ဧပြီလ (၉)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်က မန္တလေးမြို့ရှိ Mingalar Mandalay မဏ္ဍပ်ကို သင်္ကြန်အကြိုလက်ဆောင်အနေနဲ့ သတိပေးဖောက်ခွဲခဲ့တယ်လို့ အောင်စည်တော်(AST-MDY)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Mingalar Mandalay မဏ္ဍပ်ဟာ ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်း၊ ၁၀၅×၁၀၆ကြားက မင်းအောင်လှိုင်ပိုင် Mingalar Hotel နဲ့ စည်ပင်တို့ ပူးပေါင်းလုပ်ဆောင်တဲ့ ဗဟိုမဏ္ဍပ်ထက်ကို ခန်းနားစွာ တည်ဆောက်ထားတာလို့ ဆိုပါတယ်။
“ ရေပေါ်ဆီတွေကို သတိပေးချင်တယ်။ စစ်ကိုင်းမြို့ကျော်ရင်တောင် စစ်မီးတောက်နေပြီး လေဟာပြင်မီးလောင်ပြင်ဖြစ်နေတာကို သိနေပါလျက် လွတ်လပ်ခွင့် ရပိုင်ခွင့်နဲ့ ရောချပျော်နေတာဟာ ကိုယ်ချင်းစာတရားမရှိတဲ့ အကျင့်စာရိတ္တနဲ့ ခံယူချက်ပဲဖြစ်တယ်” လို့ AST-MDY က ရေးသားထားပါတယ်။
ဒီလိုမဏ္ဍပ်တွေဟာ ဘယ်ကလာသလဲ၊ ဘယ်သူတွေလုပ်သလဲ၊ ဘာအတွက်လုပ်နေကြလဲဆိုတာ သိပါလျက်နဲ့ ဝင်ပျော်နေကြတာဟာ တော်လှန်ရေးအခြေအနေကို မသိကျိုးကျွံပြုလွန်းတာကြောင့် စစ်ကောင်စီထောက်တိုင်တွေကို ညှာတာတွေးတောပေးဖို့ အကြောင်းမရှိဘူးလို့ သတိပေးထားပါတယ်။
ဒါ့ပြင် လူစည်ကားနေတဲ့ မဏ္ဍပ်တွေ အထူးသတိထားကြဖို့နဲ့ အခုလို စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ ဘယ်လိုပစ်မှတ်ကိုမဆို တိုက်ခိုက်တာတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။
Mingalar Mandalay မဏ္ဍပ်ကို ADT-MDY နဲ့ STF-MDY တို့ မိုင်းခွဲခဲ့ကာမန္တလေးသူ/မန္တလေးသားတွေအနေနဲ့လဲ တော်လှန်ရေးရေချိန် မြှင့်တင်ကြဖို့ကို AST-MDY ရဲ့ အသိပေးကြေညာထားချက်အရ သိရပါတယ်။