နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ထွက်ခွာ

နိုဝင်ဘာလ (၅) ရက်။

တရုတ်နိုင်ငံတွင် ကျင်းပမည့် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဒီနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှာ အထူးလေယာဉ်နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။

စစ်အုပ်စုခေါင်းဆောင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်ပြည်နိုင်ငံတော်အစိုးရရဲ့ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးတွေကို တက်ရောက်မယ်လို့ သိရှိရပါတယ်။

ဒီခရီးစဉ်မှာ စစ်ခေါင်းဆောင်နဲ့အတူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့က ဝန်ကြီးချုပ်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ၊ ဒုတိယဝန်ကြီးတွေ လိုက်ပါသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီ စိုးဝင်းနဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ လိုက်ပါပို့ဆောင်တာကို တွေ့မြင်ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လွှတ်တော်ကျင်းပမယ့် နေ့ရက်တွေ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ လာမယ့် မတ်လပိုင်းထဲမှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ
မြန်မာသတင်း

ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးဆွဲတာတွေ ခေတ္တရပ်နားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် မြစ်ကြီးနားလေဆိပ်ရဲ့ လေယာဉ်ပြေးဆွဲတာတွေကို ခေတ္တရပ်နားထားဖို့ အသိပေးထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနမှာ CDM ဝန်ထမ်း (၆၀)ရာခိုင်နှုန်း ခန့်အပ်ထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနထဲ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲပူးပေါင်းကာ CDM ဝန်ထမ်းတွေကို ခန့်အပ်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ CDM ဝန်ထမ်းတွေကို စုစုပေါင်း ဝန်ထမ်းအင်အားရဲ့ (၆၀)ရာခိုင်နှုန်း
မြန်မာသတင်း

ဒေါ်ကြည်ပြာကိစ္စ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ ကြိုဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 28 Views
‌ရပ်နားထားတဲ့လုပ်ငန်းစဉ်တွေကို ပြန်လည်စတင်မယ်လို့ဆို ဖေဖော်ဝါရီလ (၂၃)ရက်။ ဒေါ်ကြည်ပြာကိစ္စ NUG ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် ကြိုဆိုတယ်လို့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပြည်သူ့အသံ၊ CDM တွေရဲ့အသံကို နားထောင်ပြီး ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ရှင်းလင်းပေးတဲ့အပေါ် ကြိုဆိုပြီး
မြန်မာသတင်း

တွန်းဇံမြို့နယ်ထဲရှိ လူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ မြို့နယ်ကောင်စီထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 22 Views
စစ်မှုမထမ်းလိုသူတွေကို နယ်နှင်ဒဏ်ပေးမယ်လို့ဆို ဖေဖော်ဝါရီလ (၂၃)ရက်။ တွန်းဇံမြို့နယ်ထဲရှိ လူငယ် အမျိုးသားနဲ့ အမျိုးသမီးတွေကို တပ်သားသစ် စုဆောင်းသွားမယ်လို့ တွန်းဇံမြို့နယ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုခါ စစ်ကော်မရှင်ဟာ CC တပ်ပေါင်းစုနဲ့ CB တပ်ပေါင်းစုတို့
မြန်မာသတင်း

IPDF အပါအဝင် မဟာမိတ်အင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 22 Views
ဖေဖေယ်ဝါရီလ (၂၃)ရက်။ အင်းလေးဒေသ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့(IRLO)ကို ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ အဆုံးအဖြတ်ပေးမယ့်အဆင့်ကို ရောက်ရှိလာတာနဲ့အတူ အင်းလေးဒေသထဲက တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ IRLO အနေနဲ့ အဆင့်မြှင့်တင်
မြန်မာသတင်း

Non CDM ဝန်ထမ်းတွေ ထိန်းချုပ်ဒေသထဲ‌တွေ့ရင် အရေးယူမယ်လို့သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ အလင်းမဝင်တဲ့ Non CDM ဝန်ထမ်းတွေကို ထိန်းချုပ်ဒေသထဲ တွေ့ရှိရင် ထိရောက်စွာ အရေးယူမယ်လို့ စေတုတ္တရာမြို့နယ်ပကဖရဲ့ မနေ့က သတိပေးထားချက်အရ သိရပါတယ်။ စေတုတ္တရာမြို့နယ်ထဲ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ထမ်းဆောင်နေတဲ့ Non CDM
မြန်မာသတင်း

“အတီအတာ ပလီပလာနဲ့ ကြည်ပြာအမှုပလပ်”

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 32 Views
အထက်ပါ ခေါင်းစဥ်နဲ့ဒီအပတ် ၃၅ ကြိမ်မြောက် အပတ်စဉ်နိုင်ငံရေးဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်ခြင်း ဆွေးနွေးပွဲကိုပြောကြမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအတွင်းဝန် မကြည်ပြာအမှုကို NUG က ဘယ်လိုကိုင်တွယ်ခဲ့သလဲ၊ တရားလိုတွေက ဘယ်လိုတုံပြန်ခဲ့ကြသလဲဆိုတာတွေအပြင် မကြည်ပြာအမှုနဲ့တပြိုင်တည်း ပြည်တွင်းပြည်ပကို ဂယက်ရိုက်ခတ်စေခဲ့တဲ့ ၄ နှစ်ကျော် တည်ထောင်လာတဲ့