နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ကမ္ဘာကြီးသည် တတိယမြောက် နျူကလီးယားခေတ်ရောက်လုနီးပါးဖြစ်နေပြီဟု ဗြိတိန်စစ်တပ်အကြီးအကဲက သတိပေး

ဒီဇင်ဘာ (၆) ရက်။

ကမ္ဘာသည် တတိယမြောက် နျူကလီးယားခေတ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဟု ဗြိတိသျှစစ်တပ်၏ အကြီးအကဲက အချက်ပေးလိုက်သည်။

ဒီဇင်ဘာလ (၄) ရက်နေ့တွင် တော်ဝင်ရေတပ်ဦးစီးချုပ် တိုနီ ရာဒါကင် (Tony Radakkin) က ဗြိတိန်နိုင်ငံတော်ဝင်ကာကွယ်ရေးနှင့် လုံခြုံရေးအင်စတီကျု (RUSI) ၌ မိန့်ခွန်းပြောကြားရာတွင် “ကမ္ဘာကြီး ပြောင်းလဲသွားပြီ” နှင့် “ကမ္ဘာ့ပါဝါအခြေအနေ ပြောင်းရွေ့နေပြီး တတိယနျူကလီးယားခေတ်ကို ရောက်လုနီးပါးဖြစ်နေပြီ” ဟု ပြောဆိုခဲ့သည်။

ရာဒါကင်က “အခုရောက်ရှိလာတဲ့ ဒီခေတ်ဟာ အရင်ခေတ်တွေထွက်ပိုပြီး “အရာရာတိုင်းမှာ ပိုမိုရှုပ်ထွေးလာနေတယ်” ဟု သတိပေးခဲ့သည်။ ပထမနျူကလီးယားခေတ်ကို စစ်အေးခေတ်နှင့် ဒုတိယ စစ်အင်အားလျော့ချရေးကြိုးပမ်းမှုခေတ်အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုထားသည်ဟု ပြောခဲ့သည်။

ကမ္ဘာကြီးသည် “ကြိုဆိုနေရသည့် အခြေအနေတွင်ရှိသည့်” တတိယမြောက် နျူကလီးယားခေတ်ကို “အကျပ်ရိုက်စေသော အကျပ်အတည်းများ၊ နျူကလီးယားပျံ့ပွားမှုနှင့် ပျက်စီးစေသောနည်းပညာများဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်ဟု ၎င်းက ဆိုသည်။ ယခင်ကရှိခဲ့သော လုံခြုံရေးယန္တရားများ လုံးဝနီးပါးမရှိခြင်း” ကလည်း အထက်ပါအခြေအနေများတွင် ပါ၀င်နေပါသည်” ဟု ရာဒါကင်က ပြောသည်။

ထိုအချက်များအပေါ် တွင် ယူကရိန်းစစ်ပွဲနှင့် အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခ အများအပြားသည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုကို တွန်းလှန်ခဲ့သည်ဟု ၎င်းက ပြောဆိုခဲ့သည်။

အထူးသဖြင့် ရုရှားက ယူကရိန်းနယ်စပ်တွင် မြောက်ကိုးရီးယားစစ်သားများကို တပ်ဖြန့်ချထားခြင်းသည် ပြီးခဲ့သောနှစ်အတွင်း “အဆိုးရွားဆုံးသော ဖွံ့ဖြိုးတိုးတက်မှု” ဖြစ်သည်။ ရုရှားအစိုးရသည် အီရန်ဒရုန်းများ အသုံးပြုမှုနှင့် ယီမင်ရှိ ဟူတီသူပုန်အဖွဲ့အား စစ်ရေးအကူအညီပေးခြင်းမှတဆင့် ယူကရိန်းနိုင်ငံအတွက် အနောက်နိုင်ငံများ၏ ပံ့ပိုးကူညီမှုကို လက်တုံ့ပြန်ရန် ခြိမ်းခြောက်ထားပြီး ယင်းခြိမ်းခြောက်မှုအတိုင်း ဆောင်ရွက်နေသည်ဟု ဆန်းစစ်ချက်တွင် ဖော်ပြသည်။

ရုရှားသည် ၎င်း၏နျူကလီးယားအယူဝါဒကို နိုဝင်ဘာလတွင် ပြန်လည်ပြင်ဆင်ခဲ့သည်။ ဒီဇင်ဘာလ (၂) ရက်နေ့က အမေရိကန်သမ္မတ ဘိုင်ဒင်က ယူကရိန်းနိုင်ငံကို အမေရိကန်လုပ် လက်နက်များနှင့် တိုက်ခိုက်ရန် ခွင့်ပြုခဲ့ပါသည်။

သို့သော်လည်း ရုရှားသည် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ကို တိုက်ခိုက်ရန် သို့မဟုတ် ကျူးကျော်ရန် အခွင့်အလမ်း “တစ်သန်းတွင် တစ်ခု” သာရှိသည်ဟု ရာဒါကင်က ရှုမြင်ထားသည်။ အဘယ်ကြောင့်ဆိုသော် ရုရှားက “ဒါမျိုးဖြစ်ရင် သမားရိုးကျလက်နက်ပဲဖြစ်ဖြစ် နျူကလီးယားလက်နက်ပဲဖြစ်ဖြစ် တန်ပြန်တိုက်ခိုက်မှုက အလွန်ပြင်းထန်မယ်” ကို ရုရှားက နားလည်ထားသောကြောင့်ဖြစ်သည်ဟု ရာဒါကင်က ပြောဆိုခဲ့သည်။

“နေတိုးရဲ့ ဟန့်တားရေး ဗျူဟာက အခုပဲ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ကမ္ဘာ့ပတ်ဝန်းကျင် မငြိမ်မသက်မှုတွေကြောင့် နိုင်ငံများကို အုပ်စုသုံးစုခွဲထားသည်ဟု ရာဒါကင်က ထောက်ပြခဲ့သည်။ ပထမအမျိုးအစားတွင် ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားနှင့် အီရန်တို့အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ကြီးစိုးမှုကို စိန်ခေါ်ရန် ကြိုးပမ်းသည့် အာဏာရှင်နိုင်ငံများ ပါဝင်သည်။

ဒုတိယအုပ်စုမှာ ဒီမိုကရေစီနိုင်ငံများနှင့် ပင်လယ်ကွေ့ဘုရင်နိုင်ငံများပါ၀င်သည့် “တာဝန်ရှိနိုင်ငံများ” ဖြစ်သည်။ ဤနိုင်ငံများသည် “ကမ္ဘာ့တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် ကတိပြုထားကြသည်။”

တတိယအုပ်စုကို “အုပ်စုနှစ်စုကြား အပြန်ပြန်အလှန်လှန် ရွေ့လျားခြင်းဖြင့် ၎င်းတို့၏ အကျိုးအမြတ်များကို အမြင့်ဆုံးရအောင် ကြိုးပမ်းသည့်နိုင်ငံများ” ဖြင့် ဖွဲ့စည်းထားသည်ဟု ရာဒါကင်က ပြောဆိုခဲ့သည်

နေတိုးနိုင်ငံများသည် ၎င်းတို့၏ ရန်သူများကို အနိုင်ယူရန်အတွက် ၎င်းတို့၏ အားသာချက်များကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ကြောင်း ရာဒါကင်က ဆက်လက်ပြောကြားခဲ့သည်။

သတင်းရင်းမြစ်။ CNN ဂျပန်။

ဓာတ်ပုံ။

တော်ဝင်ရေတပ်ဦးစီးချုပ် Tony Radakkin/Andy Rain/EPA-EFE/Shutterstock

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက