နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၃ နှစ် ပြည့်ပြီ

မေလ (၅) ရက်။

၃ နှစ်အတွင်း တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ အမာခံတိုက်ခိုက်ရေးအင်အား ၃ ပုံ ၂ ပုံခန့် ယိုယွင်းပြုန်းတီးသွားပြီလို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃) နှစ်ပြည့် အထိမ်း အမှတ် မိန့်ခွန်းမှာ –

“ ဒီကနေ့ NUGမှာ လွတ်မြောက်နယ်မြေ ရှိပြီလားလို့ မေးရင် ရှိပြီလို့ပဲ ဖြေရမယ်။ ဒီနယ်မြေတွေမှာ ရန်သူ့ အုပ်ချုပ်ရေးယန္တရားကို ဖျက်သိမ်းပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်လည်ပတ်နေပြီ ဖြစ်ရုံမက ရန်သူ့တပ်များ မြေ ပြင်က အလွယ်တကူ ဝင်ရောက်မလာနိုင်အောင် စစ်ရေးအရ ကာကွယ် ဟန့် တားထားနိုင်တဲ့ နယ်မြေတွေ ရှိနေပြီ။ ဒီနယ်မြေတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီးကျယ်ပြန့် လာတာ ပိုပြီး ခိုင်မာလာတာကိုလည်း တွေ့ရမယ်။ ဒီလိုအောင် မြင်မှုတွေ ရရှိခဲ့တာဟာ အဓိကအားဖြင့် ရဲဘော်တို့ရဲ့ စွမ်းဆောင်မှုကြောင့်ပဲ ဖြစ်တယ်။ ရဲဘော်တို့ရဲ့ ဂုဏ်ရောင်ပြောင်တဲ့ အသက်သွေးချွေးပေးဆပ်မှုတွေက သမိုင်းမော်ကွန်းတင်ရမှာ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

စစ်အာဏာရှင်ကို အနိုင်တိုက်ရေးအတွက် တော်လှန်ရေးကာလမှာ စစ်ရေးနဲ့အုပ်ချုပ်ရေး ခိုင်မာအားကောင်းအောင် ဆောင်ရွက်ကြဖို့ကို သူက အောက်ပါအတိုင်း ပြောဆိုလိုက်ပါတယ်။

“ တော်လှန်ရေးကာလမှာ စစ်ရေးနဲ့ အုပ်ချုပ်ရေးဟာ ဘယ်လက်နဲ့ ညာလက်လိုပဲ လက်နှစ်ဖက်လုံး ခိုင်မာအားကောင်းဖို့လိုတယ်။ လက်နှစ်ဖက် ဟန်ချက်ညီ အလုပ်လုပ်ဖို့ လိုတယ်။ စစ်ရေးတာဝန်ရှိတဲ့ PDF ပကဖ၊ အုပ်ချုပ်ရေးတာဝန်ရှိတဲ့ ပအဖ၊ ပလဖတို့ဟာ တော်လှန်ရေးလိုအပ်ချက်အရ ဖွဲ့စည်းပေါ်ပေါက် လာတဲ့ တော်လှန်ရေးညီနောင်အဖွဲ့အစည်းတွေပဲ ဖြစ်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ ရဲဘော် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ကူညီရိုင်းပင်းကြဖို့ လိုတယ်။ ကျင့်ဝတ်နဲ့ညီပြီး ကိုယ်တာဝန်ကိုယ် ကျေအောင် ထမ်းကြဖို့ လိုတယ်။အားလုံးရဲ့ ဘုံပန်းတိုင်က တစ်ခုတည်းပဲ၊ စစ်အာဏာရှင်ကို အနိုင်တိုက်ဖို့ပဲ ဖြစ်တယ်”

ဒါပေမယ့် မြေပြင်မှာတော့ ပသုံးလုံးရဲ့ ပြဿနာက တနေ့တခြားကြီးထွားလာနေလို့ NUG ရဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကတော့ “မြေပြင်မှာ NUG ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို စစ်ကိုင်း၊ မကွေးမှာ တစ်လ၊ နှစ်လ အတွင်း မြေပြင်မှာပေါ်ပေါက်အောင် ထိန်းကျောင်းဖို့ လုပ်သွားမယ်” လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ပသုံးလုံးနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေး (ပကဖ) ကို ရပ်ရွာဒေသကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) ကို အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) ကို ရဲလုပ်ငန်းစဉ်တွေအဖြစ် တာဝန်ချမှတ်ထားကြပါတယ်။

ပြည်သူ့ကာကွယ်ရေး (ပကဖ) ကတော့ ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်နေပြီး ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) ကတော့ ပြည်ထဲရေး ဝန်ကြီးဌာနက ကိုင်တွယ်နေတာဖြစ်ပါတယ်။

ပသုံးလုံး ပေါ်ပေါက်ပြီး မကြာခင်မှာပဲ ဒီအဖွဲ့အစည်းတွေ အချင်းချင်းကြား အောက်ခြေမှာ ပွတ်တိုက်မှု၊ တော်လှန်ရေးအင်အားစုတွေနဲ့ ထိပ်တိုက်တွေ့မှုတွေဖြစ်လာရာကနေ ပြည်သူလူထုဆန္ဒထုတ်ဖော်ကြတဲ့အထိ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တပ်ရင်း ၃၀၀ ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 27 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 21 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 58 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 19 Views
ဧပြီလ (၇)ရက်။ မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 35 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊