နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချောင်းဦးမြို့မဈေးထဲ ဈေးလာ၀ယ်တဲ့ ဒုတပ်ကြပ်တစ်ဦး ဓါးနဲ့အနီးကပ်ထိုးပြီးရှင်းလင်းခံရ

ဇူလိုင်လ (၈)ရက်။

ဇူလိုင်လ (၆)ရက် နံနက်(၇)နာရီအချိန်က ချောင်းဦးမြို့မဈေးထဲ ဈေးလာ၀ယ်တဲ့ ဒုတပ်ကြပ်တစ်ဦးကို ဓါးနဲ့ထိုးကာ ရှင်းလင်းခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ(၄)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ချောင်းဦးမြို့မဈေးထဲ ဈေးလာ၀ယ်တဲ့ စကစဗိုလ်တစ်ဦးရဲ့မိန်းမကို အရပ်၀တ်နဲ့ သေနတ်လွယ်ပြီး လုံခြုံရေးယူပေးတဲ့ ဒုတပ်ကြပ်ကို သူတို့လူစုကွဲတဲ့အချိန် အနီးကပ် ဓါးနဲ့၀င်ရှင်းခဲ့တာပါ” လို့ တပ်ခွဲ(၄)ရဲ့ တပ်ခွဲမှူးက ဆိုထားပါတယ်။

သေဆုံးသူဟာ ချောင်းဦးမြို့မရဲစခန်းက ရဲဒုတပ်ကြပ် စည်သူဖြိုးဝေဆိုသူဖြစ်ကာ အရပ်၀တ်နဲ့ G3 လွယ်ပြီး လုံခြုံရေးယူထားကာ လူစုကွဲတဲ့အချိန် အနီးကပ်ရှင်းလင်းခံရတာလို့ ဖော်ပြထားပါတယ်။

ရှင်းလင်းခံရတဲ့ ရဲဒုတပ်ကြပ်ဆီကနေ BA 63(G-3)သေနတ်တလက်အပါအ၀င် ၇.၆၂မမ ကျည် (၄၀)တောင့်ပါ ကျည်ဘောက်တခုနဲ့ ဖုန်းတလုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

ရဲဒုတပ်ကြပ် ဓါးထိုးခံရပြီး သေဆုံးခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ထပ်မံရောက်ရှိလာကာ ဈေးပိတ်ခိုင်းပြီး ဈေးသည်တွေကို ဒူးထောက်ထိုင်ခိုင်းကာ ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ(၄)အနေနဲ့ စစ်ဆင်ရေးမပြုလုပ်ခင် တပတ်ခန့်ကြိုတင်ပြီး စစ်အုပ်စုရဲ့ ဈေး၀ယ်သွားလာတာကို လေ့လာပြင်ဆင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ခေါင်းဆောင်က လူငယ်တွေကို နေရာပေးဖို့လိုတယ်ဆိုပြီး ရှေ့တန်းပို့ အသေခံခိုင်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 21 Views
ဇန်နဝါရီလ (၂၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်တွေကို နေရာပေးဖို့လိုတယ်ဆိုပြီး ရှေ့တန်းပို့ အသေခံခိုင်းနေတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA က အကျဉ်းသား (၁၅)ဦးကို လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 21 Views
ဇန်နဝါရီလ (၂၀)ရက်။ (၆၃)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ အကျဉ်းသား (၁၅)ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကျွန်းစုမြို့ (၁၂)ရက်ကြာတိုက်ပွဲထဲ ပကဖစခန်း မီးလောင်ပျက်စီးခဲ့ပြီး ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 24 Views
ဇန်နဝါရီလ (၂၀)ရက်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၃၁)ရက်နေ့ကစပြီး ကျွန်းစုမြို့ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ကျောက်တန်းငယ်ရွာဘက်ကို မန်းကြီးမြစ်ကြောင်းအတိုင်း စစ်‌တပ်ရေတပ်နဲ့ ပျူစောထီးတို့ပေါင်းကာ စစ်ကြောင်းထိုးခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကြောင်းနဲ့ မြို့နယ်ပကဖတို့ ထိတွေ့တိုက်ပွဲ (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့
မြန်မာသတင်း

ပဋိပက္ခတွေကြား သတင်းသမားတွေ ဘေးကင်းလုံခြုံဖို့ အာဏာပိုင်အဖွဲ့တွေကို IPCM တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 24 Views
ဇန်နဝါရီလ (၂၀)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၇)ရက်နဲ့ (၁၈)နေ့တို့မှာ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)ရဲ့ ဒုတိယအကြိမ် အထွေထွေညီလာခံကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံမှာ လာမယ့်သက်တမ်းထဲ တာဝန်ထမ်းဆောင်မယ့် အလုပ်အမှုဆောင်ကော်မတီဝင်တွေကို တက်ရောက်လာတဲ့ အဖွဲ့ဝင်ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ခဲ့တယ်လို့
မြန်မာသတင်း

ဒီပဲယင်းနယ် စိုင်ပြင်မြို့ကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်ခဲ့၊ အရပ်သား(၁)ဦးသေဆုံးပြီး (၁)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 23 Views
ဇန်နဝါရီလ (၁၉)ရက်။ ‌ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)မိနစ်ကျော်အချိန်က ဒီပဲယင်းနယ်အနောက်တောင်ခြမ်းရှိ စိုင်ပြင်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ဒီပဲယင်းအနောက်တောင်ခြမ်း စိုင်ပြင်မြို့ကို တံတားဦးလေတပ်ကနေ A-5 Bomber ဂျက်ဖိုက်တာ(၁)စီးနဲ့ လေကြောင်းကနေ
မြန်မာသတင်း

စစ်တွေတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့်ခွာထွက်ပြေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 44 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုလဆန်းပိုင်းကစပြီး AA ထိုးစစ်ဆင်နေတဲ့ စစ်တွေမြို့တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့် ထွက်ပြေးနေကြတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ ဇန်နဝါရီလ (၁)ရက်နေ့ကနေ (၁၃)ရက်နေ့အထိ စစ်တွေတိုက်ပွဲမှာ အုန်းတောကြီးစစ်စခန်းနဲ့ ခလရ(၂၇၀)တပ်ရင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လက်နက်ခဲယမ်းတွေ
မြန်မာသတင်း

စလင်းမြို့မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ (၉)ဦးကို ဖမ်းဆီးကာ ရွာတွေကို မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 39 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က စလင်းမြို့ ပန်းတိမ်ကုန်းရွာကို အင်အား (၂၀၀)ခန့်နဲ့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စလင်းမြို့ထွေအုပ်ရုံးကနေ ထွက်လာတဲ့ စစ်တပ်က အင်အား(၂၀၀)လောက်နဲ့ ထွက်လာပြီး
မြန်မာသတင်း

တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 32 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်တပ်စစ်ကြောင်းက အင်အား (၂၀၀)လောက်နဲ့ ကျောက်ပန်းတောင်းကနေ တောင်သာကို မဲရုံလုံခြုံရေးပေးဖို့လာတာ။