နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးလက်ချက်ဖြင့် ဟစ်ဇ်ဘိုလာတပ်မှူးတစ်ဦးသေဆုံး

အစ္စရေးဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကြောင့် ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေရဲ့ တပ်မမှူးတစ်ယောက်သေဆုံးသွားခဲ့ရပြီး လက်ဘနွန်နယ်စပ်မှာ တင်းမာမှုတွေဆက်လက်ဖြစ်ပေါ်နေပါတယ်။ အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြုဟစ်ဇ်ဘိုလာတို့ဟာ 2006 ခုနှစ်က စစ်ပွဲဖြစ်ပွါးခဲ့ဖူးပြီး အခုအခါမှာလည်း ဂါဇာပဋိပက္ခကိုအခြေပြုကာ လွန်ခဲ့တဲ့ 3 လအတွင်း နယ်စပ်တစ်လျှောက်မှာ အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်နေခဲ့တာပါ။

တပ်မမှူး ဝစ်ဆမ်တာဝီဟာ ထင်ရှားတဲ့ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပြီး အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် သူသေဆုံးသွားတာကို ဟစ်ဇ်ဘိုလာအဖွဲ့က အတည်ပြုခဲ့ပါတယ်။ အစ္စရေးဘက်ကတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးခဲ့ပေမယ့် ဟစ်ဇ်ဘိုလာတွေရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။

လက်ဘနွန်နိုင်ငံပိုင်မီဒီယာရဲ့ ဖော်ပြချက်အရတော့ ခါဘတ်မြို့ရဲ့ အဲလ်ဒက်ရှာဒေသမှာ အစ္စရေးဘက်က ပစ်လိုက်တဲ့ ဒုံးကျည်ထိမှန်ပြီး ကားမောင်းလာတဲ့ လူနှစ်ဦးသေဆုံးခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပြီး လက်ဘနွန်လုံခြုံရေးရင်းမြစ်တွေကတော့ အဲဒီထဲက တစ်ဦးဟာ ဝစ်ဆမ်တာဝီဖြစ်ပြီး အခြားတစ်ဦးကတော့ တိုက်ခိုက်ရေးတပ်သားဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

တာဝီဟာ ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေရဲ့ ရာဝမ်တပ်ဖွဲ့ယူနစ်ခေါင်းဆောင်ဖြစ်ပြီး သူဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းစစ်ဆင်ရေးတွေကို တာဝန်ယူထားသူဖြစ်ပါတယ်။


အစ္စရေးနိုင်ငံရဲ့ မြောက်ဘက်နယ်စပ်စည်းတလျှောက် ဟစ်ဇ်ဘိုလာတွေနဲ့ စစ်ရေးထိတွေ့မှုတွေ ခပ်စိတ်စိတ်ဖြစ်လာတာကြောင့် ဒေသတွင်းမှာ စစ်မီးကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ဟာ အနောက်အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံထားရသူတွေဖြစ်ပါတယ်။


အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ ဂါဇာပဋိပက္ခစတင်ခဲ့တဲ့ 2023 အောက်တိုဘာလကစပြီး နေ့တိုင်းနီးပါး နယ်စပ်စည်းတလျှောက်မှာ အပြန်အလှန်ပစ်ခတ်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတွေဟာ ဂါဇာကို အစ္စရေး ဗုံးကြဲနေတာကို မကျေနပ်တာကြောင့် နယ်စပ်ကနေ ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။

အစ္စရေးဝန်ကြီးချုပ်နေသန်ယာဟုကတော့ မြောက်ပိုင်းနယ်စပ်လုံခြုံရေးအတွက် လိုအပ်တာတွေအားလုံး လုပ်ဆောင်သွားမယ်လို့ အတိအလင်းပြောဆိုထားပါတယ်ခင်ဗျာ . . ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ