နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုသိမ်မြို့က အားကစားကွင်းနဲ့ အခြေခံပညာကျောင်းအနီးက ဆိုင်ခန်းတွေကို ဖျက်ခိုင်းနေ

မေလ (၇)ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ကိုးသိန်းအားကစားကွင်းနဲ့ စာသင်ကျောင်းတွေနားက ဆိုင်ခန်းတွေကို ဒီလကုန် နောက်ဆုံးထားပြီး ဖျက်ခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ ပုသိမ်မြို့ အလက(၂)၊ အထက(၃)၊ (၉)၊ (၁၁)နဲ့ အရင်ချောင်းသာကားဂိတ်က ဆိုင်ခန်းတွေကို အကြမ်းဖက်အစိုးရအမိန့်ဆိုပြီး ဖျက်ခိုင်းနေတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဆိုပါအခြေခံပညာကျောင်း (၄)ကျောင်းအနီးဝန်းကျင်က ဆိုင်ခန်းတွေကို အထက်အမိန့်ဆိုပြီး စစ်ကောင်စီလက်အောက်ခံတွေက မေလ (၂၆)ရက်နေ့ နောက်ဆုံးထားကာ ဖျက်ခိုင်းနေတာပါ။

ဒါ့ပြင် ကိုးသိန်းအားကစားကွင်းပတ်လည်ရှိ ဈေးဆိုင်ခန်းတွေကိုလဲ မေလ (၃၁)ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ ဆိုင်ခန်းကတော့ (၁၀၀)လောက်ရှိမယ်၊ အခုဖျက်ခိုင်းနေတဲ့ ဈေးဆိုင်ခန်းတွေက နှစ်ရှည်အငှားချထားတာ၊ နောက်ပြီး သိန်းရာကျော်ပြီး ထောင်နဲ့ချီရှိတယ်၊ နစ်နာရတာပေါ့” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

အခုလိုဖယ်ရှားခိုင်းတဲ့ နေရာတွေဟာ တိုင်းအစိုးရရုံး၊ ထွေ/အုပ်ရုံးနဲ့ တိုင်းကြံ့ခိုင်ရေးပါတီရုံးတို့နဲ့ နီးနေတာကြောင့် လုံခြုံရေးအရ ဖယ်ရှားခိုင်းတာလို့ ပြောဆိုတာတွေလဲ ရှိနေပါတယ်။

ပုသိမ်မြို့မဈေးမှာလဲ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေဟာ နံနက်ပိုင်းအချိန်တိုင်း ဈေးသည်တွေကို အကြောင်းမရှိအကြောင်းရှာပြီး ဒဏ်ငွေအမျိုးမျိုးရိုက်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြို့မှာ နတ်ပွဲအကြောင်းပြ လောင်ကစားဝိုင်းပြုလုပ်တာကို မြို့နယ်ပကဖ ဝင်ဖမ်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 1 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ် (၃)နာရီခန့်က လောင်းလုံးမြို့ ကထောင်းနီရွာမှာ နတ်ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်း ပြုလုပ်နေတာကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဧရာဝတီအပါအဝင် ရခိုင်နဲ့ ထိစပ်နေတဲ့ နယ်မြေတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 1 Views
ဇန်နဝါရီလ (၂၁)ရက်။ ဧရာဝတီအပါအဝင် ရခိုင်နဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီဟာ အာဏာတည်မြဲဖို့ကိုသာ အာရုံစိုက်နေလို့ ဆိုက်ဘာရာဇဝတ်မှုကို ဖြေရှင်းလိုတဲ့ဆန္ဒမရှိဘူးလို့ဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 1 Views
ဇန်နဝါရီလ (၂၁)ရက်။ စစ်ကောင်စီဟာ အာဏာတည်မြဲဖို့အတွက်ကိုသာ အာရုံစူးစိုက်ပြီး လုပ်ကိုင်နေကာ အရေးကြီးတဲ့ ဆိုက်ဘာရာဇဝတ်မှု ပြဿနာကို ဖြေရှင်းလိုတဲ့ဆန္ဒ မရှိဘူးလို့ NUG နဲ့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုဖြစ်ပေါ်နေတဲ့ အခြေအနေရဲ့ တိုက်ရိုက်အကျိုးဆက်ကြောင့်
မြန်မာသတင်း

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားထံ NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 1 Views
ဇန်နဝါရီလ (၂၁)ရက်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်ဆီ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ယူဝမ်းမြောက်တဲ့သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသဝဏ်လွှာထဲ မလေးရှားနဲ့ မြန်မာ နှစ်နိုင်ငံကြားက ဆက်ဆံရေးဟာ ခိုင်မြဲအရေးပါပြီး အာဆီယံကတဆင့် ဒေသထဲ
မြန်မာသတင်း

အွန်လိုင်းလိမ်လည်လုပ်ငန်းတွေက ထိုင်းကနေ လျှပ်စစ်နဲ့ အင်တာနက်ရနေတာလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 1 Views
ဇန်နဝါရီလ (၂၁)ရက်။ ရွှေကုက္ကိုလ်ဒေသက အွန်လိုင်းလိမ်လည်လုပ်ငန်းတွေဟာ ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓါတ်အားနဲ့ အင်တာနက်လိုင်း အဆက်အသွယ်တွေ ရနေတာလို့ စစ်ကောင်စီရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အွန်လိုင်းလိမ်လည်တာနဲ့ အွန်လိုင်းလောင်းကစားတွေ လုပ်ဆောင်နေသူတွေဟာ ၂၀၁၅ခုနှစ်ခန့်ကစပြီး ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားတို့မှာ လုပ်ကိုင်ကြပြီး
မြန်မာသတင်း

ကိုဗစ်ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 1 Views
ဇန်နဝါရီလ (၂၁)ရက်။ ကိုဗစ်ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ခဲ့တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံဖွင့်ပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အခြားဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းကာ ကိုဗစ်ရောဂါ ကျရောက်ချိန်မှာ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ အခုအခါ
မြန်မာသတင်း

အမ်း-ပဒါန်းလမ်းပိုင်းမှာ စခန်းစွန့်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 1 Views
ဇန်နဝါရီလ (၂၀)ရက်။ မနေ့က ညနေပိုင်းအချိန် ငဖဲမြို့ အမ်း-ပဒါန်းလမ်းပိုင်းတနေရာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF)ရဲ့ ဒီကနေ့မှာထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲ အမ်း-ပဒါန်လမ်းပိုင်းတစ်နေရာမှာ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စကစတပ်နဲ့ ACDF က တပ်စိတ်(၂)စိတ်နဲ့ တစ်နာရီကျော်ကြာ
မြန်မာသတင်း

တရုတ်ရဲ့ ညွှန်ကြားချက်နဲ့ “ ဝ” နဲ့ ကိုးကန့်ဒေသတို့ ကုန်စည်ဖြတ်သန်းခွင့်ရရှိ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 1 Views
ဇန်နဝါရီလ (၂၀)ရက်။ ဒီကနေ့ကစပြီး တရုတ်အစိုးရရဲ့ ညွှန်ကြားချက်နဲ့ “ ဝ” ဒေသနဲ့ ကိုးကန့်ဒေသတို့အကြား ကုန်စည်ဖြတ်သန်းခွင့် ရရှိပြီဖြစ်တယ်လို့ UWSA စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကိုးကန့်ဒေသနဲ့ “ ဝ” ဒေသ ဟိုပန်ကို