ဧပြီလ (၉)ရက်။
မနေ့က ညနေ (၅)နာရီ (၁၀)မိနစ်အချိန်မှာ ဒုစစ်ခေါင်းဆောင် စိုးဝင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Alpha Bats ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့အဖွဲ့ဟာ မော်လမြိုင်မြို့ရှိ စစ်ဌာနချုပ်ရဲ့ တိုင်းရုံးထဲ စစ်ဆင်ရေးကွပ်ကဲမှု အစည်းအဝေးလုပ်နေတာကို သတင်းရရှိတာကြောင့် ရှားထူးဝေါ်နည်းပညာ Fixed Wing Drone ကို အသုံးပြုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလိုတိုက်ခိုက်တာကြောင့် ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ စစ်ဌာနချုပ်တိုင်းမှူးတို့ အစည်းအဝေးကျင်းပနေတာကို ချက်ချင်းရပ်ပြီး ရုံးဆင်းသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ဖော်ကာနဲ့ ဂျက် (၂)စီးလဲ နောက်ထပ်တိုက်ခိုက်လာမှာကိုစိုးရိမ်ပြီး အားချင်း ပျံတက်သွားခဲ့တယ်လို့ ကနဦးသိရတာကို ရေးသားထားပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းရုံးထဲ တုန်လှုပ်ခြောက်ခြားတာတွေ ရှိခဲ့တယ်လို့ Alpha Bats က ပြောဆိုထားကာ ထိခိုက်ပျက်စီးတာကိုတော့ ပြောဆိုထားတာမရှိသေးပါဘူး။
ဧပြီလ (၈)ရက်နေ့က တိုင်းစစ်ဌာနချုပ်တွေမှာ စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲတွေ ကျင်းပခဲ့တာကို စစ်ကောင်စီပြန်ကြားရေးရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။