နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

တိုက်ခိုက်ခံနေရတဲ့ တောင်ပြိုလက်ဝဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးနေရ

ဖေဖော်ဝါရီလ (၆) ရက်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ ထိုးဆင်စစ်တိုက်ခိုက်တာကိုခံနေရတဲ့ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်တဲ့ တောင်ပြိုလက်ဝဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးနေရတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီတောင်ပြိုလက်ဝဲစခန်းကို AA က ဖေဖော်ဝါရီလ (၄)ရက်နေ့ကစပြီး တိုက်ခိုက်နေကာ ပထမနေ့မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၀)ကျော်ဟာ လက်နက်တွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယနေ့ ဖေဖော်ဝါရီလ (၅)ရက်မှာလည်း ထိုးစစ်ဆင်တိုက်ခိုက်ခံနေရတာကြောင့် စခန်းထဲမှာ ကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက် ထပ်မံထွက်ပြေးသွားခဲ့ပြီး အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်စပ်တလျှောက်ကို လေကြောင်းကနေ လာရောက်ပစ်ကူတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့သလို လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက ရွာတွေကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး ကလေးငယ်တစ်ဦးလဲ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ပြောဆိုထားပါတယ်။

အခုလို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံတွေ သေဆုံးဒဏ်ရာရခဲ့တဲ့အပေါ် စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားတာမရှိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

ပုဏ္ဏားကျွန်းမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သား (၁၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 67 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်အချိန်က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့
1027 Operations

TNLA နဲ့ MNDAA တို့အကြား အငြင်းပွားတာတွေကို ညှိနှိုင်းဖြေရှင်းဖို့ တအာင်းအရပ်ဖက်အဖွဲ့တွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 60 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ကွတ်ခိုင်မြို့မှာ TNLA နဲ့ MNDAA တို့ မြေပြင်မှာ နှစ်ဖက်တင်းမာတာတွေ ဖြစ်ပွားခဲ့တာ တပတ်ကျော်ကြာခဲ့ပြီဖြစ်တယ်လို့ တအာင်းအရပ်ဖက်အဖွဲ့များကွန်ရက်ရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 86 Views
ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၂၈)ရက် ညနေ (၅)နာရီခွဲကျော်အချိန်က ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်‌တွေထံက သိရပါတယ်။ “ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတခုဖြစ်တဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA
1027 Operations

တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း (၅၀၀)ဦးကို MNDAA ပြန်လွှတ်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 110 Views
ဇန်နဝါရီလ (၂၆)ရက်။ တိုက်ပွဲထဲ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း (၅၀၀)ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေကို လူသားစာနာမှုအနေနဲ့ တရုတ်ပြက္ခဒိန်အရ မနေ့က တာကျောင်မဟာပူဇော်ပွဲ (၇)ရက်မြောက်နေ့ အာဇာနည်ဝိညာဉ်ပို့ဆောင်ပွဲ အခမ်းအနားမှာ
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်တွေရှိတဲ့ မရွင်းရွာစာသင်ကျောင်း ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 105 Views
ဇန်နဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ကျောက်ဖြူမြို့ရှိ မရွင်းရွာစာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မရွင်းရွာကို စစ်တပ်က အသေခံဒရုန်း (၂)စီးနဲ့ ဗုံးကြဲသွားတာ။ အဲ့ဒီမှာ စစ်ရှောင်တွေနေတဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

မောင်တောရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့က အလစ်ဝင်တိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 159 Views
ဒီဇင်ဘာလ (၁၅)ရက်။ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က မောင်တောခရိုင် အထက်ကျီးကျွန်း နယ်စပ်မှတ်တိုင် (၂၀/၂၁)ကြားရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းတခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့ လေကြောင်းဗုံးကြဲခံရပြီး အရပ်သား (၈)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 168 Views
ဒီဇင်ဘာလ (၁၂)ရက်။ မနေ့က ည (၇)နာရီခွဲကျော်အချိန်က ကျောက်ဖြူမြို့ရှိ င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဦးဆေးရုံကို လေကြောင်းကနေ ဗုံးကြဲသလိုမျိုး
၁၁၁၃ ရခိုင်စစ်ပွဲ

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတဲ့အပေါ် ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 161 Views
ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့လုပ်ရပ်က လွန်စွာ စက်ဆုတ်ရွံရှာဖွယ် အကြမ်းဖက်လုပ်ရပ်သာမက ရခိုင်ဒေသမှာ