စက်တင်ဘာလ (၆)ရက်။
ဒီကနေ့ နေ့လယ်ပိုင်းအချိန်မှာ စစ်ကိုင်းတိုင်းရှိ ပင်လည်ဘူးမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ ဒီနေ့မှာ ပင်လည်ဘူးမြို့က စကစခံစစ်စခန်းအားလုံးကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ တိုက်ပွဲကနေ စစ်ကောင်စီ (၆၀)ကျော် ဖမ်းမိခဲ့တယ်လို့ ကနဦးသိရပါတယ်” လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။
ပင်လည်ဘူးမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် (၆၀)ကျော် ဖမ်းမိခဲ့ကာ ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတာကို စစ်လော်ဘီချန်နယ်တွေက ဖော်ပြထားကြပါတယ်။
စစ်ကိုင်းတိုင်းရှိ ပင်လည်ဘူးမြို့ကို ဩဂုတ်လ (၁၅)ရက်နေ့ကစပြီး KIA နဲ့ တော်လှန်ရေးပူးပ်ေင်းတပ်တွေက တိုက်ခိုက်ခဲ့ကာ မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒါ့အပြင် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲထဲ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော်အချို့ ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့လဲ ဒေသတွင်းသတင်းတွေရဲ့ ရေးသားထားချက်အရ သိရပါတယ်။