နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုသိမ်မြို့က အားကစားကွင်းနဲ့ အခြေခံပညာကျောင်းအနီးက ဆိုင်ခန်းတွေကို ဖျက်ခိုင်းနေ

မေလ (၇)ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ကိုးသိန်းအားကစားကွင်းနဲ့ စာသင်ကျောင်းတွေနားက ဆိုင်ခန်းတွေကို ဒီလကုန် နောက်ဆုံးထားပြီး ဖျက်ခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ ပုသိမ်မြို့ အလက(၂)၊ အထက(၃)၊ (၉)၊ (၁၁)နဲ့ အရင်ချောင်းသာကားဂိတ်က ဆိုင်ခန်းတွေကို အကြမ်းဖက်အစိုးရအမိန့်ဆိုပြီး ဖျက်ခိုင်းနေတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဆိုပါအခြေခံပညာကျောင်း (၄)ကျောင်းအနီးဝန်းကျင်က ဆိုင်ခန်းတွေကို အထက်အမိန့်ဆိုပြီး စစ်ကောင်စီလက်အောက်ခံတွေက မေလ (၂၆)ရက်နေ့ နောက်ဆုံးထားကာ ဖျက်ခိုင်းနေတာပါ။

ဒါ့ပြင် ကိုးသိန်းအားကစားကွင်းပတ်လည်ရှိ ဈေးဆိုင်ခန်းတွေကိုလဲ မေလ (၃၁)ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ ဆိုင်ခန်းကတော့ (၁၀၀)လောက်ရှိမယ်၊ အခုဖျက်ခိုင်းနေတဲ့ ဈေးဆိုင်ခန်းတွေက နှစ်ရှည်အငှားချထားတာ၊ နောက်ပြီး သိန်းရာကျော်ပြီး ထောင်နဲ့ချီရှိတယ်၊ နစ်နာရတာပေါ့” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

အခုလိုဖယ်ရှားခိုင်းတဲ့ နေရာတွေဟာ တိုင်းအစိုးရရုံး၊ ထွေ/အုပ်ရုံးနဲ့ တိုင်းကြံ့ခိုင်ရေးပါတီရုံးတို့နဲ့ နီးနေတာကြောင့် လုံခြုံရေးအရ ဖယ်ရှားခိုင်းတာလို့ ပြောဆိုတာတွေလဲ ရှိနေပါတယ်။

ပုသိမ်မြို့မဈေးမှာလဲ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေဟာ နံနက်ပိုင်းအချိန်တိုင်း ဈေးသည်တွေကို အကြောင်းမရှိအကြောင်းရှာပြီး ဒဏ်ငွေအမျိုးမျိုးရိုက်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီးကို AA ရောက်ရှိလာဟုဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 7 Views
အောက်တိုဘာလ (၂၄) ရက်။ ရခိုင်ပြည်၊ အမ်းမြိုနယ်မှာ အခြေစိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာအနီးကို အာရက္ခတပ်တော် (AA) ရောက်ရှိလာပြီလို့
မြန်မာသတင်း

ဘုတလင်နယ် စိုင်ပြင်လေးရွာထဲက စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 3 Views
အောက်တိုဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်က ဘုတလင်နယ် စိုင်ပြင်လေးရွာထဲ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Monywa
မြန်မာသတင်း

PDF ဂိတ်ကို လမ်းမှားဝင်လာပြီး အဖမ်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်က လင်မယားကို KNLA ထံအပ်နှံ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 10 Views
အောက်တိုဘာလ (၂၄)ရက်။ သိမ်ဇရပ်မြို့နယ်မှာ PDF စစ်ဆေးရေးဂိတ်ကို လမ်းမှားဝင်လာပြီး ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်က ဗိုလ်အဆင့်ရှိသူနဲ့ ဇနီးတို့ကို KNLA ထံ အပ်နှံခဲ့တယ်လို့ ကျိုက်ထိုမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူတို့ (၂)ဦးကို
မြန်မာသတင်း

ကန့်ဘလူနယ်ထဲ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်အင်အား စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှား

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 6 Views
အောက်တိုဘာလ (၂၄)ရက်။ ကန့်ဘလူနယ်ထဲ သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်တွေက စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ‌ပြောဆိုထားချက်တွေအရ သိရပါတယ်။ စစ်ကောင်စီနဲ့အတူ စစ်ရေးလှုပ်ရှားနေတဲ့ ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်တွေဟာ ကန့်ဘလူ၊ ကျွန်းလှနဲ့ တန့်ဆည်တို့က
မြန်မာသတင်း

ဝေါမြို့ X-Ray စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်လာသူကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 3 Views
အောက်တိုဘာလ (၂၄)ရက်။ မနေ့က ည (၆)နာရီ (၅၀)မိနစ်အချိန်က ဝေါမြို့၊ ဗျူဟာလမ်းဆုံအနီးရှိ X-Ray စက် စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်လာသူကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ X-Ray စက် စစ်ဆေးရေးဂိတ်မှာ
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ နိုင်ငံရေးအကျဉ်းသူတွေ အရေးပြားရောဂါခံစားနေကြရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 3 Views
အောက်တိုဘာလ (၂၄)ရက်။ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်ထဲက ရေပြတ်လပ်တာတွေ ဖြစ်ပေါ်နေပြီး နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒိုက်ဦးထောင်ထဲ အခုလ ပထမအပတ်ကစပြီး ချိုးရေမလုံလောက်တာနဲ့ အသုံးပြုနေတဲ့ ရေကန် သန့်ရှင်းတာမရှိဘဲ
မြန်မာသတင်း

ရွှေပြည်သာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 4 Views
အောက်တိုဘာလ (၂၄)ရက်။ မနေ့က ည (၈)နာရီခန့်မှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ (၂)ရပ်ကွက်နဲ့ (၂၁)ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည
မြန်မာသတင်း

ဒီပဲယင်းနယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ဖို့ စစ်လော်ဘီတွေက လှုံ့ဆော်နေ၊ 

  • 2024 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 4 Views
ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေး အောက်တိုဘာလ (၂၄)ရက်။ စစ်ကိုင်းတိုင်းရှိ ဒီပဲယင်းနယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ သင်္ဃန်းဝတ် ဝါသဝအပါအဝင် စစ်တပ်လော်ဘီတွေက သူတို့ရဲ့ တယ်လီဂရန်ချန်နယ်တွေကနေတဆင့် လှုံ့ဆော်ရေးသားနေတယ်လို့ သိရပါတယ်။ “ ဒီပဲယင်းကို