နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

1027 Operations

1027 Operations မြန်မာသတင်း

တိုင်းစစ်ဌာနချုပ်တခုလုံးနဲ့ အဆက်အသွယ်ပြတ်တောက်လို့ ပြင်ဦးလွင်က တဆအ ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ရဲမြင့်နိုင် စစ်ခုံရုံးပို့ခံရ

ဩဂုတ်လ (၅) ရက်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တခုလုံးနဲ့ စစ်ရုံးချုပ်ကြား အဆက်အသွယ် ပြတ်တောက်လို့ ပြင်ဦးလွင်မြို့ရှိ တဆအ ကျောင်းအုပ်ကြီး ညွှန်မှူး ဗိုလ်ချုပ် ရဲမြင့်နိုင် စစ်ခုံရုံးပို့ခံရတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ရဲချုပ်ကို စစ်ချုပ်ပြန်ခန့်လိုက်တဲ့အချိန် ဆက်သွယ်ရေးကွန်ရက် ကျိုးပေါက်တာနဲ့ တိုင်းစစ်ဌာနချုပ်တခုလုံး စစ်ရုံးချုပ်နဲ့ အဆက်အသွယ်ပြတ်တောက်သွားလို့ ပြင်ဦးလွင်က ပူပူနွေးနွေး ညွှန်မှူး တဆအ ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ရဲမြင့်နိုင် စစ်ခုံရုံးပို့ခံရတာပါ”လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။

စစ်ကောင်စီဟာ ရမခကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ဩဂုတ်လ (၃) ရက်နေ့မှာ ပြည်ထဲရေးဒု၀န်ကြီးနဲ့ ရဲချုပ်ရာထူးကို ပူးတွဲတာ၀န်ယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို စစ်ဘက်မူလတာ၀န် ပြန်လည်ပေးအပ်ပြီးနောက်မှာ အခုလို စစ်ဆေးတာတွေရှိလာတာလို့ သိရပါတယ်။

“ခုထိလဲ ရမခနဲ့ အဆက်အသွယ်မရသေးဘူးထင်တယ်၊ ရဲချုပ်ကို စစ်ချုပ်ပြန်ခန့်လိုက်တော့ စစ်တပ်ထိပ်ပိုင်းတွေကနေ တ‌ယောက်ချင်း စစ်ဆေးသွားလိမ့်မယ်၊ စစ်ဗိုလ်ချုပ်တွေ စစ်တိုက်လို့မရတော့ဘူး၊ ငါတို့ရုံးခန်းကို ဘယ်နေ့တံခါးလာခေါက်မလဲဆိုတာကို ကြောက်လန့်နေရတဲ့ဘ၀ရောက်နေပြီ”လို့ သူက ဆိုပါတယ်။

ရမခနဲ့ စစ်ရုံးချုပ်တို့ အဆက်အသွယ်ပြတ်သွားတာကြောင့် စစ်ခုံရုံးပို့ခံရတဲ့ ဗိုလ်ချုပ် ရဲမြင့်နိုင်ဟာ စစ်တပ်ဆက်သွယ်ရေးနဲ့ အီလက်ထရွန်နစ်သင်တန်းကျောင်း(တဆအ)ရဲ့ ကျောင်းအုပ်ကြီးအနေနဲ့ မကြာသေးခင်ကမှ ခန့်အပ်ခံထားရပြီး OTS 79 ကဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်ဘက်မူလတာ၀န်ပြန်ထမ်းဆောင်ခိုင်းတဲ့ ရဲချုပ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို အခုအခါ စစ်ဆေးရေးအရာရှိချုပ်အနေနဲ့ ခန့်အပ်ထားတာဖြစ်ပြီး စစ်ဆေးရေးအရာရှိချုပ်ရုံးရဲ့ ထိပ်ပိုင်းတွေကစပြီး စစ်ဆေးခံရနိုင်တယ်လို့ ဆိုပါတယ်။

ရမခကို MNDAA က သိမ်းပိုက်ရရှိခဲ့အချိန် စစ်ကောင်စီရဲ့ ရမခတိုင်းမှူးဟောင်း စိုးတင့်၊ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနဲ့ ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို ဖမ်းမိခဲ့တယ်လို့ သိရကာ စစ်ကောင်စီဘက်ကလဲ အရာရှိကြီးတွေ ဖမ်းဆီးခံထားရတာကို ၀န်ခံထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ။

ရမခတိုင်းမှူးဟောင်း စိုးတင့်၊ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနဲ့ ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို ဖမ်းမိထားကြောင်း MNDAA မှ တရုတ်ဘာသာဖြင့် ထုတ်ပြန်ထားချက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို