နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးလက်ချက်ဖြင့် ဟစ်ဇ်ဘိုလာတပ်မှူးတစ်ဦးသေဆုံး

အစ္စရေးဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကြောင့် ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေရဲ့ တပ်မမှူးတစ်ယောက်သေဆုံးသွားခဲ့ရပြီး လက်ဘနွန်နယ်စပ်မှာ တင်းမာမှုတွေဆက်လက်ဖြစ်ပေါ်နေပါတယ်။ အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြုဟစ်ဇ်ဘိုလာတို့ဟာ 2006 ခုနှစ်က စစ်ပွဲဖြစ်ပွါးခဲ့ဖူးပြီး အခုအခါမှာလည်း ဂါဇာပဋိပက္ခကိုအခြေပြုကာ လွန်ခဲ့တဲ့ 3 လအတွင်း နယ်စပ်တစ်လျှောက်မှာ အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်နေခဲ့တာပါ။

တပ်မမှူး ဝစ်ဆမ်တာဝီဟာ ထင်ရှားတဲ့ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပြီး အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် သူသေဆုံးသွားတာကို ဟစ်ဇ်ဘိုလာအဖွဲ့က အတည်ပြုခဲ့ပါတယ်။ အစ္စရေးဘက်ကတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးခဲ့ပေမယ့် ဟစ်ဇ်ဘိုလာတွေရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။

လက်ဘနွန်နိုင်ငံပိုင်မီဒီယာရဲ့ ဖော်ပြချက်အရတော့ ခါဘတ်မြို့ရဲ့ အဲလ်ဒက်ရှာဒေသမှာ အစ္စရေးဘက်က ပစ်လိုက်တဲ့ ဒုံးကျည်ထိမှန်ပြီး ကားမောင်းလာတဲ့ လူနှစ်ဦးသေဆုံးခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပြီး လက်ဘနွန်လုံခြုံရေးရင်းမြစ်တွေကတော့ အဲဒီထဲက တစ်ဦးဟာ ဝစ်ဆမ်တာဝီဖြစ်ပြီး အခြားတစ်ဦးကတော့ တိုက်ခိုက်ရေးတပ်သားဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

တာဝီဟာ ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေရဲ့ ရာဝမ်တပ်ဖွဲ့ယူနစ်ခေါင်းဆောင်ဖြစ်ပြီး သူဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းစစ်ဆင်ရေးတွေကို တာဝန်ယူထားသူဖြစ်ပါတယ်။


အစ္စရေးနိုင်ငံရဲ့ မြောက်ဘက်နယ်စပ်စည်းတလျှောက် ဟစ်ဇ်ဘိုလာတွေနဲ့ စစ်ရေးထိတွေ့မှုတွေ ခပ်စိတ်စိတ်ဖြစ်လာတာကြောင့် ဒေသတွင်းမှာ စစ်မီးကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ဟာ အနောက်အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံထားရသူတွေဖြစ်ပါတယ်။


အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ ဂါဇာပဋိပက္ခစတင်ခဲ့တဲ့ 2023 အောက်တိုဘာလကစပြီး နေ့တိုင်းနီးပါး နယ်စပ်စည်းတလျှောက်မှာ အပြန်အလှန်ပစ်ခတ်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတွေဟာ ဂါဇာကို အစ္စရေး ဗုံးကြဲနေတာကို မကျေနပ်တာကြောင့် နယ်စပ်ကနေ ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။

အစ္စရေးဝန်ကြီးချုပ်နေသန်ယာဟုကတော့ မြောက်ပိုင်းနယ်စပ်လုံခြုံရေးအတွက် လိုအပ်တာတွေအားလုံး လုပ်ဆောင်သွားမယ်လို့ အတိအလင်းပြောဆိုထားပါတယ်ခင်ဗျာ . . ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ