နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

တစ်ရက်ထဲ စစ်ကောင်စီရဲ့ လေကြောင်းကြောင့် အရပ်သား (၂၇)ဦးအထိသေဆုံးခဲ့ရ

စက်တင်ဘာလ (၇)ရက်။

မနေ့က တစ်ရက်ထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၂၇)ဦးသေဆုံးခဲ့ပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နမ့်ခမ်းမြို့၊ ဟိုကတ်ရပ်ကွက်ရှိ ညဈေးတန်းနဲ့ ကျားဖြူခန်းမကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးနဲ့ (၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးနဲ့ ကိုယ်၀န်ဆောင်မိခင်အပါအ၀င် (၁၁)ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အထဲ အရပ်သားပြည်သူ (၁၂)ဦး ဒဏ်ရာရရှိခဲ့ကာ ဆိုင်ခန်းအပါအ၀င် နေအိမ် (၁၀)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

နောင်ချိုမြို့ရှိ ရွှေမုဌောရွာမှာ စစ်ကောင်စီက လေယာဉ် (၃)စီးနဲ့ (၂)ကြိမ် ဗုံး (၂၅)လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသလို မင်းတပ်မြို့ တိုက်နယ်(၄)ရှိ ကျေးရွာကိုလဲ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာ စာသင်ကျောင်းကို နေ့လယ်ပိုင်းအချိန်မှာ စစ်ကောင်စီက ပေါင် (၂၀၀)ဗုံးနဲ့ (၂)ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် (၁၀)နှစ်အရွယ် ကလေးတစ်ဦးအပါအ၀င် ပြည်သူ (၆)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ်၊ လအိကျေးရွာရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကိုလဲ တိုက်လေယာဉ် (၂)စီးနဲ့ (၃)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး (၇)ဦးအပါအ၀င် အရပ်သားပြည်သူ (၂)ဦး စုစုပေါင်း (၉)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာ့နိုင်ငံရေး

ကိုးကန့်တပ်(MNDAA) တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်တယ်ဆိုတာ သတင်းအမှားလို့ UWSA ငြင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 19 Views
စက်တသ်ဘာလ (၁၀)ရက်။ ကိုးကန့်တပ်(MNDAA)ရဲ့ တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်ဆိုပြီး သတင်းဌာနအချို့က ရေးသားခဲ့တာဟာ သတင်းအမှားလို့ UWSA ပြင်ပဆက်ဆံရေးတာ၀န်ခံ ဦးညီရန်းရဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာ့နိုင်ငံရေး

ကရင်နီ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 23 Views
စက်တင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်မှာ ကရင်နီပြည်နယ်၊ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၃)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

မုံရွာတိုးဂိတ်အနီးက စစ်ကောင်စီတပ် မိုင်းခွဲခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 45 Views
ဩဂုတ်လ (၈)ရက်။ မနေ့က နံနက် (၇)နာရီခန့်မှာ မုံရွာတိုးဂိတ်အနီးက စစ်ကောင်စီတပ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ PDF-South Monywa ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြပုလဲစစ်ဆေးရေးဂိတ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မုံရွာတိုးဂိတ်အနီး လမ်းသွားလမ်းလာပြည်သူတွေကို နေ့တိုင်း
မြန်မာ့နိုင်ငံရေး

နယ်‌စပ်ဒေသတွေထဲ ကျားဖြန့်တွေဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်တာတို့ကြောင့် မသိခဲ့တာလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 42 Views
ဇူလိုင်လ (၁၀)ရက်။ နယ်စပ်ဒေသတွေထဲ အွန်လိုင်းလိမ်လည်တာတွေဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်တာကြောင့် မသိခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ လောင်ကိုင်ဒေသအပါအ၀င် နယ်စပ်ဒေသတွေမှာဖြစ်ခဲ့တဲ့ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်တာတွေဟာ ဟိုတယ်တွေ၊ လျှို့ဝှက်နေရာတွေမှာ ပုန်းလျှိုးကွယ်လျှိုး ဆောင်ရွက်ကြတာမို့လို့
မြန်မာ့နိုင်ငံရေး

ရန်ကုန်မှာ ညပိုင်းမီးပျက်တဲ့အချိန် စစ်ကောင်စီက မြို့နယ်အချို့ထဲ ဧည့်စာရင်းစစ်ရှာဖွေတာတွေပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 27 ရက်
  • 68 Views
ဇွန်လ (၂၇)ရက်။ မနေ့က ည (၇)နာရီခွဲအချိန်မှာ ရန်ကုန်တိုင်းထဲ မီးပြတ်တောက်တဲ့အချိန် စစ်ကောင်စီဘက်က မြို့နယ်အချို့မှာ ဧည့်စာရင်းစစ်ပြီး ရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ညက ရန်ကုန်တိုင်းတခုလုံး မီးပြတ်သွားတာ၊ ဘာလို့ပြတ်လဲဆိုတာတော့မသိဘူး၊ အဲ့ဒီမီးပြတ်တဲ့အချိန်
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

စစ်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး တွဲကား(၃)စီးပျက်စီးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 55 Views
ဇွန်လ (၂၁)ရက်။ မနေ့က နံနက်(၁၀)နာရီအချိန်မှာ မန္တလေးမြို့ကနေ မုံရွာမြို့ဘက်ကို စစ်အသုံးအဆောင်ရိက္ခာတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို တိုက်ခိုက်ခဲ့တယ်လို့ Aera 71 Monywa PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အသုံးအဆောင်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို
မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး ဆွေးနွေးခန်း

  • 2024 ခုနှစ်၊ ဇွန်လ 18 ရက်
  • 59 Views
မြန်မာ့နိုင်ငံရေး ဆွေးနွေးခန်း ဒီအပတ် ခေတ်မျက်လုံးရဲ့ဆွေးနွေးခန်းကို ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်၊ ဘာသာပေါင်းစုံ ကွန်ရက်မှ ဦးထွန်းကြည်နဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဦးမျိုးထိုက်တန်သိန်းတို့က စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်ပြောကြားခဲ့တဲ့ မိန့်ခွန်းရဲ့ရှေ့နောက်မညီ ပြောကြားချက်တွေကို ရှင်းလင်းစွာထောက်ပြပြီး ဆွေးနွေးထားကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဘာကြောင့်
မြန်မာ့နိုင်ငံရေး

မေလထဲ စစ်အုပ်စုရဲ့ လေကြောင်းကြောင့် ပြည်သူ (၅၂)ဦးအထိသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ မေလ 31 ရက်
  • 52 Views
မေလ (၃၁)ရက်။ အခုမေလထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅၂)ဦးအထိသေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အမျိုသမီး (၂၂)ဦးနဲ့ အမျိုးသား (၃၀)ဦး သေဆုံးခဲ့ရတာဖြစ်တယ်လို့