နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုဂံက ဟိုတယ်တစ်ခုမှာ ဟိုတယ်မန်နေဂျာနဲ့ ဝန်ထမ်းတွေက လာရောက်တည်းခိုတဲ့ လူငယ်တွေကို ရိုက်နှက်ရာက တစ်ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့

နိုဝင်ဘာလ (၉)ရက်။

နိုဝင်ဘာလ (၃)ရက်နေ့ ညပိုင်းအချိန်က ပုဂံဒေသရှိ ရွှေစည်းခုံဘုရားအနီးက Cheri Land River House ဟိုတယ်မှာ လာရောက်တည်းခိုတဲ့ လူငယ်တွေကို ဟိုတယ်မန်နေဂျာအပါအဝင် ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ကာ တစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ တနင်္ဂနွေနေ့မှာ လူငယ်တွေက တနေကုန်လျှောက်လည်ပြီး ညနေပိုင်းမှာ အဲ့ဒီဟိုတယ်ရဲ့ မြစ်ကမ်းဘေး ဝိုင်းဖွဲ့ပြီး စားသောက်ကြတာ။ စားသောက်တဲ့အချိန် သူတို့က Bluetooth box နဲ့ သီချင်းဖွင့်ထားတယ်။ အဲ့ဒီလိုဖွင့်ထားတာကို အသံတိုးဖို့ ဟိုတယ်ဝန်ထမ်းတွေက လာပြောတော့ သောက်ထားတဲ့အရှိန်နဲ့ စကားနည်းနည်းများတာတွေရှိခဲ့တယ်။ ဒါပေမယ့် ပြဿနာဖြစ်ရလောက်တဲ့အထိမဟုတ်ဘူး၊ နောက်ပြီး လူငယ်တွေက အသံတိုးပေးပြီး ဆက်ထိုင်နေရင်း ညဘက်ရောက်တော့ (၇)ယောက်ထဲက (၅)ယောက်က အခန်းပြန်သွားတဲ့အချိန် လူ (၁၀)ယောက်လောက်ရောက်လာပြီး အခန်းပိတ် ဝိုင်းရိုက်ကြတာ” လို့ သူက ဆိုပါတယ်။

အဲ့ဒီလို စကားများခဲ့ပြီးနောက် အခန်းပြန်သွားတဲ့ လူငယ် (၅)ဦးကို သံတုတ်တွေကိုင်ဆောင်ထားတဲ့ လူ (၁၀)ဦးခန့်က အခန်းထဲအထိဝင်ရိုက်ခဲ့ရာ အသက်(၂၅)နှစ်အရွယ် ကိုရဲထက်နိုင်ဟာ ဦးခေါင်းနောက်စိကြေမွကာ သတိလစ်သွားပြီး ကျန် (၄)ဦးမှာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

“ အခန်းထဲအထိ ဝင်ရိုက်ပြီးတော့ တံခါးပိတ်ထားတာကို အပြင်မှာကျန်နေတဲ့ လူငယ် (၂)ဦးက ရောက်လာပြီး ဆေးရုံပို့ဖို့ တံခါးဖွင့်ပေးဖို့ တောင်းပန်ပေမယ့် သူတို့ပါပါတယ်ဆိုပြီး လိုက်ရိုက်လို့ ထွက်ပြေးပြီး ပုန်းနေကြရတယ်။ နောက်မှ သက်ဆိုင်ရာတွေကို အကြောင်းကြား ခေါ်ထုတ်ပြီး ဆေးရုံပို့ရတယ်။ ရိုက်ခံရတဲ့သူတွေထဲက ရဲထက်နိုင်ကတော့ မန္တလေးဆေးရုံမှာပဲ ဆုံးပါးသွားတယ်။ ရိုက်တဲ့သူတွေက ဘယ်သူတွေလဲဆိုတာကို သေချာမမှတ်မိပေမယ့် ဝန်ထမ်းဝတ်စုံတွေနဲ့ပါတယ်ဆိုတာလောက်ပဲ ပြောနိုင်ခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။

ရိုက်နှက်ခံရသူတွေကို မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့် မောင်ရဲထက်နိုင်ကတော့ နိုဝင်ဘာလ (၆)ရက်နေ့ နံနက် (၁၂)နာရီခွဲအချိန်မှာ ဆုံးပါးသွားခဲ့ပြီး ကျန် (၄)ဦးထဲက (၂)ဦးဟာ ဦးခေါင်းနဲ့ ခြေထောက်တို့မှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကာ စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ထဲ ဝိုင်းရိုက်ကြသူ (၁၀)ဦးအထိရှိတယ်လို့ ပြောဆိုထားပေမယ့် သက်ဆိုင်ရာရဲစခန်းဘက်ကတော့ ဟိုတယ်မန်နေဂျာအပါအဝင် (၆)ဦးကိုသာ ဖမ်းဆီးရမိထားပြီး စစ်ဆေးနေဆဲဖြစ်တာကြောင့် အသေးစိတ်ကို ထုတ်ပြန်ပြောဆိုထားတာမရှိပါဘူး။

“ ဟိုတယ်ဘက်က လာတည်းတဲ့ဧည့်သည် ဘယ်လောက်ပဲ အုပ်စုဖွဲ့ရမ်းကားနေပါစေ ဖြေရှင်းနည်းက အများကြီးရှိပါတယ်။ အခုလိုမျိုး ကိုယ့်ဆီမှာ လာတည်းတဲ့ဧည့်သည်ကို တာဝန်ယူ နွေးထွေးပျူငှာစွာ ဆက်ဆံရမယ့်အစား အုပ်စုဖွဲ့ရိုက်နှက်တာက မဖြစ်သင့်ဘူး၊ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားအောက်မှာ ဟိုတယ်ဖွင့်ပြီး ပေါ်လစီတွေ၊ စည်းမျဉ်းတွေနဲ့ တာဝန်ခံမှုနဲ့အညီ ပြုမူပြီး တာဝန်ယူဖြေရှင်းသင့်တယ်” လို့ ပြည်သူတစ်ဦးက မှတ်ချက်ပြုပြောဆိုထားပါတယ်။

Cheri Land River House ဟိုတယ်ဟာ တန်ဖိုးသင့်ဟိုတယ်အနေနဲ့ လူသိများတဲ့ ဟိုတယ်တစ်ခုဖြစ်ကာ တည်းခိုဖူးသူအချို့ရဲ့ ကောင်းမွန်တဲ့ တုံ့ပြန်တာတွေ ရရှိထားခဲ့ပေမယ့် ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် ဟိုတယ်ရဲ့ Facebook page ကို ပြန်လည်ဖြုတ်ချထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 28 Views
ဒီနေ့ မတ်လ (၂၂)ရက်တနင်္ဂနွေနေ့မှာ “တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”ခေါင်းစဥ်နဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၃၉)မှာ မင်းအောင်လှိုင်က တဖက်မှာ အစိုးရဖွဲပြီး သမတတက်လုပ်တော့မယ်ဆိုပြီး တဆင့်ပြီး တဆင့်သွားနေချိန်မှာ
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 32 Views
မတ်လ (၂၁)ရက်။ မတ်လ (၁၈)ရက်နေ့ ညနေပိုင်းအချိန်က တနင်္သာရီကနေ မြိတ်ဘက်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့
မြန်မာသတင်း

ယင်းမာပင်မှာ အင်အား(၂၀၀)ကျော်ပါ စစ်တပ်‌စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈၀)ကျော်သေဆုံးကာ စစ်ကြောင်းဖွဲစည်းပုံပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 31 Views
မတ်လ (၂၁)ရက်။ ပြီးခဲ့တဲ့လကစပြီး ယင်းမာပင်မြိုနယ်အနောက်ပိုင်းရှိ ကျေးရွာတွေကို အင်အား(၂၀၀)ကျော်နဲ့ စစ်တပ်စစ်ကြောင်းက မီးရှိတာနဲ့ ခိုးဆိုးလုနှိက်တာတွေ လုပ်ဆောင်နေတယ်လို PDF Column 1 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ယင်းမာပင်က ကျေးရွာတွေမှာ
မြန်မာသတင်း

ကသာမှာ စစ်ရှောင်တွေခိုလှုတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 25 Views
သံဃာတွေနဲ့ စစ်ရှောင်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ မတ်လ (၂၁)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ကသာမြိုပေါ်ရှိ မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က ကသာမြိုပေါ်ကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ရှမ်းပြည်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေ ချေမှုန်းခံရပြီး အများအပြား ထိခိုက်သေဆုံးနေ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 25 Views
မတ်လ (၂၀)ရက်။ စစ်တပ်ဟာ ရှမ်းပြည်တောင်ပိုင်းက စတင်တဲ့ ရန်နိုင်မင်းစစ်ဆင်ရေးနဲ့ ဖရူဆို-ဘောလခဲ-ဖားဆောင်း လမ်းကြောင်းတလျှောက်ကို စစ်ကြောင်းထိုးနေတယ်လို KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းတလျှောက်ရှိ မြိုတွေကို ထိန်းချုပ်နိုင်ပြီဆိုပြီး တဖက်သတ်
မြန်မာသတင်း

ခေတ်မျက်လုံးအယ်ဒီတာ့အာဘော်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 28 Views
“မင်းအောင်လှိုင်ရဲ့အရှက်မဲ့မျက်နှာနဲ့ သမတအဖြစ် ခြေလှမ်းသစ် စလှမ်းတော့မလား” မင်းအောင်လှိုင်က ၂၀၂၀ မဲရလာဒ်ကို မဲမသမာမှုလို့ စွပ်စွဲပြီး အာဏာကို လူယူခဲ့တာ လူတိုင်းသိပြီးသားဖြစ်တယ်၊ စစ်တပ်ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥကို အသက်ပေး စောင့်ရှောက်ပါ့မယ်ဆိုတဲ့သူက တပ်တည်ထောင်ထားတဲ့ ကြံ့ဖွတ်ပါတီက မဲမနိုင်တဲ့အခါ
မြန်မာသတင်း

အာရက္ခတပ်တော် (AA)မှ စစ်သုံပန်းတချို့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 30 Views
၂၀၂၆ခုနှစ်၊မတ်လ (၂၀)ရက် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် အာရက္ခတပ်တော်၊ အာလဖာ (၁) စစ်ဒေသတွင် စစ်သုံပန်းတချို့နှင့် မိသားစုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အခန်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းမတ်လ (၂၀)ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းစစ်သုံပန်းမိသားစုဝင်များထဲမှ မိသားစုဝင် တစ်ဦးဖြစ်သော
မြန်မာသတင်း

ချင်းပြည်နဲ့ ချင်းလူမျိုးကို ကာကွယ်ဖို တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ ပြော

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 36 Views
မတ်လ (၂၀)ရက်။ ချင်းပြည်နဲ့ ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တံ့ တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ Pu Zing Cung က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ ချင်းအမျိုးသားလုံခြုံရေးနဲ့ ချင်းပြည်တည်ဆောက်ဖိုအတွက်