတ်ပြုတာကို ပြောကြားလိုကြောင်း ဖေဖော်ဝါရီလ (၃) ရက်နေ့က ပြုလုပ်တဲ့ (၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အခမ်းအနားမှာ စစ်အုပ်စုခေါင်းဆောင် တပ်ချုပ် မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

တပ်ချုပ်က နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရာတွင်လည်း အမြောက်တပ်ဖွဲ့အစပြုရာ ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲကစပြီး ဒီနေ့မျက်မှောက်ကာလ တိုက်ပွဲများအထိ လိုအပ်တဲ့အချိန် လိုအပ်တဲ့နေရာကို လိုအပ်တဲ့ကျည် အရေအတွက် ကျရောက်ပေါက်ကွဲစေရမယ်ဆိုတဲ့ ထိရောက်စွာပစ်ခတ် တိုက်ပွဲဝင်နိုင်ခဲ့ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိရတဲ့အတွက် ဂုဏ်ယူကြောင်း ပြောလိုက်ပါတယ်။

ဒါပေမယ့် အောက်ခြေမှာတော့ ပစ်မှတ်ကို မချိန်တတ်လို့ ပစ်မှတ်တွေ အလွဲလွဲ အချော်ချော်ဖြစ်နေတာကိုတော့ သူမသိဘူးလို့ ကွမ်းလုံတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ အနီးကပ်ရှိနေသူက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ စစ်တပ်ဟာ “ အသက်အသေခံပြီး စခန်းကို စွန့်မလား” ဒါမှမဟုတ် “ အသက်ရှင်ပြီး စခန်းကို စွန့်မလား” ဆိုတဲ့ ရွေးချယ်မှု နှစ်ခုမှာ ရှိနေပြီး အသက်ရှင်ပြီး စခန်းကို စွန့်မယ်ဆိုတာကို ရွေးချယ်တဲ့ ခေါင်းဆောင်တွေ ပိုများလာတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သက်ငယ်မုဒိန်းမှုအပါအဝင် ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 17 Views
BNRA တပ်ဖွဲ့ဝင် (၁၅၀)ခန့် အဖမ်းခံတာ၊ ပူးပေါင်းတာနဲ့ လက်နက်အပ်တာတွေရှိတယ်လို့ဆို ဖေဖော်ဝါရီလ (၁၈)ရက်။ BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးအပါအဝင် တပ်ဖွဲ့ဝင်တွေရဲ့
မြန်မာသတင်း

ရေစကြိုမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူပိုင်နေအိမ် (၃၄)လုံး ပြာကျခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နံနက်ပိုင်းအချိန်က ရေစကြိုမြို့နယ် သမန္တပို့ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ခင်ဦးနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၃)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်မှာ ခင်ဦးနယ်အနောက်တောင်ဘက်ခြမ်းရှိ ညောင်ပင်ကြီးစုရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ People’s Defense Comrade ထံက သိရပါတယ်။ “ ခင်ဦးနယ်အနောက်တောင်ဘက်ခြမ်းက ညောင်ပင်ကြီးစုရွာ စာသင်ကျောင်းနဲ့ ရွာထဲကို Yak-130
မြန်မာသတင်း

NUG နဲ့ BNRA တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်တပ် ဗုံးကြဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ မနေ့က ပုလဲနယ်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတွေနဲ့ BNRA တို့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကို စစ်တပ်က ဗုံးလာကြဲသွားတယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ခရိုင်ရင်းတွေ လာတိုက်သွားတဲ့ ပုပ္ပါးဂိတ်ကိုပဲ စစ်တပ်က
မြန်မာသတင်း

ထားဝယ်မှာ စစ်တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ် တပြိုင်ထဲ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၉)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၆)နာရီအချိန်ခန့်က ထားဝယ်မြို့ မောင်မယ်ရှောင်ရွာရှိ (GTC) စစ်တပ်စခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ DNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်တာ (၄)နာရီကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့က သံလွင်တံတား မိုင်းခွဲခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား(ဖားဆောင်း) ဒီကနေ့ နံနက်ပိုင်းအချိန်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သံလွင်တံတား ဖျက်ဆီးခံရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ သေချာမသိရဘူး။ အခုဖျက်ဆီးခံရတာက ဖားဆောင်းဘက်အခြမ်းမှာဖြစ်တာ” လို့
မြန်မာသတင်း

ရွှေဘိုခရိုင်ထဲ PDF နဲ့ ပကဖတွေရဲ့ ဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ ညွှန်ကြားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ရွှေဘိုခရိုင်စစ်ဌာန နယ်မြေထဲက PDF တွေ၊ Local PDF တွေနဲ့ ပကဖတွေ ဖွင့်လှစ်ထားတဲ့ ဂိတ်တွေအားလုံးကို ‌ပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနနဲ့ ခရိုင်ပကဖတွေ ပါဝင်တဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့
မြန်မာသတင်း

ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်ကစပြီး ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ NUG ရဲ့ MOD တပ်ရင်းတွေဟာ ဒီကနေ့