နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

တရုတ်သူလျှိုအဖြစ် ကောလာဟလများ ပျံ့နှံ့နေချိန်တွင် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ပြေးသွားသော မြို့တော်ဝန်အား ဖမ်းဆီးလိုက်ကြောင်း သိရသည်။

စက်တင်ဘာလ (၅) ရက်။

တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည်ဟု စွပ်စွဲခံထားရသော ဖိလစ်ပိုင်တွင် အရှက်ရစေခဲ့သည့် မြို့တော်ဝန်တစ်ဦးသည် အင်ဒိုနီးရှားသို့ ထွက်ပြေးသွားပြီးနောက် ရက်သတ္တပတ်အတော်ကြာတွင် ဖမ်းဆီးမိလိုက်ကြောင်း ဖိလစ်ပိုင် အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့ပြီး ၎င်းအား တရားစွဲဆိုရန် ကတိပြုခဲ့သည်။ ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက တရုတ်အမျိုးသမီး Guo Hua Ping ဟု သတ်မှတ်ခံရသော Alice Leal Guo သည် သူမ၏ ဇာတိမြို့၌ လူရာပေါင်းများစွာ ပါဝင်သော ဝန်ထမ်းအင်အား ရာနှင့်ချီသော လိမ်လည်လှည့်စားသည့် စင်တာတစ်ခုကို ဝင်ရောက်စီးနင်းပြီးနောက် သူမ၏ အစစ်အမှန်အမည်ကို ထင်ကြေးပေးမှုများ ပျံ့နှံ့လာကာ ခဲ့ပြီး ဇူလိုင်လတွင် နိုင်ငံတွင်းမှ ထွက်ပြေးခဲ့သည်။

တရားမဝင်လောင်းကစားမှု၊ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှုနှင့် လိမ်လည်မှုတို့ကြောင့် ဆီးနိတ်လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုတစ်ခုမှတစ်ဆင့် ဥပဒေပြုအမတ်များသည် ဂို (Guo) အပေါ် စွပ်စွဲချက်များကို ပိုမိုနက်ရှိုင်းစွာစုံစမ်း တူးဖော်နေစဉ် အရှုပ်တော်ပုံသည် နိုင်ငံကို လအတန်ကြာ ရှိနေခဲ့သည်။ မြို့တော်ဝန်အဖြစ် လူထု၏ရွေးချယ်မှု ခံရပြီးနောက် နှစ်နှစ်အတွင်း ပထမဆုံးနိုင်ငံရေးသမားတစ်ဦးအဖြစ် ပိုင်ဆိုင်မှု သန်းပေါင်းများစွာကို မည်ကဲ့သို့ စုဆောင်းရရှိခဲ့ပုံကို ရှင်းပြရန် အသက် ၃၄ နှစ်အရွယ် ဂို (Guo) အား အစိုးရက ဖိအားပေးမေးမြန်းလာသည့်အခါ သူမသည် ဗင်ကားများနှင့် စက်လှေငယ်များကို အသုံးပြုပြီး လျှို့ဝှက်ကွန်ရက်မှတဆင့် နိုင်ငံတွင်းမှ ထွက်ပြေးသွားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံမှ အာဏာပိုင်များက သူမသည် မလေးရှားသို့ ပင်လယ်လမ်းကြောင်းမှ ဖြတ်ကူးထွက်ပြေးခဲ့ပြီးနောက် စင်ကာပူနှင့် အင်ဒိုနီးရှားသို့ ရောက်ရှိလာခဲ့ပြီးနောက် ဒေသခံပုလိပ်အဖွဲ့မှ ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ဖမ်းဆီးခဲ့သည်ဟု ဖိလစ်ပိုင်အာဏာပိုင်များက ယုံကြည်ကြသည်။ ဖိလစ်ပိုင်အာဏာပိုင်များက ထုတ်ပြန်သည့် ဗီဒီယိုတစ်ခုတွင် ဂျာကာတာ၏ တန်ဂါရန်မြို့၌ လှေကားထစ်တစ်ခုတွင် ဂို (Guo) သည် ပန်းရောင်ညဝတ်ဝတ်စုံနှင့် အဖြူရောင်အဂျာကင်အင်္ကျီကို ဝတ်ဆင်ထားသည်ကို တွေ့ရပြီး အင်ဒိုနီးရှား အာဏာပိုင်များနှင့်အတူ သူမကို လှေကားထစ်တစ်ခုမှ ဆင်းလာသည်ကို မြင်တွေ့ခဲ့ရသည်။ Facebook တွင် တင်ထားသော ဗီဒီယို ကြေညာချက်တွင် ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ (Ferdinand Marcos Jr.) သည် Guo ကို ဖမ်းဆီးခြင်းအတွက် တရားဥပဒေ စိုးမိုးရေး အရာရှိများကို ချီးမွမ်းခဲ့သည်။

“ဒါဟာ တရားမျှတမှုကို ရှောင်လွှဲဖို့ ကြိုးပမ်းသူတွေကို သတိပေးချက်တစ်ခုအနေနဲ့ လုပ်ပါ။ ဒီလိုတိမ်းရှောင်ပြေးခြင်းဟာ အချည်းနှီးသာဖြစ်တဲ့ ကြိုးစားမှုတစ်ခုသာ ဖြစ်ပါတယ်။ တရားဥပဒေရဲ့ လက်တံဟာ ရှည်လျားပြီး သင်ဘယ်လိုပြေးပြေး သင့်ထံကို ရောက်ရှိလာလိမ့်မယ်” ဟု ဆိုသည်။ Guo ၏တရားရေးရှေ့နေအဖွဲ့သည် CNN သို့ ကြာသပတေးနေ့တွင် ပေးပို့သောကြေညာချက်တွင် သူမသည် ယခုအချိန်တွင် “ သူမအား စွပ်စွဲချက်များအပေါ် ပြဿနာများကို ဖြေဆိုရန်အခွင့်အရေး ရနိုင်သည်” ဖြစ်သောကြောင့် ဖမ်းဆီးမှုကို “ ကြိုဆိုပါတယ်” ဟု ရေးသားခဲ့သည်။ “ Alice L. Guo သည် ဒုက္ခများကို ရင်ဆိုင်ရာတွင် ရဲစွမ်းသတ္တိနှင့် ခံနိုင်ရည်ရှိမှုကို ပြသနိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်” ဟု သူမ၏ရှေ့နေ David Buenaventura နှင့် Ang အမှုလိုက်တရားရုံးမှ ပြောကြားခဲ့သည်။

အောင်မြင်ကျော်ကြားမှုမှ ပြုတ်ကျခြင်း

++++++++++++++++++++++

အနက်ရောင်ဆံပင်ရှည်နှင့် တောက်ပသောအပြုံးတို့ဖြင့် မနီလာမြို့ မြောက်ဘက် မိုင် ၆၀ ခန့်အကွာရှိ တာလက် (Tarlac) ပြည်နယ်ရှိ မြို့ငယ်လေးဖြစ်သော ဘန်ဘင် (Bamban) မြို့တော်ဝန်အတွက် အရွေးခံမည့် ကိုယ်စားလှယ်လောင်းသည် ၂၀၂၂ ခုနှစ် မဲဆွယ်စည်းရုံးရေးအကြောင်းအရာကို YouTube တွင် တင်ခဲ့သည့်။ “အဲလစ်ဂို အစစ်ကို သိအောင်လုပ်ပါ” ဗီဒီယိုတွင် ပန်းရောင် ပိုလိုရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး ပန်းရောင်သည် သူမ၏ အမှတ်အသားအရောင်ဖြစ်ပြီး ထိုအရောင်ကို ဝတ်ဆင်ထားသည့် ပရိသတ်များကို လက်ပြနှုတ်ဆက်သည်ကို မြင်တွေ့ရသည်။ မဲဆွယ်စည်းရုံးမှု အောင်မြင်ပြီး ဂိုသည် မြို့တော်ဝန်အဖြစ် အရွေးခံရသည်။ သူမ၏ ပြည်နယ်ဘဝသည် သာမန်မျှသာဖြစ်သည်။ သူမ၏ YouTube ဗီဒီယိုများတွင် သူမသည် ပုံမှန်ဖိလစ်ပိုင်လူမျိုးကဲ့သို့ နံနက်စာအတွက် ကြက်သားကြော်နှင့် ငါးခြောက်ကြော်ကို စားသည်ကို တွေ့ခဲ့ရသည်။

သို့သော်လည်း စိတ်အားထက်သန်သော လူငယ်ပြည်သူ့ဝန်ထမ်းတစ်ဦးအဖြစ် ဂို၏ ပုံရိပ်သည် ယခုနှစ်အစောပိုင်းတွင် သမ္မတဖွဲ့စည်းထားသော ရာဇဝတ်မှုတိုက်ဖျက်ရေးကော်မရှင် (PAOCC) မှ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမားနှစ်ဦးထံမှ သီးခြားသတင်းပေးပို့ချက်များကို လက်ခံရရှိသောအခါတွင် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ လူပေါင်း ၇၈,၀၀၀ သာနေထိုင်သည့် ဘန်ဘင်(Bamban) ရှိ အဆောက်အအုံတစ်ခုတွင် ၎င်းတို့၏ဆန္ဒကို ဆန့်ကျင်၍ ထိန်းသိမ်းထားသည်ဟုဆိုကာ ၎င်းတို့၏ဇာတိနိုင်ငံသို့ ပြန်ပို့ပေးရန် အကူအညီတောင်းခံခဲ့သည်။ အဆိုပါ အဆောက်အအုံသည် လောင်းကစားလုပ်ငန်းများကို တရားဝင်လုပ်ကိုင်ခွင့်မရှိသည့် တရုတ်နိုင်ငံရှိ လောင်းကစားသမားများကို ပံ့ပိုးပေးသည့် ဖိလစ်ပိုင်ကမ်းလွန်ဂိမ်းဆော့ခြင်းလုပ်ငန်း (POGO) ဖြစ်သည်ဟု သံသယရှိခဲ့သည်။ ဇူလိုင်လအထိ POGO များသည် နိုင်ငံခြားအလုပ်သမား ထောင်ပေါင်းများစွာအတွက် ရေပန်းစားသော အလုပ်နေရာများဖြစ်သည်။

တရုတ်ကို ထောက်ခံသော သမ္မတဟောင်း ရိုဒရီဂိုဒူတာဒေးလက်ထက်တွင် ဖိလစ်ပိုင်နိုင်ငံရှိ မက်ထရို-မနီလာဒေသတလျှောက်ရှိ အဆောက်အအုံများအနီးတွင် ဖိလစ်ပိုင်ကမ်းလွန်ဂိမ်းလုပ်ငန်းများ (POGO) ဟု တရားဝင်ခေါ်ဆိုသော တရုတ်အွန်လိုင်းဂိမ်းနေရာများ အများအပြား ပေါ်ပေါက်လာသောအခါ ဖိလစ်ပိုင်တွင် တရုတ်သြဇာလွှမ်းမိုးမှုအပေါ် ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်လာကြသည်။

သို့သော် မတ်လတွင် အာဏာပိုင်များက ဘန်ဘင် (Bamban) အဆောက်အအုံကို ဝင်ရောက်စီးနင်းသောအခါတွင် ၎င်းတို့ဆန္ဒကို ဆန့်ကျင်ပြီး အတင်းအဓမ္မ အလုပ်စေခိုင်းခြင်း ခံနေရသည် ဆိုထားသည့် ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်နှင့် အခြားနိုင်ငံသား ၈၀၀ ကျော်ကို တွေ့ရှိခဲ့သည်။ အစိုးရပိုင်ဖိလစ်ပိုင်သတင်းအေဂျင်စီက ရဲများသည် လိမ်လည်မှုများအတွက် အသုံးပြုသည်ဟု စွပ်စွဲထားသော “လိမ်လည်အချစ်” ဇာတ်ညွှန်းများ၊ သေနတ်များနှင့် မိုဘိုင်းလ်ဖုန်းများကို ရဲများက တွေ့ရှိခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့သည်။ ကယ်ဆယ်ထားသော အလုပ်သမားများသည် ငွေပို့ရန် လူများကို ဆွဲဆောင်ရန် ချစ်သူများအဖြစ် ဟန်ဆောင်ကာ “ဝက်သတ်ခြင်း” ဟု လူသိများသော လိမ်လည်လှည့်ဖြားမှု တစ်မျိုးဖြစ်သည့် အင်တာနက်ပေါ်ရှိ အမျိုးသမီးငယ်များအဖြစ် အယောင်ဆောင်ပြီး လိမ်လည်လှည့်ဖြားကာ ဖြားယောင်းသွေးဆောင်ပြီး ယုံကြည်လာအောင်ပြု၍ လိမ်လည်မရသည့် အမျိုးအစားဖြစ်သည်။

ဘန်ဘင်၌ အောက်ခြေတွင် ဖြစ်ပျက်နေသည်ကို သိရှိရန် စစ်ဆေးဖို့ ဖိလစ်ပိုင်ဆီးနိတ်လွှတ်တော်မှ အထက်လွှတ်တော်အမတ် ရီဆာ ဟွန်တီဗာရော့်စ် (Risa Hontiveros) ဦးဆောင်ပြီး ဂိုကို မေလ ၇ ရက်နေ့တွင် စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သည်။ ဂိုသည် ၎င်း၏ Facebook တွင် ရှိတရားဝင်အကောင့်ကို ဖြုတ်ချခြင်းမပြုမီ ခြိမ်းခြောက်ခံနေရမှုနှင့် စိတ်ကျန်းမာရေးတို့ကို အကြောင်းပြပြီး အနည်းဆုံး ကြားနာမှု သုံးခုကို ပျက်ကွက်ခဲ့ကြောင်း သိရသည်။ ကြားနာခြင်းမှ ပျက်ကွက်နေချိန်တွင် ကာစီနိုစင်တာများကို စီးနင်းမှုများ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံတစ်ဝှမ်းတွင် ပျံ့နှံ့နေသည့် POGO များနှင့်ပတ်သက်၍ လူအများ၏ဝေဖန်မှုများ ပြင်းထန်လာသည်။

Complexin Bamban တွင် နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများသည် မြို့တော်ဝန်နှင့် လောင်းကစားစင်တာများ၏ မြေအောက်ဒုစရိုက်ကမ္ဘာကြားရှိ ဆက်စပ်မှုများကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး အချို့မှာ ငွေကြေးခဝါချရန် အသုံးချနေသည်ဟု သံသယရှိသူများလည်း ရှိသည်။ သမ္မတမားကို့စ် ဂျူနီယာသည် ဇူလိုင် ၂၂ ရက်က နိုင်ငံကို မိန့်ခွန်းပြောကြားရာတွင် ကမ်းလွန်ကာစီနိုများ အများအပြားပေါ်ပေါက်လာမှုကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ လွှတ်တော်အမတ်များ၏ ဂုဏ်ပြုသံများကြားတွင် ၎င်းက အလုံးစုံတားမြစ်ချက်ကို ချက်ချင်းအကျိုးသက်ရောက်စေရန် အမိန့်ပေးခဲ့သည်။

“တရားဝင်အဖွဲ့အစည်းတွေအဖြစ် အသွင်ဆောင်ပြီး သူတို့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေဟာ ငွေကြေးလိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ ပြည့်တန်ဆာလုပ်ငန်း၊ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ ရက်စက်ကြမ်းကြုတ်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေ၊ လူသတ်မှုတွေလိုမျိုး ဂိမ်းကစားတာကနေ အဝေးဆုံး နေရာတွေဆီ အဆုံးစွန် ဖြစ်နေခဲ့ပါတယ်” ဟု မားကို့စ်က ပြောကြားခဲ့သည်။ “ ကျွန်တော်တို့ရဲ့ ဥပဒေကို ပြင်းထန်စွာ အလွဲသုံးစားမှုနဲ့ မလေးစားမှုတို့ကို ကျွန်တော်တို့ ရပ်တန့်ရပါမယ်” ဟု သူက ဆိုသည်။

တရုတ်နိုင်ငံနှင့် ဆက်စပ်မှု ရှိသည်ဟု သံသယရှိလာသည်

++++++++++++++++++++++++++++++++

ဤတိုးမြှင့်စိစစ်မှုကို ဆန့်ကျင်သည့်အနေဖြင့် မေလတွင်စတင်ခဲ့သော တရုတ်ရာဇဝတ်ကောင်များနှင့် ဂို၏ ဖြစ်နိုင်ခြေရှိသော တရုတ်နိုင်ငံနှင့်ဆက်နွှယ်မှုများကို အထက်လွှတ်တော်က စုံစမ်းစစ်ဆေးမှုသည် ခြေပုန်းခုတ် ဖိလစ်ပိုင် နိုင်ငံသားများအတွက် အတင်းအကြပ် ကြည့်ရှုခြင်း ဖြစ်ပါသည်။ ဂို၏ဘဝဇာတ်ကြောင်း၏ အစိတ်အပိုင်းများစွာကို နာရီပေါင်းများစွာကြာသည့် လူသိရှင်ကြား ထုတ်လွှင့်သည့် အစည်းအဝေးများတွင် ဂိုနှင့် သူမ၏ ကြံရာပါများကို ရည်ရွယ်သည့် မေးခွန်းများဖြင့် ပြည့်နှက်နေသည်ဟု လွှတ်တော်အမတ်များက ပြောကြားခဲ့သည်။

သူမ၏ ထွက်ဆိုချက်အတွင်း ဂိုက သူမသည် ဘန်ဘင်မြို့ရှိ မွေးမြူရေးခြံတွင် ကြီးပြင်းခဲ့ပြီး ဖိလစ်ပိုင် အိမ်အကူနှင့် တရုတ်အမျိုးသားတို့၏ကလေးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂိုသည် တဂလော့ (Tagalog) ကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သော်လည်း သူမသည် မြို့တွင်းတွင် ပုံမှန်ပြောလေ့ရှိသော ကာပန်ပန်ဂန် (Kapampangan) ဒေသဘာသာစကားကို မပြောတတ်ပါ။ ဆရာမ ရူဘီလင်း(“Teacher Rubilyn”) ဟု ခေါ်သော အမျိုးသမီးတစ်ဦးမှ အိမ်တွင်းစာသင်ကြားသည့် ကျောင်းတက်နေရပြီး သူမကို အသိအမှတ်ပြုပေးမည့် ငယ်သူငယ်ချင်းများ မရှိဟု သူမက ဆိုသည်။

သူမ၏ တရုတ်မျိုးရိုးဗီဇဆိုင်ရာ မေးခွန်းများအတွက် သူမ၏ ရှောင်လွှဲသောအဖြေများကို ကိုးကား၍ ဘေဂျင်းအတွက် “သူလျို” အဖြစ် သူမ လုပ်ဆောင်နေခြင်းအပေါ် လွှတ်တော်အမတ်များက သံသယများ ကြီးထွားလာခဲ့သည်။ ရာဇဝတ်မှု မှတ်တမ်းများ ရှိသည့် နိုင်ငံခြားသားများနှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းများတွင် သံသယများ တိုးလာသည်။ ၂၀၀၅ ခုနှစ် လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများကို အခြေခံ၍ သူမ၏အမည်ရင်းမှာ ဂိုဟွာပင်း (“ Guo Hua Ping” ) ဖြစ်သည်ကို အထက်လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ဖော်သောအခါတွင် ထင်ကြေးပေးမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသား စုံစမ်းစစ်ဆေးရေးဗျူရိုက သူမ၏ လက်ဗွေရာများသည် အမည်တူ တရုတ်အမျိုးသမီးတစ်ဦးနှင့် ကိုက်ညီကြောင်း တွေ့ရှိခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများအရ ဂိုသည် အသက် ၈ နှစ်အရွယ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ တရားဝင်လေကြောင်းလိုင်းမှ ဝင်ရောက်လာခဲ့သည်ကို တွေ့ရှိရသည်။ သူမနှင့် နာမည်တူသည့် Alice L. Guo ၏ နိုင်ငံသားဆိုင်ရာမှတ်တမ်းအရ သူမနှင့် လုံးဝရုပ်ချင်းမတူသည့် အမျိုးသမီးဖြစ်သည်ကို တွေ့ရှိရသည်။

ဂိုသည် အထက်လွှတ်တော်ကြားနာမှုအတွင်း သူမ၏ မွေးစာရင်း၊ ပညာရေးအထောက်အထားနှင့် ဖိလစ်ပိုင်တွင် ကြီးပြင်းခဲ့ကြောင်း ခိုင်မာသောအထောက်အထားများ အပါအဝင် အခြေခံစာရွက်စာတမ်းများကိုပင် ပေးအပ်ရန် အခက်တွေ့နေခဲ့သည်။

ဂိုသည် ဘာအိုဖူ မြေယာဖွံ့ဖြိုးမှု (Baofu Land Development) ကုမ္ပဏီ နှင့် ၂၀၁၉ ခုနှစ်တွင် စီးပွားရေးလုပ်ဖော်ကိုင်ဖက် ဂျန် ရူဂျင် (Zhang Ruijin) နှင့် လင်ဘောင်ရင်း (Lin Baoying) တို့နှင့် တွဲဖက်လုပ်ကိုင်ခဲ့သည်ကို ဖိလစ်ပိုင် အထက်လွှတ်တော် စုံစမ်းစစ်ဆေးမှုက တင်ပြခဲ့သည်။ ထိုကုမ္ပဏီသည် အလုပ်သမားများကို အာဏာပိုင်တွေက ကယ်တင်ခဲ့သည့် ဘမ်ဘန်မှာရှိသော အလားတူ ကျယ်ပြော ရှုပ်ထွေးသည့် အဆောက်အအုံတွင် မှတ်ပုံတင်ထားပါသည်။ သူမ၏သံသယဖြစ်ဖွယ် တရုတ်စီးပွားရေးလုပ်ဖော်ကိုင်ဖက် ဂျန်နှင့် လင်တို့နှစ်ဦးစလုံးသည် ဒေါ်လာသန်းပေါင်းများစွာကို ငွေကြေးခဝါချရန်အတွက် စာရွက်စာတမ်းအတုပြုလုပ်မှုဖြင့် စင်ကာပူတွင် ထောင်ကျနေခြင်းဖြစ်သည်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကောင်စီ (AMLC) အပါအဝင် ဖိလစ်ပိုင်တရားဥပဒေစိုးမိုးရေးအေဂျင်စီများသည် ဂိုနှင့် အခြား ၃၅ ဦးတို့အား တရားရေးဌာနရှေ့တွင် ငွေကြေးခဝါချမှု အများအပြားကို ပူးတွဲတင်ပြခဲ့ပြီး ရာဇဝတ်မှုများမှ ရရှိသောငွေ ဒေါ်လာ ၁.၈ သန်း (ဖိလစ်ပိုင်ပီဆို သန်း ၁၀၀)) ရှိခဲ့သည်။ AMLC သည် ဂိုနှင့် သူမ၏လုပ်ဖော်ကိုင်ဖက်များထံမှ ဖိလစ်ပိုင်ပီဆို ၆ ဘီလီယံ (ဒေါ်လာ ၁၀၆ သန်း) ကျော်တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို သိမ်းယူရန် လျှောက်ထားခဲ့သည်။

စွဲချက်တင်ခံရသူများထဲတွင် ဂို၊ သူမ၏ညီမ ရှီလာ (Shiela) နှင့် စီးပွားဖက် ကာဆန်ဒရာ လီအွန် (Cassandra Li Ong) တို့နှင့် ကုမ္ပဏီအမည်များစွာဖွဲ့စည်းထားခဲ့ကြသည်။ ထိုငွေလိမ်ဌာနကြီးများမှာ QSeed Genetics, Zun Yuan Technology Inc., Hongshen Gaming Technology Inc၊ QJJ Farms နှင့် Baofu Land Development Inc တို့ဖြစ်သည်။

ဩဂုတ်လ ၃၀ ရက်နေ့ စွဲချက်တင်သည့် အချိန်တွင် ဂိုက ထွက်ပြေးသွားပြီ ဖြစ်သည်။ သမ္မတ မားကို့စ်ဂျူနီယာက ဂိုသည် စံတရားဝင်အခွင့်အရေးများကို ရသင့်ရထိုက်သော်လည်း ဖိလစ်ပိုင်သည် တရားမျှတမှုကို ရှာဖွေရာတွင် အချိန်ဖြုန်းမည် မဟုတ်ကြောင်းနှင့် သူမအား ထွက်ပြေးရန် ကူညီခဲ့သူများကို ခြေရာခံ စုံစမ်းရန် အရေးယူသွားရန် ကတိပြုခဲ့သည်။ “အမှုရဲ့ အဆုံးအဖြတ်ကို သက်တမ်းရှည်ကြာအောင် ခွင့်ပြုမှာ မဟုတ်ပါဘူး ရရှိမဲ့အဖြေကတော့ ဖိလစ်ပိုင်ပြည်သူတွေက အောင်ပွဲခံမယ့် အဖြေပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

See insights and ads

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေစဉ်၊ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် အဘယ်ကြောင့် ယခုထက်ထိ “
နိုင်ငံတကာသတင်း မက္ကဆီကို လက်တင်အမေရိက

မက္ကဆီကိုကမူးယစ်ရာဇာ “အယ်မန်ချို”ကို သူ့ချစ်သူ၏ယုံကြည်ရသူနှင့် အမေရိကန် ထောက်လှန်ရေးအကူအညီပူးပေါင်းပြီးဘယ်လိုထောက်လှမ်းသုတ်သင်နိုင်ခဲ့သလဲ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ အလိုရှိဆုံး ဂိုဏ်းခေါင်းဆောင် နေမီစီယို အယ်မန်ချို အိုစီဂွေရာ ဆာဗားန်တေးစ်ကို တနင်္ဂနွေနေ့က အန္တရာယ်ကြီးမားသော စစ်ဆင်ရေးတစ်ခုအတွင်း အသေဖမ်းဆီးနိုင်ခဲ့ရာ၊
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းတွင် မှားယွင်းသော တွက်ချက်မှုတစ်ခုကြောင့် ရုရှားသည် လေးနှစ်ကြာသည့်တိုင် အဖိုးအခပေးဆပ်နေရဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အစောပိုင်းနာရီများတွင် ကိယက်ဗ် (Kyiv) မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ကျွန်တော်ရပ်နေစဉ်၊
နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏ ဒုတိယမြောက် သက်တမ်း အတွင်း အပြင်းထန်ဆုံးသော ပယ်ချမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ သမ္မတကိုယ်တိုင် ခန့်အပ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 59 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်