နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝါဒဖြန့်ဘာသာရပ်တွေကို စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ စစ်ကောင်စီ ပြင်ဆင်နေ

နိုဝင်ဘာလ (၈)ရက်။

ဝါဒဖြန့်ဘာသာရပ်တွေကို စစ်ကောင်စီက သူ့ရဲ့လက်အောက်မှာရှိတဲ့ စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ ပြင်ဆင်နေတယ်လို့ Burma Affairs and Conflict Study ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ မတရားစစ်မှုထမ်းဥပဒေနဲ့ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေအပါအဝင် အာဏာရှင်ဆန့်ကျင်တဲ့ အင်အားစုတွေကို ပုံဖျက်ရေးဆွဲထားတဲ့ အကြမ်းဖက်ဥပဒေ စတဲ့ ဝါဒဖြန့်ဘာသာရပ်တွေကို သင်ကြားဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။

အဲ့ဒီဝါဒဖြန့်ဘာသာရပ်တွေကို အခုလက်ကျန် ပညာသင်နှစ် ဒါမှမဟုတ် လာမယ့် ပညာသင်နှစ်ထဲ စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းတွေက ကျောင်းသား/သူတွေအနေနဲ့ သင်ယူရဖို့ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲမှာ ရန်ကုန်၊ မကွေး၊ မွန်နဲ့ ရှမ်းပြည်တောင်ပိုင်းက အခြေခံပညာအထက်တန်းအဆင့် ဆရာ၊ ဆရာမတွေကို ဥပဒေအသိပညာပြန့်ပွားရေး ရက်တိုသင်တန်းပေးတာတွေရှိတယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီသင်တန်းတွေရဲ့ ရည်ရွယ်ချက်ဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ဘာသာရပ်တွေကို ဆရာ၊ ဆရာမတွေကနေတဆင့် Grade-11 နဲ့ Grade-12 အပါအဝင် အခြေခံပညာကျောင်းက ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်တွေဆီ ပျံ့နှံ့ဖို့ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အရင်က တက္ကသိုလ်ရောက်မှသာ ဥပဒေပညာရပ်ကို သီးသန့် လေ့လာသင်ယူရတာဖြစ်ပြီး အခုအခြေအနေမှာတော့ အခြေခံပညာကျောင်းတွေကစပြီး ဆယ်ကျော်သက်ကလေးငယ်တွေဆီ ဝါဒဖြန့်သင်ကြားဖို့ ပြင်ဆင်လာတာပါ။

ဒီလိုဥပဒေနဲ့ပတ်သက်ပြီး ဝါဒဖြန့်ဖို့ သင်ကြားတာက စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအရ လုပ်ဆောင်တာဖြစ်ပေမယ့် ကလေးတွေအနေနဲ့ လက်ခံသင်ယူနိုင်စွမ်းမရှိဘဲ အကျိုးမရှိတဲ့လုပ်ရပ်သာဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အခုနှစ်ကုန် မြို့နယ် (၂၆၀)ကျော်မှာ ရွေးကောက်ပွဲကို အပိုင်းခွဲပြီး ကျင်းပဖို့ စစ်ကောင်စီစီစဉ်နေ

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 9 Views
ဇွန်လ (၉)ရက်။ အခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံတဝန်းရှိ မြို့နယ် (၃၃၀)ရှိတဲ့အထဲ (၂၆၇)မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ
မြန်မာသတင်း

တအာင်းပြည်ကောင်စီ(TLC) ဖွဲ့စည်းကြောင်း TPCC ထုတ်ပြန်ကြေညာ

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 17 Views
ဇွန်လ (၉)ရက်။ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)ရဲ့ (၃)ရက်တာ နိုင်ငံရေးထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် တအာင်းပြည်ကောင်စီ(TLC)ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ
မြန်မာသတင်း

ဆီဆိုင်မြို့ရှိ ကျေးရွာအုပ်စု (၂)ခုက ပြည်သူ (၆၀၀၀)ကျော်ကို PNO ပြည်သူ့စစ်အဖွဲ့ မောင်းထုတ်

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 17 Views
ဇွန်လ (၉)ရက်။ ဆီဆိုင်မြို့ရှိ နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုက ပြည်သူ (၆၀၀၀)ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က မောင်းထုတ်‌နေတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ကျောကျေးရွာအုပ်စုရှိ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊
မြန်မာသတင်း

တရုတ်နိုင်ငံရဲ့ နိုင်ငံတကာမှာ ရပ်တည်ထောက်ခံပေးနေတာကို ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 18 Views
‌ဇွန်လ (၉)ရက်။ မြန်မာအရေးနဲ့ပတ်သက်ပြီး တရုတ်အနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ ရပ်တည်ထောက်ခံပေးနေတဲ့အပေါ် ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်တဲ့ (၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆောင်ရွက်တာ၊
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ ဒီတနင်္ဂနွေ ဂျွန်လ၈ရက်နေ့ အပတ်စဥ်ဆွေးနွေးကြမဲ့ခေါင်းစဥ်ကတော့

  • 2025 ခုနှစ်၊ ဇွန်လ 8 ရက်
  • 11 Views
–“ILO ကပိတ်ဆို့ – သယံဇာတဝန်ကြီးကအပင်းဆို့“ဖြစ်ပါတယ်။ ၁) အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ချုပ် ILO ရဲ့ပုဒ်မ (၃၃)အရ ပိတ်ဆို့ အရေးယူတဲ့ ဆုံးဖြတ်ချက်အပေါ် သုံးသပ်ချက် ၂) NUG နဲ့ သယံဇာတပြဿနာ၊လက်နက်ကိုင် စီးပွားရေးနဲ့
မြန်မာသတင်း

ထရန့်နှင့်အီလွန်မတ်စ်တို့ဆက်ဆံရေးအချိန်တိုအတွင်းပြိုကွဲသွား

  • 2025 ခုနှစ်၊ ဇွန်လ 8 ရက်
  • 13 Views
+++++++++++++ ဇွန်လ (၆) ရက်။ အမေရိကန်သမ္မတထရန့်နှင့် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်တို့သည် ၅ ရက်နေ့က ဆိုရှယ်မီဒီယာပေါ်တွင် အချင်းချင်း ပြင်းပြင်းထန်ထန် စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ မတ်စ်သည် မေလနှောင်းပိုင်းတွင် အစိုးရဌာနမှ နုတ်ထွက်ပြီး အုပ်ချုပ်ရေး၏ အထင်ကရ
မြန်မာသတင်း

အာဏာရှင်စနစ်ဆိုးကို တိုက်ထုတ်ဖို့ အရေးကြီးတဲ့အချိန် ရောက်ပြီဖြစ်တာကြောင့် ပူးပေါင်းပါဝင်အားဖြည့်ဖို့ MDY-PDF ဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 26 Views
ဇွန်လ (၇)ရက်။ ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတဲ့ အာဏာရှင်စနစ်ဆိုးကို မီးကုန်ယမ်းကုန် တက်ကုန်ဖွင့်ပြီး တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီဖြစ်တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအပြင် မတရားပေါ်တာဆွဲနေတာတွေလုပ်နေတယ်ဆိုတာ သိသိနဲ့ငြိမ်ခံနေကြမှာလား။
မြန်မာသတင်း

ဖားကန့်မှာ ယမ်းဂိုဒေါင်နေရာ စစ်ကောင်စီ ဒရုန်းနဲ့ လက်နက်ကြီးပစ်ချ၊ ကလေးတွေအပါအဝင် (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 27 Views
ဇွန်လ (၇)ရက်။ မနေ့က ည (၉)နာရီအချိန် ဖားကန့်မြို့ လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်ရှိ ယမ်းဂိုဒေါင်နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ လက်နက်ကြီးပစ်ချခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပေါက်ကွဲတဲ့နေရာက ကျောက်စိမ်းတူးဖော်တဲ့