နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုဂံက ဟိုတယ်တစ်ခုမှာ ဟိုတယ်မန်နေဂျာနဲ့ ဝန်ထမ်းတွေက လာရောက်တည်းခိုတဲ့ လူငယ်တွေကို ရိုက်နှက်ရာက တစ်ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့

နိုဝင်ဘာလ (၉)ရက်။

နိုဝင်ဘာလ (၃)ရက်နေ့ ညပိုင်းအချိန်က ပုဂံဒေသရှိ ရွှေစည်းခုံဘုရားအနီးက Cheri Land River House ဟိုတယ်မှာ လာရောက်တည်းခိုတဲ့ လူငယ်တွေကို ဟိုတယ်မန်နေဂျာအပါအဝင် ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ကာ တစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“တနင်္ဂနွေနေ့မှာ လူငယ်တွေက တနေကုန်လျှောက်လည်ပြီး ညနေပိုင်းမှာ အဲ့ဒီဟိုတယ်ရဲ့ မြစ်ကမ်းဘေး ဝိုင်းဖွဲ့ပြီး စားသောက်ကြတာ။ စားသောက်တဲ့အချိန် သူတို့က Bluetooth box နဲ့ သီချင်းဖွင့်ထားတယ်။ အဲ့ဒီလိုဖွင့်ထားတာကို အသံတိုးဖို့ ဟိုတယ်ဝန်ထမ်းတွေက လာပြောတော့ သောက်ထားတဲ့အရှိန်နဲ့ စကားနည်းနည်းများတာတွေရှိခဲ့တယ်။ ဒါပေမယ့် ပြဿနာဖြစ်ရလောက်တဲ့အထိမဟုတ်ဘူး၊ နောက်ပြီး လူငယ်တွေက အသံတိုးပေးပြီး ဆက်ထိုင်နေရင်း ညဘက်ရောက်တော့ (၇)ယောက်ထဲက (၅)ယောက်က အခန်းပြန်သွားတဲ့အချိန် လူ (၁၀)ယောက်လောက်ရောက်လာပြီး အခန်းပိတ် ဝိုင်းရိုက်ကြတာ”လို့ သူက ဆိုပါတယ်။

အဲ့ဒီလို စကားများခဲ့ပြီးနောက် အခန်းပြန်သွားတဲ့ လူငယ် (၅)ဦးကို သံတုတ်တွေကိုင်ဆောင်ထားတဲ့ လူ (၁၀)ဦးခန့်က အခန်းထဲအထိဝင်ရိုက်ခဲ့ရာ အသက်(၂၅)နှစ်အရွယ် ကိုရဲထက်နိုင်ဟာ ဦးခေါင်းနောက်စိကြေမွကာ သတိလစ်သွားပြီး ကျန် (၄)ဦးမှာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

“အခန်းထဲအထိ ဝင်ရိုက်ပြီးတော့ တံခါးပိတ်ထားတာကို အပြင်မှာကျန်နေတဲ့ လူငယ် (၂)ဦးက ရောက်လာပြီး ဆေးရုံပို့ဖို့ တံခါးဖွင့်ပေးဖို့ တောင်းပန်ပေမယ့် သူတို့ပါပါတယ်ဆိုပြီး လိုက်ရိုက်လို့ ထွက်ပြေးပြီး ပုန်းနေကြရတယ်။ နောက်မှ သက်ဆိုင်ရာတွေကို အကြောင်းကြား ခေါ်ထုတ်ပြီး ဆေးရုံပို့ရတယ်။ ရိုက်ခံရတဲ့သူတွေထဲက ရဲထက်နိုင်ကတော့ မန္တလေးဆေးရုံမှာပဲ ဆုံးပါးသွားတယ်။ ရိုက်တဲ့သူတွေက ဘယ်သူတွေလဲဆိုတာကို သေချာမမှတ်မိပေမယ့် ဝန်ထမ်းဝတ်စုံတွေနဲ့ပါတယ်ဆိုတာလောက်ပဲ ပြောနိုင်ခဲ့တယ်”လို့ သူက ဆက်ပြောပါတယ်။

ရိုက်နှက်ခံရသူတွေကို မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့် မောင်ရဲထက်နိုင်ကတော့ နိုဝင်ဘာလ (၆)ရက်နေ့ နံနက် (၁၂)နာရီခွဲအချိန်မှာ ဆုံးပါးသွားခဲ့ပြီး ကျန် (၄)ဦးထဲက (၂)ဦးဟာ ဦးခေါင်းနဲ့ ခြေထောက်တို့မှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကာ စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ထဲ ဝိုင်းရိုက်ကြသူ (၁၀)ဦးအထိရှိတယ်လို့ ပြောဆိုထားပေမယ့် သက်ဆိုင်ရာရဲစခန်းဘက်ကတော့ ဟိုတယ်မန်နေဂျာအပါအဝင် (၆)ဦးကိုသာ ဖမ်းဆီးရမိထားပြီး စစ်ဆေးနေဆဲဖြစ်တာကြောင့် အသေးစိတ်ကို ထုတ်ပြန်ပြောဆိုထားတာမရှိပါဘူး။

“ဟိုတယ်ဘက်က လာတည်းတဲ့ဧည့်သည် ဘယ်လောက်ပဲ အုပ်စုဖွဲ့ရမ်းကားနေပါစေ ဖြေရှင်းနည်းက အများကြီးရှိပါတယ်။ အခုလိုမျိုး ကိုယ့်ဆီမှာ လာတည်းတဲ့ဧည့်သည်ကို တာဝန်ယူ နွေးထွေးပျူငှာစွာ ဆက်ဆံရမယ့်အစား အုပ်စုဖွဲ့ရိုက်နှက်တာက မဖြစ်သင့်ဘူး၊ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားအောက်မှာ ဟိုတယ်ဖွင့်ပြီး ပေါ်လစီတွေ၊ စည်းမျဉ်းတွေနဲ့ တာဝန်ခံမှုနဲ့အညီ ပြုမူပြီး တာဝန်ယူဖြေရှင်းသင့်တယ်”လို့ ပြည်သူတစ်ဦးက မှတ်ချက်ပြုပြောဆိုထားပါတယ်။

Cheri Land River House ဟိုတယ်ဟာ တန်ဖိုးသင့်ဟိုတယ်အနေနဲ့ လူသိများတဲ့ ဟိုတယ်တစ်ခုဖြစ်ကာ တည်းခိုဖူးသူအချို့ရဲ့ ကောင်းမွန်တဲ့ တုံ့ပြန်တာတွေ ရရှိထားခဲ့ပေမယ့် ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် ဟိုတယ်ရဲ့ Facebook page ကို ပြန်လည်ဖြုတ်ချထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 125 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 116 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 105 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 94 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို