နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ခေါင်းဆောင် လေယာဉ်မဆင်းခင် လေဆိပ်ကောင်းကင်မှာ ရဟတ်ယာဉ်တွေနဲ့ ကင်းလှည့်

စစ်ခေါင်းဆောင် လေယာဉ်မဆင်းခင် လေဆိပ်ကောင်းကင်မှာ ရဟတ်ယာဉ်တွေနဲ့ ကင်းလှည့်

နိုဝင်ဘာလ (၁၀)ရက်။

ဒီကနေ့ နံနက်ပိုင်းအချိန်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေပြည်တော်လေဆိပ်ကို မဆင်းခင်အချိန် ကောင်းကင်ထက်မှာ ရဟတ်ယာဉ်တွေပျံဝဲပြီး ကင်းလှည့်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို နေပြည်တော‌လေဆိပ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ်မဆင်းခင်အချိန် လေဆိပ်ကောင်းကင်တဝိုက်မှာ ရဟတ်ယာဉ်ပျံဝဲပြီး ကင်းလှည့်နေတဲ့ ရုပ်သံဖိုင်ကို စစ်လော်ဘီချန်နယ်တွေက ဖော်ပြထားပါတယ်။

“ သူ့(မင်းအောင်လှိုင်)လောက်ကြောက်တတ်တာလဲ သူ့ပြင်မရှိဘူး။ အခု တရုတ်ကပြန်လာမယ့်အချိန် နေပြည်တော်လေဆိပ်မှာ လေယာဉ်ဆင်းဖို့ကို ကြိုပြီး ကင်းလှည့်လုံခြုံရေးယူပေးနေရတယ်။ တရုတ်ကိုစသွားတဲ့နေ့ကလဲ လေဆိပ်မှာ ဗုံးပေါက်တာဆိုတော့ အဲ့ဒါမျိုးကို လန့်နေတာဖြစ်မယ်၊ နောက်ပြီး ကလေးတွေကိုလဲ လေဆိပ်မှာ လာကြိုခိုင်းထားသေးတယ်” လို့ ပြည်သူတစ်ဦးက ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်ခရီးစဉ်ကနေ ပြန်လာမယ့် ဒီကနေ့မှာ သူ့ကိုကြိုဆိုဖို့အတွက်ဆိုကာ နေပြည်တော်လေဆိပ်ထဲ ကျောင်းသားကျောင်းသူတွေကိုပါ ခေါ်ယူထားပြီး စောင့်ဆိုင်းခိုင်းထားတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် တရုတ်နိုင်ငံကို စတင်သွားရောက်တဲ့ နံနက်ပိုင်းက ခရီးစဉ်စတင်ပြီးတဲ့‌နောက် (၂)နာရီခန့်အကြာမှာ နေပြည်တော် အေလာလေဆိပ်ရှိ လေယာဉ်ပြေးလမ်းအနီး လက်လုပ်ဗုံးပေါက်ကွဲခဲ့တာပါ။

နောက်ပြီး အဲ့ဒီနေ့မှာပဲ လယ်ဝေးမြို့အနီးတဝိုက် ဗုံးသီးတွေတပ်ဆင်ထားတဲ့ အသေခံဒရုန်း‌အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားကာ လူထိခိုက်ပျက်စီးတာမရှိခဲ့ဘူးလို့ ပြောဆိုထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မင်းအောင်လှိုင်ဟာ တရုတ်ကနေ ပြန်လာတဲ့နေ့မှာ လေဆိပ်တဝိုက် လုံခြုံရေးတင်းကြပ်ထားပြီး ကျောင်းသားကျောင်းသူတွေကိုပါ လူသားဒိုင်းကာအနေနဲ့ အသုံးပြုတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 12 Views
နိုဝင်ဘာလ (၂၀)ရက်။ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာအကဲခတ်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားချက်အရ
မြန်မာသတင်း

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲက‌နေ စုံစမ်းတွေ့ရှိတဲ့ မဲစာရင်းတွေကို လေ့လာနိုင်ဖို့ဆိုပြီး စစ်ကောင်စီပြင်ဆင်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 4 Views
နိုဝင်ဘာလ (၂၀)ရက်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲက မဲစာရင်းတွေကို ‌လေ့လာနိုင်ဖို့ဆိုပြီး  Website နဲ့ Mobile Application တို့ကို စစ်ကောင်စီက
မြန်မာသတင်း

တန့်ယန်းမှာ ကျားဖျန့်လုပ်ကိုင်သူ (၁၀၀၀)ကျော်ကို “ ဝ” တပ်ဖမ်းဆီး၊ တရုတ်နိုင်ငံသား (၇၀၀)ကျော်ကို တရုတ်လက်ထဲ လွှဲပြောင်းပေးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 7 Views
နိုဝင်ဘာလ (၂၀)ရက်။ “ ဝ” တပ် UWSA ဝင်ရောက်ခဲ့တဲ့ တန့်ယန်းမြို့ထဲ ကျားဖျန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် (၁၀၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ WSTV ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UWSA တပ်စွဲကင်းလှည့်နေတဲ့ တန့်ယန်းမြို့အနီးတဝိုက်မှာ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခံရသူ (၆)ဦး ဒေါနတပ်ရင်းထံ အလင်းဝင်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 3 Views
နိုဝင်ဘာလ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းတာခံရသူ (၆)ဦး လက်နက်ခဲယမ်းတွေနဲ့ ဒေါနတပ်ရင်းထံ အလင်းဝင်လာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၆)ဦးထဲက တစ်ဦးဟာ MA1 (၁)လက်၊ ကျည်ဘောက် (၃)ဘောက်၊ ကပစကျည်
မြန်မာသတင်း

ပြည်သူတွေအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 3 Views
နိုဝင်ဘာလ (၂၀)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က PNLO နယ်မြေထဲ ပြည်သူတွေအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ နံနက်ပိုင်းကစပြီး အကြောင်းအရင်းမရှိဘဲ
မြန်မာသတင်း

သခင်ဘဟိန်းကျဆုံးတဲ့ (၇၈)နှစ်ပြည့် မန္တလေးရှိ အာဇာနည်ဗိမာန်မှာ လူထုလှုပ်ရှားမှုပြုလုပ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 6 Views
နိုဝင်ဘာလ (၂၀)ရက်။ ဒီကနေ့မှာကျရောက်တဲ့ သခင်ဘဟိန်း ကျဆုံးတာ (၇၈)နှစ်ပြည့်တဲ့နေ့ မန္တလေးရှိ အာဇာနည်ဗိမာန်မှာ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လူထုလှုပ်ရှားမှုကို စစ်ကောင်စီတပ်တွေ အမြဲ သောင်းကျန်းမင်းမူနေတဲ့နေရာဖြစ်တဲ့ အာဇာနည်ဗိမာန်ထဲက သခင်ဘဟိန်းရဲ့ အထိမ်းအမှတ် ကျောက်စာတိုင်ရှေ့မှာ ဂုဏ်ပြုဦးညွတ်တာနဲ့အတူ
မြန်မာသတင်း

(၁၅)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇၇)ဦးသေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 3 Views
နိုဝင်ဘာလ (၁)ရက်။ အခုလ နိုဝင်ဘာ (၁)ရက်နေ့ကစပြီး (၁၅)ရက်နေ့အထိ ဖာပွန်ခရိုင်ထဲ စစ်ကောင်စီတပ်နဲ့ KNLA တို့အကြား တိုက်ပွဲပေါင်း (၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU-မူတြော်ခရိုင်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့က သကြားစက်ရုံကို စစ်ကောင်စီက ဗုံးကြဲကာ အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 2 Views
နိုဝင်ဘာလ (၂၀)ရက်။ နိုဝင်ဘယလ (၁၈)ရက်နေ့ ည(၇)နာရီခွဲအချိန်က နောင်ချိုမြို့ ဆမ္မဆယ်ရွာ အင်ဝိုင်းအမှတ်(၃)ရှိ ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက ဗုံးကြဲခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆမ္မဆယ်ရွာက ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက