နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ICU ထဲ သတိလစ်နေပြီး ကျန်းမာရေးစိုးရိမ်နေရ

အောက်တိုဘာလ (၆)ရက်။

မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတဲ့ NLD ဒုဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ICU ထဲ သတိလစ်နေပြီး ကျန်းမာရေး စိုးရိမ်နေရတယ်လို့ နီးစပ်တဲ့သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ ဒေါက်တာဇော်မြင့်မောင်ကို ပြီးခဲ့တဲ့လကစပြီး မန္တလေးဆေးရုံကို ပို့ဆောင်ထားတာပါ။ ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့် မနေ့က နေ့လယ်ပိုင်းကစပြီး ICU ထဲ ပို့ထားတယ်၊ သတိ‌လစ်နေတယ်” လို့ သူက ဆိုပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ စက်တင်ဘာလကစပြီး မန္တလေးဆေးရုံသို့ ပို့ဆောင်ဆေးကုသတာခံယူနေရပြီး အခုအခါ အထူးကြပ်မတ်ဆောင်(ICU)ထဲ သတိလစ်မေ့မြောနေကာ စောင့်ကြည့်‌နေရတယ်လို့ သိရပါတယ်။

အခုလို ကျန်းမာရေးမကောင်းတာကြောင့် ဒေါက်တာဇော်မြင့်မောင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်လာတာ မရှိသေးပါဘူး။

အသက် (၇၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာဝေဒနာကို ခံစားနေရပြီး ဇွန်လပိုင်းထဲကစပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် ခါးရိုးချဉ်ဆီ ထုတ်ယူစစ်ဆေးခံနေရတာပါ။

‌ဒေါက်တာဇော်မြင့်မောင်ကို စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီက ထောင်ဒဏ် (၂၉)နှစ်အထိ ချမှတ်ထားတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးနှင့် တိုဟိုကုဒေသများတွင် အင်အား မဂ္ဂနီကျူ ၇ ဒဿမ ၆ ပြင်းအားရှိသော ငလျင်လှုပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 21 Views
ဒီဇင်ဘာလ (၈) ရက်။ အရေးပေါ်သတင်း။ ဒီနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် ဟိုကိုင်းဒိုး
မြန်မာသတင်း

စစ်ကောင်စီနဲ့ အပစ်ရပ်ရေးထိုးတာ တော်လှန်ရေးကို မထိခိုက်စေဘဲ ခရီးဆုံးအထိ ဆက်လျှောက်မယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 20 Views
ဒီဇင်ဘာလ (၈)ရက်။ စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲရေး ရေးထိုးတာဟာ တော်လှန်ရေးပန်းတိုင်နဲ့ မျှော်မှန်းချက်ကို ထိခိုက်မှာမဟုတ်ဘူးလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်ခန်းမ ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲ (၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 21 Views
ဒီဇင်ဘာလ (၈)ရက်။ ဒီဇင်ဘာလ (၆)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က မြောက်ဥက္ကလာပမြို့နယ်ခန်းမကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဥက္ကလာပမြို့နယ်ခန်းမကို လက်လုပ်မိုင်း၊ နာနတ်သီးတွေနဲ့ တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ လုံခြုံရေးယူထားတဲ့ ရဲခွေးတွေ
မြန်မာသတင်း

ဂွအခြေစိုက် ခမရ(၅၆၃)က စစ်တပ်ဘက်က ဒုတပ်ကြပ်အပါအဝင် (၄)ဦး ဘက်ပြောင်းလာတယ်လို့ PRA-Magway ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 25 Views
ဒီဇင်ညာလ (၈)ရက်။ အမ်း-ပဒန်းလမ်းပိုင်းရှိ ဇင်ပြွန်းရွာအနီးမှာ စစ်တပ်ရဲ့ ဒုတပ်ကြပ်အပါအဝင် တပ်ဖွဲ့ဝင် (၄)ဦး ပြည်သူ့ဘက်ကူးပြောင်းလာခဲ့တယ်လို့ PRA-Magway ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ တပ်ဖွဲ့ဝင် (၄)ဦးဟာ ဂွမြို့အခြေစိုက် ခမရ(၅၆၃) လက်အောက်ခံတပ်ရင်းကဖြစ်ပြီး
မြန်မာသတင်း

NUG အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း CRPH ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 19 Views
ဒီဇင်ဘာလ (၈)ရက်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)ကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ CRPH ရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG အစိုးရအဖွဲ့ကို ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူရဲ့ ဒီမိုကရေစီနည်းကျ အပ်နှင်းထားတဲ့ အာဏာကို ကျင့်သုံးပြီး ပြင်ဆင်ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

နေပြည်တော်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 19 Views
ဒီဇင်ဘာလ (၈)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ နှစ်နိုင်ငံကုန်သွယ်ရေးတွေ ပြန်လည်ကောင်းမွန်ဖို့ နယ်စပ်‌ဒေသတည်ငြိမ်ရေး
မြန်မာသတင်း

“CRPH ကထောင်ချနိုင်သတဲ့လား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 37 Views
ငါ့လူ-သူ့လူ-ရွေးအပစ်ပေးတဲ့ခေတ်” ဒီအပတ်ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်းမှာ CRPHက ရွေးကောက်ပွဲဝင်မဲ့သူများကိုထောင်ချနိုင်ဖို့ ဥပဒေရေးဆွဲနေတယ်ဆိုတဲ့သတင်းကို ဆန်းစစ် ဝေဖန်မှုနဲ့ NUG ရဲ့တရားစီရင်‌ရေးမှာ သူ့လူကိုယ့်လူ ဘက်လိုက်မှုတွေကို  ဆွေး‌နွေး တင်ပြကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ တနင်္ဂနွေနေ့ ဒီဇင်ဘာလ (၇)ရက်နေ့မှာ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့ကသူတို့အမြင်များကို
မြန်မာသတင်း

မိုးကုတ်မှာ အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 64 Views
ဒီဇင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီအချိန်ကစပြီး မိုးကုတ်မြို့နယ်ထဲရှိ စစ်တပ်အခြေကုပ်ယူလာတဲ့ နယ်မြေတွေကို PDF တပ်ဖွဲ့ဝင်တွေက အပြင်းအထန် ထိုးစစ်ဆင်ခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲစတင်ခဲ့တဲ့နေ့ကစပြီး ဒီကနေ့အထိ