နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

တေဇ၏ သမီး ရေချယ်တေဇကို အမြန်ဆုံး အရေးယူရန် အီတလီအစိုးရကို JFM တောင်းဆို

မတ်လ (၈) ရက်။

ရေချယ်တေဇ (ခေါ်) ထူးထွေးတေဇဟာ အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားတဲ့ ထူးကုမ္ပဏီအုပ်စုဝင် ကုမ္ပဏီတွေမှာ ဒါရိုက်တာနဲ့ ရှယ်ယာရှင်အဖြစ် ပါဝင်နေမှုအပေါ် စုံစမ်းစစ်ဆေးရန်၊ လိုအပ်သလို ပိုင်ဆိုင်ပစ္စည်း တွေကို ထိမ်းသိမ်းထားရန်နဲ့ သူမအား အီတလီနိုင်ငံမှ ပြောင်းရွေ့ဖယ်ရှားရန်တို့အတွက် ပြင်သစ်ရှေ့နေတွေ ဖြစ်ကြတဲ့ William Bourdon နဲ့ Lily Ravon တို့က Justice For Myanmar ကို ကိုယ်စားပြုပြီး အီတလီအာဏာပိုင်တွေထံကို ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှာ သတင်းပေးတိုင်ကြားခဲ့တယ်လို့ JFM က ဒီနေ့ မတ်လ (၈) ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ရေချယ်တေဇဟာ အီတလီနိုင်ငံမှာ ဆက်လက်နေထိုင်လျက်ရှိပြီး အီးယူက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားတဲ့ သူမမိသားစုပိုင် ခရိုနီစီးပွားရေး လုပ်ငန်းစုကြီးဖြစ်တဲ့ ထူးကုမ္ပဏီအုပ်စုအတွက် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ထူးကုမ္ပဏီအုပ်စုဟာ မြန်မာစစ်အုပ်စုအတွက် ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ပေးအပ်လျက်ရှိပြီး လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီလျက်ရှိတဲ့ စစ်တပ်ရဲ့ နိုင်ငံတကာစီးပွားရေးကွန်ရက်တွင် အရေးပါတဲ့ ဆက်ထုံးကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

အဲ့ဒီ ကြားခံဆက်ထုံးဆောင်ရွက်မှုတွေကို မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ရှိ ဓာတ်သတ္တုတူးဖော်ထုတ်ယူရေးကဏ္ဍ အပါအဝင် စီးပွားရေး နယ်ပယ်ကဏ္ဍအသီးသီးရှိ ကုမ္ပဏီလုပ်ငန်းပေါင်း ၆၀ ကျော်တဲ့ သူတို့ရဲ့ ကွန်ရက်ကတဆင့် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ထူးကုမ္ပဏီအုပ်စုကို အမေရိကန်ပြည်ထောင်စု၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

အီးယူဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရခြင်းဟာ အကြောင်းအရင်းများအား ဖော်ပြရာတွင် “ထူးကုမ္ပဏီများအုပ်စုဟာ နိုင်ငံတဝန်းလုံး အထူးသဖြင့် လူနည်းစုလူမျိုးစုဒေသတွေက ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခဲ့ကြတဲ့ အရပ်သားပြည်သူတွေအပေါ် အသုံးပြုခဲ့တဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ထောက်ပံ့ဖြည့်တင်းပေးခဲ့မှုတွေမှာ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့တယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။

William Bourdon နဲ့ Lily Ravon တို့က ရေချယ်တေဇ အသုံးပြုတဲ့ Banca Nazionale del Lavoro ဘဏ်ကိုလည်း အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့အညီ အရေးယူဆောင်ရွက်ပေးရန် အမှုတွဲဖိုင်တစ်ခု တင်သွင်းခဲ့တယ်လို့ ဖော်ပြထားပြီး အဲ့ဒီဘဏ်ကို BNP Paribas က ပိုင်ဆိုင်တယ်လို့ သိရပါတယ်။

ရေချယ်တေဇဟာ မီလန်မြို့မှာ နေထိုင်လျက်ရှိပြီး၊ မကြာသေးမီကမှ အဲ့ဒီမြို့ရှိ ဖက်ရှင်သင်တန်းကျောင်းတခုက ကျောင်းပြီးခဲ့တယ်လို့ ဖော်ပြထားပြီး ထူးကုမ္ပဏီတွေအုပ်ရဲ့ အမြတ်အစွန်းတွေနဲ့ ကျောင်းတက်ရာမှာ ထောက်ပံ့ခဲ့တာ ဖြစ်ကြောင်း Justice For Myanmar ရဲ့ စုံစမ်းလေ့လာမှုအရ သိရပါတယ်။

ရေချယ်ဟာ အီတလီတွင်ရှိစဉ်တလျောက် စစ်တပ်ရဲ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတွင်မှ တည်ထောင်ခဲ့တဲ့ကုမ္ပဏီအသစ်တွေနဲ့ မြန်မာစစ်တပ်နဲ့ တိုက်ရိုက်စီးပွားရေးလုပ်ငန်းတွေရှိတဲ့ ကုမ္ပဏီတွေ အပါအဝင် အနည်းဆုံး ထူးအုပ်စုရဲ့ ကုမ္ပဏီ (၇) ခုမှာ ဒါရိုက်တာအဖြစ် တာဝန်ယူထားပြီး ရှယ်ယာတွေလည်း ဆက်လက်ပိုင်ဆိုင်ထားတယ်လို့ ဖော်ပြထားပါတယ်။

အီးယူဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးနဲ့ ဘီအိုတီသဘောတူစာချုပ်နဲ့ လုပ်ကိုင်တဲ့ Ayeyarwaddy Resorts and Lodges Company Limited လည်း ပါဝင်ပြီး အဲ့ဒီစီမံကိန်းတွေထဲကမတစ်ခုက ရန်ကုန်ရှိ မြေဧရိယာ ၂၂ ဧကပေါ်မှာ ဆောင်ရွက်နေတဲ့ စီးပွားရေးဆိုင်ရာစီမံကိန်းဖြစ်ပြီး အဲ့ဒီစီမံကိန်းဟာ နှစ် ၅၀ လုပ်ကိုင်ခွင့်စာချုပ်အရ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁.၆၅ သန်းနီးပါး စစ်တပ်ကို ပေးချေရကြောင်း Distributed Denial of Secrets (DDoS) က ထုတ်ပြန်ခဲ့တဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် အချက်အလက်တွေအရ သိရတယ်လို့ ဖော်ပြထားပါတယ်။

ရေချယ်တေဇက အီတလီနိုင်ငံကနေ ရှယ်ယာပိုင်ဆိုင်ထားပြီး၊ ဒါရိုက်တာအဖြစ် ဆောင်ရွက်နေတဲ့ အခြားကုမ္ပဏီတွေက Htoo Capital ကုမ္ပဏီလီမိတက်ရဲ့ ကုမ္ပဏီခွဲ Pegu Wood Company Limited နဲ့ Htoo Tech Company Limited ရဲ့ ကုမ္ပဏီခွဲ One Fibre Company Limited တို့ ဖြစ်တယ်လို့ ဖော်ပြထားပြီး အဲ့ဒီကုမ္ပဏီနှစ်ခုလုံးဟာ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်းမှာ တည်ထောင်ခဲ့တာလို့ ဆိုပါတယ်။

ရေချယ်တေဇက အခုအခါ ဖျက်သိမ်းခဲ့ပြီးဖြစ်တဲ့ Myanmar Avia Export Company Limited မှာ ဒါရိုက်တာနဲ့ ရှယ်ယာရှင်တစ်ဦး ဖြစ်ခဲ့ပြီး အဲ့ဒီကုမ္ပဏီက မြန်မာစစ်တပ်အတွက် ရုရှားစစ်လေယာဉ်တွေနဲ့ အပိုပစ္စည်းတွေ တင်သွင်းထောက်ပံ့တဲ့ စစ်လက်နက်ပွဲစား ကုမ္ပဏီတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက ရေချယ်တေဇကို ထူးကုမ္ပဏီအုပ်စုမှာ သူမရဲ့ အခန်းကဏ္ဍနဲ့ ထူးကုမ္ပဏီအုပ်စုရဲ့ ဥက္ကဌဖြစ်သူ ဦးတေဇရဲ့ အရွယ်ရောက်သမီးဖြစ်မှုတို့နဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ချမှတ်ခဲ့ပါတယ်။

သူမရဲ့ဖခင် ဦးတေဇကို အီးယူ၊ အမေရိကန်ပြည်ထောင်စု၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ထားသလို သူမရဲ့ အစ်ကိုတွေ ဖြစ်ကြတဲ့ ပြည့်ဖြိုးတေဇနဲ့ ထူးထက်တေဇတို့ကိုလည်း အမေရိကန်ပြည်ထောင်စု၊ ယူကေနီ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

ထူးအုပ်စုဟာ စစ်လက်နက်တွေ ရောင်းချပေးအပ်မှုတွေအပြင် စစ်တပ်အတွက် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေးကို အားပေးထောက်ခံကူညီတဲ့အနေနဲ့ ၂၀၁၇ ခုနှစ်တွင် ဘဏ္ဍာငွေတွေ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချက်ကို ထူးစီးပွားရေးလုပ်ငန်းစုကြီးအပေါ် အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရာမှာ မှတ်ချက်ပြု ဖော်ပြခဲ့ပါတယ်။

အီးယူအနေနဲ့ ရေချယ်တေဇအပါအဝင် ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ စုဖွဲ့ထားတဲ့ထူးအုပ်စုကွန်ရက် တစ်ခုလုံး အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့၊ အလားတူ မြန်မာစစ်အုပ်စု ခရိုနီတွေနဲ့ စစ်လက်နက်ပွဲစားအားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အီတလီအာဏာပိုင်တွေအနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အသက်ဝင်လည်ပတ်အောင် ကြပ်မတ်ဆောင်ရွက်မှု အားနည်းတာတွေက ရေချယ်တေဇကို တရားမဝင်၊ ဥပဒေနဲ့မညီတဲ့ စစ်အုပ်စုအတွက် ဘဏ္ဍာငွေပေးအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အီတလီနိုင်ငံကနေ လုပ်ဆောင်နိုင်ဖို့ ခွင့်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။

ရေချယ်တေဇနဲ့ ၎င်းရဲ့မိသားစုတွေဟာ မြန်မာစစ်တပ်ရဲ့ အဆုံးအစမဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထူးကုမ္ပဏီအုပ်စုမှတဆင့် အားပေးကူညီခဲ့ပြီး၊ မြန်မာပြည်သူလူထု အသက်သွေးချွေးတွေပေါ်ကနေ အကျိုးအမြတ်တွေ ရရှိခဲ့ကြပါတယ်။

ရေချယ်တေဇကို အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့အညီ တရားဥပဒေရှေ့မှောက်မှာ တာဝန်ခံစေသင့်ပါတယ်။ အီတလီ နိုင်ငံအနေနဲ့ ၎င်းအပါအဝင် အခြားမည်သည့်မြန်မာခရိုနီကိုမှ ၎င်းတို့ရဲ့ သွေးစွန်းစီးပွားရေးလုပ်ငန်းတွေကို အီတလီမြေပေါ်ကနေ မလုပ်ဆောင်နိုင်စေရေး ကြီးကြပ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

အီးယူအပါအဝင် အခြားအစိုးရတွေအနေနဲ့ ကုမ္ပဏီကွန်ရက်တစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ ပိုမိုအားကောင်းပြီး၊ မဟာဗျူဟာကျကျ ညှိနှိုင်းဆောင်ရွက်ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အားကောင်းခိုင်မာတဲ့ အရေးယူ ဆောင်ရွက်မှုတွေကတဆင့် စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက် ရရှိနေမှုတွေကို ပိတ်ဆို့နိုင်ရေး ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။

မြန်မာပြည်သူလူထုတွေဟာ စစ်တပ်ရဲ့ ကျရှုံးနေပြီဖြစ်တဲ့ အာဏာသိမ်းကြိုးပမ်းမှုကို သတ္တိပြောင်မြောက်စွာနဲ့ သုံးနှစ်ကျော်တိုင် ခုခံတောင်လှန်နေကြဆဲ ဖြစ်ပါတယ်။

အီတလီနဲ့ အီးယူတို့အနေနဲ့ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး၊ တရားမျှတမှုနဲ့ တာဝန်ခံမှုကို အာမခံပြီး အားလုံးပါဝင်နိုင်တဲ့ မြန်မာနိုင်ငံသစ်တည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ရမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံများကို ရေချယ်တေဇ၏ Instagram မှ ရယူထားပါသည်။

ရေချယ်တေဇနှင့် သူမ၏ မိခင်နှင့် အကိုနှစ်ဦးကို တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 22 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 30 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 32 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 29 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 26 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 28 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 26 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 27 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့