နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ကမ္ဘာကြီးသည် တတိယမြောက် နျူကလီးယားခေတ်ရောက်လုနီးပါးဖြစ်နေပြီဟု ဗြိတိန်စစ်တပ်အကြီးအကဲက သတိပေး

ဒီဇင်ဘာ (၆) ရက်။

ကမ္ဘာသည် တတိယမြောက် နျူကလီးယားခေတ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဟု ဗြိတိသျှစစ်တပ်၏ အကြီးအကဲက အချက်ပေးလိုက်သည်။

ဒီဇင်ဘာလ (၄) ရက်နေ့တွင် တော်ဝင်ရေတပ်ဦးစီးချုပ် တိုနီ ရာဒါကင် (Tony Radakkin) က ဗြိတိန်နိုင်ငံတော်ဝင်ကာကွယ်ရေးနှင့် လုံခြုံရေးအင်စတီကျု (RUSI) ၌ မိန့်ခွန်းပြောကြားရာတွင် “ကမ္ဘာကြီး ပြောင်းလဲသွားပြီ” နှင့် “ကမ္ဘာ့ပါဝါအခြေအနေ ပြောင်းရွေ့နေပြီး တတိယနျူကလီးယားခေတ်ကို ရောက်လုနီးပါးဖြစ်နေပြီ” ဟု ပြောဆိုခဲ့သည်။

ရာဒါကင်က “အခုရောက်ရှိလာတဲ့ ဒီခေတ်ဟာ အရင်ခေတ်တွေထွက်ပိုပြီး “အရာရာတိုင်းမှာ ပိုမိုရှုပ်ထွေးလာနေတယ်” ဟု သတိပေးခဲ့သည်။ ပထမနျူကလီးယားခေတ်ကို စစ်အေးခေတ်နှင့် ဒုတိယ စစ်အင်အားလျော့ချရေးကြိုးပမ်းမှုခေတ်အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုထားသည်ဟု ပြောခဲ့သည်။

ကမ္ဘာကြီးသည် “ကြိုဆိုနေရသည့် အခြေအနေတွင်ရှိသည့်” တတိယမြောက် နျူကလီးယားခေတ်ကို “အကျပ်ရိုက်စေသော အကျပ်အတည်းများ၊ နျူကလီးယားပျံ့ပွားမှုနှင့် ပျက်စီးစေသောနည်းပညာများဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်ဟု ၎င်းက ဆိုသည်။ ယခင်ကရှိခဲ့သော လုံခြုံရေးယန္တရားများ လုံးဝနီးပါးမရှိခြင်း” ကလည်း အထက်ပါအခြေအနေများတွင် ပါ၀င်နေပါသည်” ဟု ရာဒါကင်က ပြောသည်။

ထိုအချက်များအပေါ် တွင် ယူကရိန်းစစ်ပွဲနှင့် အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခ အများအပြားသည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုကို တွန်းလှန်ခဲ့သည်ဟု ၎င်းက ပြောဆိုခဲ့သည်။

အထူးသဖြင့် ရုရှားက ယူကရိန်းနယ်စပ်တွင် မြောက်ကိုးရီးယားစစ်သားများကို တပ်ဖြန့်ချထားခြင်းသည် ပြီးခဲ့သောနှစ်အတွင်း “ အဆိုးရွားဆုံးသော ဖွံ့ဖြိုးတိုးတက်မှု” ဖြစ်သည်။ ရုရှားအစိုးရသည် အီရန်ဒရုန်းများ အသုံးပြုမှုနှင့် ယီမင်ရှိ ဟူတီသူပုန်အဖွဲ့အား စစ်ရေးအကူအညီပေးခြင်းမှတဆင့် ယူကရိန်းနိုင်ငံအတွက် အနောက်နိုင်ငံများ၏ ပံ့ပိုးကူညီမှုကို လက်တုံ့ပြန်ရန် ခြိမ်းခြောက်ထားပြီး ယင်းခြိမ်းခြောက်မှုအတိုင်း ဆောင်ရွက်နေသည်ဟု ဆန်းစစ်ချက်တွင် ဖော်ပြသည်။

ရုရှားသည် ၎င်း၏နျူကလီးယားအယူဝါဒကို နိုဝင်ဘာလတွင် ပြန်လည်ပြင်ဆင်ခဲ့သည်။ ဒီဇင်ဘာလ (၂) ရက်နေ့က အမေရိကန်သမ္မတ ဘိုင်ဒင်က ယူကရိန်းနိုင်ငံကို အမေရိကန်လုပ် လက်နက်များနှင့် တိုက်ခိုက်ရန် ခွင့်ပြုခဲ့ပါသည်။

သို့သော်လည်း ရုရှားသည် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ကို တိုက်ခိုက်ရန် သို့မဟုတ် ကျူးကျော်ရန် အခွင့်အလမ်း “တစ်သန်းတွင် တစ်ခု” သာရှိသည်ဟု ရာဒါကင်က ရှုမြင်ထားသည်။ အဘယ်ကြောင့်ဆိုသော် ရုရှားက “ဒါမျိုးဖြစ်ရင် သမားရိုးကျလက်နက်ပဲဖြစ်ဖြစ် နျူကလီးယားလက်နက်ပဲဖြစ်ဖြစ် တန်ပြန်တိုက်ခိုက်မှုက အလွန်ပြင်းထန်မယ်” ကို ရုရှားက နားလည်ထားသောကြောင့်ဖြစ်သည်ဟု ရာဒါကင်က ပြောဆိုခဲ့သည်။

“နေတိုးရဲ့ ဟန့်တားရေး ဗျူဟာက အခုပဲ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ကမ္ဘာ့ပတ်ဝန်းကျင် မငြိမ်မသက်မှုတွေကြောင့် နိုင်ငံများကို အုပ်စုသုံးစုခွဲထားသည်ဟု ရာဒါကင်က ထောက်ပြခဲ့သည်။ ပထမအမျိုးအစားတွင် ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားနှင့် အီရန်တို့အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ကြီးစိုးမှုကို စိန်ခေါ်ရန် ကြိုးပမ်းသည့် အာဏာရှင်နိုင်ငံများ ပါဝင်သည်။

ဒုတိယအုပ်စုမှာ ဒီမိုကရေစီနိုင်ငံများနှင့် ပင်လယ်ကွေ့ဘုရင်နိုင်ငံများပါ၀င်သည့် “တာဝန်ရှိနိုင်ငံများ” ဖြစ်သည်။ ဤနိုင်ငံများသည် “ ကမ္ဘာ့တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် ကတိပြုထားကြသည်။”

တတိယအုပ်စုကို “ အုပ်စုနှစ်စုကြား အပြန်ပြန်အလှန်လှန် ရွေ့လျားခြင်းဖြင့် ၎င်းတို့၏ အကျိုးအမြတ်များကို အမြင့်ဆုံးရအောင် ကြိုးပမ်းသည့်နိုင်ငံများ” ဖြင့် ဖွဲ့စည်းထားသည်ဟု ရာဒါကင်က ပြောဆိုခဲ့သည်

နေတိုးနိုင်ငံများသည် ၎င်းတို့၏ ရန်သူများကို အနိုင်ယူရန်အတွက် ၎င်းတို့၏ အားသာချက်များကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ကြောင်း ရာဒါကင်က ဆက်လက်ပြောကြားခဲ့သည်။

သတင်းရင်းမြစ်။ CNN ဂျပန်။

ဓာတ်ပုံ။

တော်ဝင်ရေတပ်ဦးစီးချုပ် Tony Radakkin/Andy Rain/EPA-EFE/Shutterstock

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 29 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 35 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 36 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ