နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

1027 Operations

1027 Operations မြန်မာသတင်း

တိုင်းစစ်ဌာနချုပ်တခုလုံးနဲ့ အဆက်အသွယ်ပြတ်တောက်လို့ ပြင်ဦးလွင်က တဆအ ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ရဲမြင့်နိုင် စစ်ခုံရုံးပို့ခံရ

ဩဂုတ်လ (၅) ရက်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တခုလုံးနဲ့ စစ်ရုံးချုပ်ကြား အဆက်အသွယ် ပြတ်တောက်လို့ ပြင်ဦးလွင်မြို့ရှိ တဆအ ကျောင်းအုပ်ကြီး ညွှန်မှူး ဗိုလ်ချုပ် ရဲမြင့်နိုင် စစ်ခုံရုံးပို့ခံရတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ ရဲချုပ်ကို စစ်ချုပ်ပြန်ခန့်လိုက်တဲ့အချိန် ဆက်သွယ်ရေးကွန်ရက် ကျိုးပေါက်တာနဲ့ တိုင်းစစ်ဌာနချုပ်တခုလုံး စစ်ရုံးချုပ်နဲ့ အဆက်အသွယ်ပြတ်တောက်သွားလို့ ပြင်ဦးလွင်က ပူပူနွေးနွေး ညွှန်မှူး တဆအ ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ရဲမြင့်နိုင် စစ်ခုံရုံးပို့ခံရတာပါ” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။

စစ်ကောင်စီဟာ ရမခကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ဩဂုတ်လ (၃) ရက်နေ့မှာ ပြည်ထဲရေးဒု၀န်ကြီးနဲ့ ရဲချုပ်ရာထူးကို ပူးတွဲတာ၀န်ယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို စစ်ဘက်မူလတာ၀န် ပြန်လည်ပေးအပ်ပြီးနောက်မှာ အခုလို စစ်ဆေးတာတွေရှိလာတာလို့ သိရပါတယ်။

“ ခုထိလဲ ရမခနဲ့ အဆက်အသွယ်မရသေးဘူးထင်တယ်၊ ရဲချုပ်ကို စစ်ချုပ်ပြန်ခန့်လိုက်တော့ စစ်တပ်ထိပ်ပိုင်းတွေကနေ တ‌ယောက်ချင်း စစ်ဆေးသွားလိမ့်မယ်၊ စစ်ဗိုလ်ချုပ်တွေ စစ်တိုက်လို့မရတော့ဘူး၊ ငါတို့ရုံးခန်းကို ဘယ်နေ့တံခါးလာခေါက်မလဲဆိုတာကို ကြောက်လန့်နေရတဲ့ဘ၀ရောက်နေပြီ” လို့ သူက ဆိုပါတယ်။

ရမခနဲ့ စစ်ရုံးချုပ်တို့ အဆက်အသွယ်ပြတ်သွားတာကြောင့် စစ်ခုံရုံးပို့ခံရတဲ့ ဗိုလ်ချုပ် ရဲမြင့်နိုင်ဟာ စစ်တပ်ဆက်သွယ်ရေးနဲ့ အီလက်ထရွန်နစ်သင်တန်းကျောင်း(တဆအ)ရဲ့ ကျောင်းအုပ်ကြီးအနေနဲ့ မကြာသေးခင်ကမှ ခန့်အပ်ခံထားရပြီး OTS 79 ကဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်ဘက်မူလတာ၀န်ပြန်ထမ်းဆောင်ခိုင်းတဲ့ ရဲချုပ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို အခုအခါ စစ်ဆေးရေးအရာရှိချုပ်အနေနဲ့ ခန့်အပ်ထားတာဖြစ်ပြီး စစ်ဆေးရေးအရာရှိချုပ်ရုံးရဲ့ ထိပ်ပိုင်းတွေကစပြီး စစ်ဆေးခံရနိုင်တယ်လို့ ဆိုပါတယ်။

ရမခကို MNDAA က သိမ်းပိုက်ရရှိခဲ့အချိန် စစ်ကောင်စီရဲ့ ရမခတိုင်းမှူးဟောင်း စိုးတင့်၊ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနဲ့ ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို ဖမ်းမိခဲ့တယ်လို့ သိရကာ စစ်ကောင်စီဘက်ကလဲ အရာရှိကြီးတွေ ဖမ်းဆီးခံထားရတာကို ၀န်ခံထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ။

ရမခတိုင်းမှူးဟောင်း စိုးတင့်၊ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနဲ့ ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို ဖမ်းမိထားကြောင်း MNDAA မှ တရုတ်ဘာသာဖြင့် ထုတ်ပြန်ထားချက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 12 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 50 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ
မြန်မာသတင်း

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို စတင်ခဲ့သည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် သမ္မတဖြစ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အပေါ် အာဏာသိမ်းရန် ကံကြမ္မာဆိုးသောအဆုံးအဖြတ်ကို ချမှတ်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး
မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 32 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက  တော်လှန်ရေးနဲ့ ပြည်သူလူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 36 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကမရဲ့ မိတ္ထီလာ ရှမ်းတဲဌာနချုပ်ထဲကို ရှော့တိုက်ဒုံး (၁၀)လုံး