နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၃ နှစ် ပြည့်ပြီ

မေလ (၅) ရက်။

၃ နှစ်အတွင်း တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ အမာခံတိုက်ခိုက်ရေးအင်အား ၃ ပုံ ၂ ပုံခန့် ယိုယွင်းပြုန်းတီးသွားပြီလို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃) နှစ်ပြည့် အထိမ်း အမှတ် မိန့်ခွန်းမှာ –

“ဒီကနေ့ NUGမှာ လွတ်မြောက်နယ်မြေ ရှိပြီလားလို့ မေးရင် ရှိပြီလို့ပဲ ဖြေရမယ်။ ဒီနယ်မြေတွေမှာ ရန်သူ့ အုပ်ချုပ်ရေးယန္တရားကို ဖျက်သိမ်းပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်လည်ပတ်နေပြီ ဖြစ်ရုံမက ရန်သူ့တပ်များ မြေ ပြင်က အလွယ်တကူ ဝင်ရောက်မလာနိုင်အောင် စစ်ရေးအရ ကာကွယ် ဟန့် တားထားနိုင်တဲ့ နယ်မြေတွေ ရှိနေပြီ။ ဒီနယ်မြေတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီးကျယ်ပြန့် လာတာ ပိုပြီး ခိုင်မာလာတာကိုလည်း တွေ့ရမယ်။ ဒီလိုအောင် မြင်မှုတွေ ရရှိခဲ့တာဟာ အဓိကအားဖြင့် ရဲဘော်တို့ရဲ့ စွမ်းဆောင်မှုကြောင့်ပဲ ဖြစ်တယ်။ ရဲဘော်တို့ရဲ့ ဂုဏ်ရောင်ပြောင်တဲ့ အသက်သွေးချွေးပေးဆပ်မှုတွေက သမိုင်းမော်ကွန်းတင်ရမှာ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

စစ်အာဏာရှင်ကို အနိုင်တိုက်ရေးအတွက် တော်လှန်ရေးကာလမှာ စစ်ရေးနဲ့အုပ်ချုပ်ရေး ခိုင်မာအားကောင်းအောင် ဆောင်ရွက်ကြဖို့ကို သူက အောက်ပါအတိုင်း ပြောဆိုလိုက်ပါတယ်။

“တော်လှန်ရေးကာလမှာ စစ်ရေးနဲ့ အုပ်ချုပ်ရေးဟာ ဘယ်လက်နဲ့ ညာလက်လိုပဲ လက်နှစ်ဖက်လုံး ခိုင်မာအားကောင်းဖို့လိုတယ်။ လက်နှစ်ဖက် ဟန်ချက်ညီ အလုပ်လုပ်ဖို့ လိုတယ်။ စစ်ရေးတာဝန်ရှိတဲ့ PDF ပကဖ၊ အုပ်ချုပ်ရေးတာဝန်ရှိတဲ့ ပအဖ၊ ပလဖတို့ဟာ တော်လှန်ရေးလိုအပ်ချက်အရ ဖွဲ့စည်းပေါ်ပေါက် လာတဲ့ တော်လှန်ရေးညီနောင်အဖွဲ့အစည်းတွေပဲ ဖြစ်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ ရဲဘော် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ကူညီရိုင်းပင်းကြဖို့ လိုတယ်။ ကျင့်ဝတ်နဲ့ညီပြီး ကိုယ်တာဝန်ကိုယ် ကျေအောင် ထမ်းကြဖို့ လိုတယ်။အားလုံးရဲ့ ဘုံပန်းတိုင်က တစ်ခုတည်းပဲ၊ စစ်အာဏာရှင်ကို အနိုင်တိုက်ဖို့ပဲ ဖြစ်တယ်”

ဒါပေမယ့် မြေပြင်မှာတော့ ပသုံးလုံးရဲ့ ပြဿနာက တနေ့တခြားကြီးထွားလာနေလို့ NUG ရဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကတော့ “မြေပြင်မှာ NUG ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို စစ်ကိုင်း၊ မကွေးမှာ တစ်လ၊ နှစ်လ အတွင်း မြေပြင်မှာပေါ်ပေါက်အောင် ထိန်းကျောင်းဖို့ လုပ်သွားမယ်” လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ပသုံးလုံးနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေး (ပကဖ) ကို ရပ်ရွာဒေသကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) ကို အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) ကို ရဲလုပ်ငန်းစဉ်တွေအဖြစ် တာဝန်ချမှတ်ထားကြပါတယ်။

ပြည်သူ့ကာကွယ်ရေး (ပကဖ) ကတော့ ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်နေပြီး ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) ကတော့ ပြည်ထဲရေး ဝန်ကြီးဌာနက ကိုင်တွယ်နေတာဖြစ်ပါတယ်။

ပသုံးလုံး ပေါ်ပေါက်ပြီး မကြာခင်မှာပဲ ဒီအဖွဲ့အစည်းတွေ အချင်းချင်းကြား အောက်ခြေမှာ ပွတ်တိုက်မှု၊ တော်လှန်ရေးအင်အားစုတွေနဲ့ ထိပ်တိုက်တွေ့မှုတွေဖြစ်လာရာကနေ ပြည်သူလူထုဆန္ဒထုတ်ဖော်ကြတဲ့အထိ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တပ်ရင်း ၃၀၀ ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 132 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 117 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 100 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 75 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို