ဖေဖော်ဝါရီလ (၅) ရက်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က ရပ်ကွက်တစ်ချို့က ဈေးတွေမှာ ဒူးလေး ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးရွှေမင်းအမည်နဲ့ ဗိုလ်ချုပ်ဂွန်မော်အပါအဝင် KIA, PDF တွေကို အသက်အန္တရာယ်ယ် ခြိမ်းခြောက်ထားတဲ့စာတွေ ဒီကနေ့ မနက်ပိုင်းမှာ ပြန့်နှံ့နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အဲဒီ ခြိမ်းခြောက်စာထဲမှာ ” ဇန်နဝါရီလ ၁၅ ရက်နေ့ ခေမာသီရိရပ်ကွက်မှာရှိတဲ့ ရွှေမင်းပြည်သူ့စစ်နေအိမ်ကို ဘယ်သူဘယ်ဝါ လာပစ်သွားတာဆိုတာ သိရှိထားတယ်။ ဗိုလ်ချုပ်ဂွန်မော်ရဲ့ နောက်လိုက်နွား PDF များနဲ့ ယောင်ဝါးအသင်းတော်ဆရာများ မြစ်ကြီးနားမြို့ထဲကနေ (၁၀) ရက်အတွင်းထွက်သွားကြဖို့နဲ့ ထွက်သွားခြင်းမရှိဘူးဆိုရင် ဂွမ်မော်မိသားစုများနဲ့အတူ ဦးဆောင်တဲ့အခြောက်အဖွဲ့ကို သုတ်သင်ပယ်ရှင်းသွားမယ်” ဆိုပြီး ရေးထားပါတယ်။
ဒီသတိပေးစာနဲ့ပတ်သက်ပြီး KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ဘက်က ဦးရွှေမင်းကို ဦးတည်ပြီး သတိပေးတဲ့အကြောင်း ဗိုလ်ချုပ်ဂွမ်မော်ရဲ့ လူမူကွန်ရက်စာမျက်နှာမှာ “ မြစ်ကြီးနားမြို့မှာ ဖြန့်ဝေနေတဲ့စာဟာ ဦးရွှေမင်း ထုတ်ပြန်တဲ့စာ ဟုတ်/ မဟုတ် ဖေဖော်ဝါရီလ (၈) ရက်နေ့ နောက်ဆုံးထားပြီး ဖြေရှင်းဖို့ဆိုထားပြီး သတ်မှတ်ရက် ဖြေရှင်းတာမရှိဘူးဆိုရင် ဦးရွှေမင်းထုတ်ပြန်တဲ့စာ ဖြစ်ကြောင်းမှတ်ယူမယ်” လို့ ရေးသားထားပါတယ်။