နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 24 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်အရေးမှာ လိုတာထက် မပိုဖို့ NUG ကို AA အကြောင်းကြားစာ ပို့ထား

+++++++++++++++++++++++++++++++++++++++++

ဇွန်လ (၆) ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ မြန်မာနိုင်ငံရဲ့ အရေးကြီးဆုံးအထဲက Main Actor တစ်ယောက်အနေနဲ့ ရှုမြင်သုံးသပ်ထားပြီး တချို့ NUG ရဲ့ ပြောဆိုချက်တွေကိုတော့ သဘောမကျတာလည်း ရှိပါတယ်။ လိုအပ်တာထက် ပိုပြီး မပြောကြားရန် မေတ္တာရပ်ခံတဲ့ အကြောင်းကြားစာတစ်စောင် ပို့ထားတယ်လို့ AA တပ်မှူးချုပ်က ပြောဆိုလိုက်ပါတယ်။

အဲ့ဒီအကြောင်းကို AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က VOA နဲ့ သီးသန့်အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

NUG ကို တပြည်လုံး အတိုင်းအတာနဲ့ မျှော်လင့်ချက်ထားပေမယ့် NUG ရဲ့ ပြောဆိုချက်အချို့ကိုတော့ AA က သဘောမကျတာတွေရှိ ပါတယ်။ ရခိုင်အရေးမှာ မဖြစ်မနေပြောရတယ်ဆိုတဲ့ အတိုင်းအတာကိုလည်း လက်ခံတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေက လိုတာထက်မပိုဖို့လည်း ကျနော်တို့မျှော်လင့်တယ်။ ဒါကြောင့် ကျနော်တို့က ဒီတလောက ယဉ်ယဉ်ကျေးကျေးနဲ့ မေတ္တာရပ်ခံတဲ့ အကြောင်းစာတစ်စောင်းကိုလည်း ပို့ထားပါတယ်” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပါတယ်။

ဘူးသီးတောင်တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ AA နှစ်ဖက်လုံးက မူဆလင်တွေကို လူ့အခွင့်ရေးချိုးဖောက်နေတဲ့အပေါ် စိုးရိမ်ကြောင်း NUG က မေ ၂၁ တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တခြားတော်လှန်ရေးမဟာမိတ်တွေနဲ့ပတ်သက်ပြီး AA အနေနဲ့ NUG၊ ချင်းတော်လှန်ရေးအဖွဲ့တွေ၊ DKBA၊ ရှမ်းမြောက်၊ ပလောင်၊ ကိုးကန့်၊ မြန်မာပြည်အလယ်ပိုင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ထားကြောင်း သူကပြောခဲ့ပါတယ်။

မကွေးက ယောကာကွယ်ရေးတပ် – YDF နဲ့ စစ်ကိုင်းတိုင်းထဲက အရင် GZ Special Welet Task Force (လက်ရှိ GZ Army)၊ ချင်းညီနောင်အစရှိတဲ့ စစ်အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ လူငယ်တွေဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေကို AA က ကူညီပံ့ပိုးပေးနေပါတယ်။

နိုင်ငံရေးရည်မှန်းချက်အနေနဲ့ ကွန်ဖက်ဒရေးရှင်း (တစ်ပြည်ထောင်စနစ်) ကို ဆုပ်ကိုင်ထားပြီး တောင်းယူမှာ မဟုတ်ဘဲ ရအောင်တိုက်ယူမယ်လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုသွားပါတယ်။

“ရခိုင်ပြည်အတွက် ကွန်ဖက်ဒရိတ်ထက်မနိမ့်တဲ့ နိုင်ငံရေးအဆင့်အတန်းကို မျှော်မှန်းပြီးလုပ်နေတယ်။ တိုက်ပွဲဝင်နေတယ်။ ရပ်တည်ချက်မ ပြောင်းဘူး။ သူများဆီကလည်း တောင်းနေမှ ာမဟုတ်ဘူး၊ မရရအောင် တိုက်သင့်ရင် တိုက်မယ်။ ပြီးမှတည်ဆောက်သွားမယ်” လို့ ဆိုပါတယ်။

ပြည်ထောင်စု ထူထောင်တဲ့အခါမှာ တစ်စုတစ်ဖွဲ့က လက်ဝါးကြီး အုပ်ချုပ်တာမျိုး မဟုတ်ဘဲ Coming Together အတူတကွ ပူးပေါင်းနေထိုင်တာမျိုးကို နှစ်သက်ကြောင်းနဲ့ ပြည်တွင်းပြဿနာ ဖြေရှင်းရာမှာ ပြည်ပလွှမ်းမိုးမှု နည်းနိုင်သမျှနည်းအောင် သတိထားဖို့ကိုလည်း ထောက်ပြပြောဆိုသွားပါတယ်။

လက်ရှိတွင် အာရက္ခတပ်တော်မှာ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင် အရေအတွက် ၄၀,၀၀၀ နီးပါးရှိတယ်လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုခဲ့ပါတယ်။

AA ဟာ ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝဒေသက မြို့နယ် အပါအဝင် မြို့နယ် (၁၀) ခုကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ မောင်တော၊ စစ်တွေ၊ အမ်း၊ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွမြို့နယ်တွေကိုလည်း ထိုးစစ်ဆင်သိမ်းပိုက်သွားမယ်လို့ ကြေညာထားပါတယ်။

လက်ရှိအချိန်မှာ မောင်တော၊ အမ်း၊ သံတွဲမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်နေပြီ ဖြစ်ပါတယ်။ ဇွန်လ (၄) ရက်နေ့မှာတော့ သံတွဲအနီး ငပလီမြို့နယ်အထိ တိုက်ပွဲတွေ ရောက်ရှိလာပြီဖြစ်ပါတယ်။ တိုင်းပြည်တွေ ပြင်းထန်လာတဲ့အတွက် သံတွဲလေဆိပ်ကိုလည်း ယာယီပိတ်ထားပါတယ်။

ဓာတ်ပုံ။

အာရက္ခတပ်တော် (AA) ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်။

See insights and ads

Boost post

All reactions:

280280

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 22 Views
မတ်လ (၂၃)ရက်။ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို
မြန်မာသတင်း

ဖာပွန်ရှိ စစ်ကောင်စီရဲ့ ကော်သွေးကျိုးတပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 23 Views
မတ်လ (၂၃)ရက်။ ဖာပွန်ခရိုင် လူသောမြိုနယ်ရှိ စစ်ကောင်စီရဲ့ ကော်သွေးကျိူးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို Rebel Bees-UAV Force ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဇီးကုန်းမြိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 22 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၈)နာရီခွဲအချိန်က ပဲခူးအနောက်ခြမ်း ဇီးကုန်းမြိုကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးကုန်းကနေ ဆိုင်ကယ် (၁၂)စီးနဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်ကို ဘဲအင်းလမ်းဆုံကို
မြန်မာသတင်း

နေပြည်တော်အဝင်ရှိ စစ်ကောင်စီရဲ့ စုပေါင်းဂိတ် အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 15 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၁)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က နေပြည်တော်အဝင်ရှိ စစ်ကောင်စီရဲ့ စုပေါင်းဂိတ်ကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို ဝရဇိန်တပ်ဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေးလမ်းမကြီး နေပြည်တော်အဝင်က စကစရဲ့ အဖွဲစုံစစ်ဆင်ရေး
မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 37 Views
ဒီနေ့ မတ်လ (၂၂)ရက်တနင်္ဂနွေနေ့မှာ “တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”ခေါင်းစဥ်နဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၃၉)မှာ မင်းအောင်လှိုင်က တဖက်မှာ အစိုးရဖွဲပြီး သမတတက်လုပ်တော့မယ်ဆိုပြီး တဆင့်ပြီး တဆင့်သွားနေချိန်မှာ ဒီဖက်မှာကအချင်းချင်းချနေတယ်။ အညာဒေသမှာ အင်အားရှိတဲ့ BNRA ကို NUGရဲ့ PDFတွေနဲ့ ပကဖတပ်ရင်းတွေ
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 36 Views
မတ်လ (၂၁)ရက်။ မတ်လ (၁၈)ရက်နေ့ ညနေပိုင်းအချိန်က တနင်္သာရီကနေ မြိတ်ဘက်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကား(၇)စီးနဲ့ တနင်္သာရီကနေ မြိတ်ကို ပြန်ဆန်းလာတဲ့
မြန်မာသတင်း

ယင်းမာပင်မှာ အင်အား(၂၀၀)ကျော်ပါ စစ်တပ်‌စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈၀)ကျော်သေဆုံးကာ စစ်ကြောင်းဖွဲစည်းပုံပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 34 Views
မတ်လ (၂၁)ရက်။ ပြီးခဲ့တဲ့လကစပြီး ယင်းမာပင်မြိုနယ်အနောက်ပိုင်းရှိ ကျေးရွာတွေကို အင်အား(၂၀၀)ကျော်နဲ့ စစ်တပ်စစ်ကြောင်းက မီးရှိတာနဲ့ ခိုးဆိုးလုနှိက်တာတွေ လုပ်ဆောင်နေတယ်လို PDF Column 1 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ယင်းမာပင်က ကျေးရွာတွေမှာ
မြန်မာသတင်း

ကသာမှာ စစ်ရှောင်တွေခိုလှုတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 31 Views
သံဃာတွေနဲ့ စစ်ရှောင်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ မတ်လ (၂၁)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ကသာမြိုပေါ်ရှိ မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က ကသာမြိုပေါ်ကို အကြမ်းဖက်စစ်တပ်က