နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက်

လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အစ္စရေးစစ်တပ်သည် ဗုဒ္ဓဟူးနေ့အစောပိုင်းက တောင်ပိုင်းလက်ဘနွန်တွင် မပါဝင်သည့် ကျေးရွာများအပါအဝင် ရွာပေါင်း ၁၂ ရွာအတွက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်၊ လက်ဘနွန်တောင်ပိုင်းရှိ “ဧရိယာအချို့” ရှိ ဟစ်ဇဘိုလာ အခြေခံအဆောက်အအုံများကို အရှိန်အဟုန်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။

ဇယ်လာယာ(Zellaya) ကျေးရွာရှိ နေအိမ်တစ်လုံးကို အစ္စရေးက တိုက်ခိုက်ခဲ့ရာတွင် ထိုကျေးရွာ၏ သူကြီးနှင့်အတူ ၎င်း၏ မိသားစုဝင် ၃ ဦး သေဆုံးခဲ့ကြောင်း NNA အရ သိရသည်။ အခြားလူ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ အဆိုပါကျေးရွာသည် ဘီကွာတောင်ကြား (Beqaa Valley) ဒေသတွင် တည်ရှိပြီး၊ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဆိုထားသော လက်ဘနွန်တောင်ပိုင်းဒေသတွင် မဟုတ်ပေ။

ဤကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် CNN က IDF ထံ ဆက်သွယ်ထားဆဲ ဖြစ်သည်။

သီးခြားဖြစ်ရပ်တစ်ခုအနေဖြင့် လက်ဘနွန်တောင်ပိုင်း နာဘာတီယာ့(Nabatiyah) ခရိုင်အတွင်း အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း NNA က ဖော်ပြသည်။

လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိပဋိပက္ခ စတင်ကတည်းက ယနေ့အထိ လက်ဘနွန်နိုင်ငံအတွင်း သေဆုံးသူ ၂,၇၀၂ ဦးထက်မနည်း ရှိလာခဲ့ပြီး ၈,၃၁၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ဟစ်ဇဘိုလာအဖွဲ့သည်လည်း အင်္ဂါနေ့က တိုက်ခိုက်မှု ၁၈ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုကာ လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့ဝင်များထံသို့ ဒရုန်းများနှင့် ဒုံးကျည်များဖြင့် ဆက်လက်ပစ်ခတ်ခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် ပေါက်ကွဲတတ်သော ဒရုန်းများကြောင့် စစ်သား ၂ ဦး ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း IDF က ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာတစ်ခုအပေါ် မီးခိုးများ အူတက်နေသည်ကို အစ္စရေး-လက်ဘနွန် နယ်စပ်ရှိ အစ္စရေးဘက်ခြမ်းမှ မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – Ammar Awad/Reuters)(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “
နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ယနေ့နံနက်တွင် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိသည်။