နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

စစ်ရေးသတင်း

စစ်ရေးသတင်း ပြည်တွင်းသတင်း

တီးတိန်မြို့မှာ စစ်ကောင်စီတပ်သား (၃) ဦး PDF Zoland ထံ အလင်းဝင်လာ

ဇန်နဝါရီလ (၉)ရက်။

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းက စစ်ကောင်စီတပ်သား (၃)ဦး အလင်းဝင်လာခဲ့တယ်လို့ PDF Zoland ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သား (၃)ဦးဟာ အကြမ်းဖက်စစ်ကောင်စီထံမှာ တာဝန်မထမ်းဆောင်ချင်တော့တာကြောင့် ဇန်နဝါရီလ (၆)ရက်နေ့မှာ PDF Zoland ထံ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

သူတို့နဲ့အတူ MA-3 သေနတ်(၃)လက်၊ ကျည်ဘောက် (၁၂)ခု၊ ဗုံး (၈)လုံး၊ ၄၀မမ ဗုံးသီး(၉)လုံးနဲ့ ကျည်ဆံအများအပြားအပြင် စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ အလင်းဝင်လာခဲ့တာလို့ ဖော်ပြထားပါတယ်။

PDF Zoland ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား (၃)ဦးအား သေနတ်တစ်လက်ကို ငွေကျပ်သိန်း (၆၀) အသီးသီးပေးအပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အလင်းဝင်ရောက်ခိုလှုံလာပါက ကြိုဆိုနေမှာဖြစ်ပြီး လက်နက်တွေပါ ယူဆောင်လာရင် ထိုက်သင့်တဲ့ ဂုဏ်ပြုငွေ ပေးအပ်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ပြည်တွင်းသတင်း

ဆန်ဈေးတင်ရောင်းမှုနဲ့ ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသားကို စစ်ကောင်စီ ထောင်ဒဏ် တစ်နှစ်ချ

  • 2024 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 139 Views
သြဂုတ်လ (၁၂) ရက်။ ဆန်ဈေးတင်ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ Aeon Orange ကုမ္ပဏီအမှုဆောင်အရာရှိ ဂျပန်နိုင်ငံသား ဟီရိုရှီ ကာဆာမတ်ဆု
ပြည်တွင်းသတင်း အရှေ့တောင်အာရှ

သက်ဆင်နဲ့ စစ်ခေါင်းဆောင်တွေ ဘာတွေကြံစည်နေကြသလဲ။

  • 2024 ခုနှစ်၊ မေလ 5 ရက်
  • 161 Views
မြန်မာ့အရေး ထိုင်းအတွေး အပိုင်း (၁၆) ခေတ်မျက်လုံးသတင်းဌာနမှာ ထိုင်းအရေးကျွမ်းကျင်သူ စတီဗင်စန်းယု အပတ်စဉ် တင်ဆက်နေတဲ့ မြန်မာ့အရေး ထိုင်းအတွေး အစီအစဉ်ကနေ
ပြည်တွင်းသတင်း

လေကြောင်းရန် ကြိုတင်ပြင်ဆင်နိုင်ဖို့ NUG ရဲ့ အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာကော်မတီ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 171 Views
ဇန်နဝါရီလ (၂၀)ရက်။ NUG ရဲ့ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း‌ရေးကော်မတီ(EOCC)က အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ မြို့နယ်အဆင့် အရေးပေါ်အခြေအနေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းအဖွဲ့ဝင်တွေ ဖွဲ့စည်းပြီး လေကြောင်းရန် စောင့်ကြည့်သတိပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ရန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြည်တွင်းသတင်း

စစ်ကောင်စီဥက္ကဋ္ဌနဲ့ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 216 Views
ဇန်နဝါရီလ (၁၇) ရက်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ Army Operations Center ၊ Neighboring Countries Coordination Center (NCCC) ဌာနရဲ့ အကြီးအကဲဖြစ်သူ
စစ်ရေးသတင်း နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အီရန်နှင့် ပါကစ္စတန်နိုင်ငံ အပြန်အလှန် တိုက်ခိုက်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 165 Views
ဒီဇင်ဘာလ (၁၇) ရက်။ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အီရန်နိုင်ငံအတွင်း ခွဲထွက်ရေးစစ်သွေးကြွများ ခိုအောင်းရာနေရာများဟု ပြောဆိုထားသည့်အတွက် ပါကစ္စတန်က စစ်ရေးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး၊ အိမ်နီးချင်းနှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာစေခဲ့သည်။
ပြည်တွင်းသတင်း မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ဟာ ပြေးဖို့အသင့်ပြင်နေတဲ့အနေအထားလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 171 Views
ဇန်နဝါရီလ (၁၈)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ပြေးဖို့ အသင့်ပြင်နေတဲ့အနေအထားဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ ကြားကာလဗဟိုကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုဆိုရင် အကြမ်းဖက်စစ်တပ်ဟာ စိတ်ဓာတ်ရေးရာအရ လဲပြိုနေပြီဆိုတာ ကျွန်တော်တို့ ကောင်းစွာ တွေ့မြင်
ပြည်တွင်းသတင်း

မုံရွာမှာ လူဦးရေထောင်နဲ့ချီတဲ့ သပိတ်စစ်ကြောင်း ချီတက်လှုပ်ရှားမှုပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 139 Views
ဇန်နဝါရီလ (၁၇) ရက်။ လုံခြုံရေးတင်းကြပ်ထားတဲ့ မုံရွာမြို့ တစ်နေရာမှာ လူဦးရေ ထောင်နဲ့ချီတဲ့ သပိတ်စစ်ကြောင်း ချီတက်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မုံရွာလူထုသပိတ်စစ်ကြောင်းအရှည်ကြီးကို မကွေးလူထုတိုက်ပွဲကော်မတီနဲ့အတူ ချီတက်ခဲ့ကြကာ ကျေးရွာအနှံ့အပြားက ပြည်သူဦးရေ
ပြည်တွင်းသတင်း

ကန့်ဘလူမြို့က ကျေးရွာ (၃) ရွာကို စစ်ကောင်စီက ရှုံးမဲမဲပြီး မီးရှို့ဖျက်ဆီးခဲ့

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 176 Views
ဇန်နဝါရီလ (၁၂) ရက်။ ဇန်နဝါရီလ (၁၁)ရက်နေ့က ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ထဲရှိ ကျေးရွာ (၃)ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ ကန့်ဘလူမြို့နယ်ရှိ တင်ငုတ်ကြီးရွာက ပျူစောထီးအထိုင်စခန်းကို ပကဖတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ပျူစောထီး