နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

အိုးဘိုအကျဉ်းထောင်မှာ ဆေးကုသခွင့် မလုံလောက်လို့ နိုင်/ကျဉ်းအမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

ဖေဖော်ဝါရီလ (၇)ရက်။

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဆေးဝါးကုသခွင့်မလုံလောက်တာကြောင့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးဟာ ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အသက် (၃၅)နှစ်အရွယ်ရှိ မယဉ်မိုးကို ၂၀၂၁ခုနှစ် မတ်လက ပုဒ်မ ၅၀၅(က)အမှုနဲ့ ချမ်းအေးသာစံတရားရုံးကနေ ထောင်ဒဏ် (၆)နှစ် မတရားအမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မယဉ်မိုးဟာ အိုးဘိုအကျဉ်းထောင်ကနေ ၂၀၂၂ခုနှစ် (၇)လပိုင်းမှာ မြင်းခြံအကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီး ကျန်းမာရေးမကောင်းတာကြောင့် အိုးဘိုအကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ မယဉ်မိုးအနေနဲ့ မကြာခဏ ထောင်အာဏာပိုင်တွေကို ပြင်ပဆေးရုံကို ပို့ဆောင်ကုသဖို့ တောင်းဆိုတာကြောင့် ပို့ပေးပေမယ့် လုံခြုံရေးမပေးနိုင်လို့ဆိုပြီး ဆေးကုခွင့်မပေးတော့ဘဲ မန္တလေးဆေးရုံကြီးကနေ ထောင်ကို (၆)ကြိမ် ပြန်ခေါ်ယူခဲ့တယ်” လို့ PPNM က ပြောဆိုထားပါတယ်။

မယဉ်မိုးဟာ ကျောက်ကပ်ရောဂါ မသက်သာတဲ့ကြားကနေ ထောင်ဆေးရုံနဲ့ မန္တလေးဆေးရုံကြီးနှစ်ခုကို မကြာခဏ ကူးပြောင်းတာတွေ ပြုလုပ်ခဲ့ရပြီး ရောဂါမသက်သာလို့ ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဇန်နဝါရီလ (၂၆)ရက်မှာ အကျဉ်းထောင်ကို ပြန်ခေါ်ယူခဲ့တယ်လို့ ရေးသားထားပါတယ်။

နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးအနေနဲ့ ထောင်ထဲမှာ ကျောက်ကပ်ရောဂါရှိနေတာကို အချိန်မှီမသိရှိတာ၊ ရောဂါဖြစ်နေချိန် ထောင်ထဲမှာ ဆေးဝါးကုသခွင့်လုံလောက်စွာမရရှိတာနဲ့ ပြင်ပဆေးရုံမှာ အချိန်ပြည့် ဆေးကုခွင့်မရတာတို့ကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ ပထမအပတ်ထဲ အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်ခွင့်မရရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ သေဆုံးတာ (၅)ဦးအထိရှိပြီဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

ရေဦးမြို့မှာ ရပ်ကျေးပကဖထောင်ထားတဲ့မိုင်း ချို့ယွင်းပေါက်ကွဲကာ ခရီးသည်တင်ကားတစ်စီး ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 4 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် ရေဦးနယ်တောင်ဘက်ခြမ်းမှာ ခရီးသည်တင်ကားတစ်စီး မိုင်းစထိမှန်ခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ People’s Defense Comrade(PDC)ရဲ့
1027 Operations မြန်မာ့နိုင်ငံရေး

ကိုးကန့်တပ်(MNDAA) တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်တယ်ဆိုတာ သတင်းအမှားလို့ UWSA ငြင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 23 Views
စက်တသ်ဘာလ (၁၀)ရက်။ ကိုးကန့်တပ်(MNDAA)ရဲ့ တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်ဆိုပြီး သတင်းဌာနအချို့က ရေးသားခဲ့တာဟာ သတင်းအမှားလို့ UWSA ပြင်ပဆက်ဆံရေးတာ၀န်ခံ ဦးညီရန်းရဲ့
မြန်မာ့နိုင်ငံရေး

တစ်ရက်ထဲ စစ်ကောင်စီရဲ့ လေကြောင်းကြောင့် အရပ်သား (၂၇)ဦးအထိသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 21 Views
စက်တင်ဘာလ (၇)ရက်။ မနေ့က တစ်ရက်ထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၂၇)ဦးသေဆုံးခဲ့ပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နမ့်ခမ်းမြို့၊ ဟိုကတ်ရပ်ကွက်ရှိ ညဈေးတန်းနဲ့ ကျားဖြူခန်းမကို စစ်ကောင်စီက
1111 စစ်ဆင်ရေး (ကယား) မြန်မာ့နိုင်ငံရေး

ကရင်နီ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 24 Views
စက်တင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်မှာ ကရင်နီပြည်နယ်၊ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၃)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နံနက် (၉)နာရီကျော်လောက်စပြီး နန်းမယ်ခုံအနီး၀န်းကျင်ကို ဗုံး
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

မုံရွာတိုးဂိတ်အနီးက စစ်ကောင်စီတပ် မိုင်းခွဲခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 50 Views
ဩဂုတ်လ (၈)ရက်။ မနေ့က နံနက် (၇)နာရီခန့်မှာ မုံရွာတိုးဂိတ်အနီးက စစ်ကောင်စီတပ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ PDF-South Monywa ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြပုလဲစစ်ဆေးရေးဂိတ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မုံရွာတိုးဂိတ်အနီး လမ်းသွားလမ်းလာပြည်သူတွေကို နေ့တိုင်း
မြန်မာ့နိုင်ငံရေး

နယ်‌စပ်ဒေသတွေထဲ ကျားဖြန့်တွေဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်တာတို့ကြောင့် မသိခဲ့တာလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 42 Views
ဇူလိုင်လ (၁၀)ရက်။ နယ်စပ်ဒေသတွေထဲ အွန်လိုင်းလိမ်လည်တာတွေဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်တာကြောင့် မသိခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ လောင်ကိုင်ဒေသအပါအ၀င် နယ်စပ်ဒေသတွေမှာဖြစ်ခဲ့တဲ့ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်တာတွေဟာ ဟိုတယ်တွေ၊ လျှို့ဝှက်နေရာတွေမှာ ပုန်းလျှိုးကွယ်လျှိုး ဆောင်ရွက်ကြတာမို့လို့
မြန်မာ့နိုင်ငံရေး

ရန်ကုန်မှာ ညပိုင်းမီးပျက်တဲ့အချိန် စစ်ကောင်စီက မြို့နယ်အချို့ထဲ ဧည့်စာရင်းစစ်ရှာဖွေတာတွေပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 27 ရက်
  • 72 Views
ဇွန်လ (၂၇)ရက်။ မနေ့က ည (၇)နာရီခွဲအချိန်မှာ ရန်ကုန်တိုင်းထဲ မီးပြတ်တောက်တဲ့အချိန် စစ်ကောင်စီဘက်က မြို့နယ်အချို့မှာ ဧည့်စာရင်းစစ်ပြီး ရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ညက ရန်ကုန်တိုင်းတခုလုံး မီးပြတ်သွားတာ၊ ဘာလို့ပြတ်လဲဆိုတာတော့မသိဘူး၊ အဲ့ဒီမီးပြတ်တဲ့အချိန်
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

စစ်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး တွဲကား(၃)စီးပျက်စီးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 57 Views
ဇွန်လ (၂၁)ရက်။ မနေ့က နံနက်(၁၀)နာရီအချိန်မှာ မန္တလေးမြို့ကနေ မုံရွာမြို့ဘက်ကို စစ်အသုံးအဆောင်ရိက္ခာတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို တိုက်ခိုက်ခဲ့တယ်လို့ Aera 71 Monywa PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အသုံးအဆောင်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို