နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ထွက်ခွာ

နိုဝင်ဘာလ (၅) ရက်။

တရုတ်နိုင်ငံတွင် ကျင်းပမည့် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဒီနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှာ အထူးလေယာဉ်နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။

စစ်အုပ်စုခေါင်းဆောင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်ပြည်နိုင်ငံတော်အစိုးရရဲ့ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးတွေကို တက်ရောက်မယ်လို့ သိရှိရပါတယ်။

ဒီခရီးစဉ်မှာ စစ်ခေါင်းဆောင်နဲ့အတူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့က ဝန်ကြီးချုပ်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ၊ ဒုတိယဝန်ကြီးတွေ လိုက်ပါသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီ စိုးဝင်းနဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ လိုက်ပါပို့ဆောင်တာကို တွေ့မြင်ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 13 Views
မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခံရ ဇူလိုင်လ (၇)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်ခန့်က မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ်ကို လက်ပစ်ဗုံးနဲ့
မြန်မာသတင်း

နောင်ချိုမြို့ရှိ ‌ကျေးရွာအချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 12 Views
ဇူလိုင်လ (၇)ရက်။ မနေ့က နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အောင်ပွဲလမ်းကြောင်းကို ချီတက်နေပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 13 Views
ဇူလိုင်လ (၇)ရက်။ စစ်အုပ်စုရဲ့ယန္တရားဟာ တဖြည်းဖြည်းယိုယွင်းလာနေပြီး အောင်ပွဲလမ်းကြောင်းကို ချီတက်နေပြီလို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၆၃)နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပြည်သူ့နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့
မြန်မာသတင်း

လယ်ဒိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 12 Views
ဇူလိုင်လ (၇)ရက်။ ဇူလိုင်လ (၅)ရက်နေ့ ညနေ (၅)နာရီ (၅၀)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ တောကြောင်ပေါက်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နတ်သံကွင်းအထိုင်တပ်စခန်းကနေ ဒရုန်းနဲ့
မြန်မာသတင်း

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ ဆက်ဆွေးနွေးသွားမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 23 Views
ဇူလိုင်လ (၅)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံ‌နွေးတာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ TNLA က ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လာမယ့် ဩဂုတ်လကုန်ပိုင်းလောက်မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတာရှိတယ်။ ဒီကြားထဲမှာလဲ တိုက်ပွဲတွေရပ်ဖို့နဲ့
မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 42 Views
ဇူလိုင်လ (၅)ရက်။ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ (၇၆)နှစ်မြောက် ကရင်အမျိုးသားတပ်မတော်နေ့မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ စစ်အာဏာရှင်အုပ်စုဟာ သူတို့ရဲ့ အာဏာတည်မြဲဖို့နဲ့ သူတို့နဲ့
မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ့ဆေးရုံအပါအဝင် အဆောက်အဦးအချို့ ထိမှန်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 35 Views
ဇူလိုင်လ (၅)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က သီပေါမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၁၀)နာရီ
မြန်မာသတင်း

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆန့်ကျင်ဖို့ NUCC နဲ့ NUG တို့ ပန်ကြားစာပေးပို့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 35 Views
ဇူလိုင်လ (၅)ရက်။ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အတူဆန့်ကျင်ဖို့ တော်လှန်ရေးအင်အားစုတွေကို NUCC နဲ့ NUG တို့က ဒီကနေ့မှာ မေတ္တာရပ်ခံတဲ့ ပန်ကြားစာ‌တစောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီပန်ကြားစာကို NUCC