နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဂျပန်အဏုမြူဗုံးနှင့် အဏုမြူဗုံးဒဏ်သင့်အဖွဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိ++++++++++++++++++

အောက်တိုဘာလ (၁၁) ရက်။

နော်ဝေနိုင်ငံ နိုဘယ်လ်ဆုရွေးချယ်ကော်မတီက ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအား ဂျပန်အဏုမြူဗုံးနှင့် အဏုမြူဗုံးဒဏ်သင့်အဖွဲ့ (နိပွန်းဟိဒန်းကရိုး – Nippon Hidankyo အတိုကောက်- ဟိဒန်းကရိုး) ထံ ပေးအပ်မည်ဖြစ်ကြောင်း နော်ဝေနိုဘယ်လ်ကော်မတီက အောက်တိုဘာလ (၁၁) ရက်နေ့တွင် ကြေညာခဲ့သည်။

“နျူကလီးယားလက်နက်ကင်းစင်တဲ့ ကမ္ဘာကြီးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမှုအတွက် ဆုချီးမြှင့်ခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုဘယ်လ်ဆုရွေးချယ်ကော်မတီက နိပွန်းဟိဒန်းကရိုး (Hidankyo) ကို “ နျူကလီးယားလက်နက်တွေကို ဘယ်တော့မှ ထပ်ပြီးအသုံးမပြုရဘူးဆိုတဲ့ သူတို့ကိုယ်တိုင် အဏုမြူဓာတ်ရောင်ခြည်သင့်ခံရတဲ့သက်သေအထောက်အထားကနေတဆင့် ပြသခဲ့တယ်” ဟု ချီးကျူးခဲ့သည်။

ဟိဒန်းကရိုးကို ၁၉၄၅ ခုနှစ်တွင် ဟီရိုရှီးမားနှင့် နာဂါဆာကီတို့တွင် အမေရိကန်တို့ ကျဲချခဲ့သည့် အဏုမြူဗုံးများမှ အသက်ရှင်ကျန်ရစ်သူ အဏုမြူဓာတ်ရောင်ခြည်သင့်သူများက ၁၁ နှစ်အကြာ ၁၉၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

ယင်းအချိန်က ပစိဖိတ်သမုဒ္ဒရာရှိ ဘီကီနီကျွန်းတွင် အမေရိကန်အဏုမြူဗုံးစမ်းသပ်မှုတစ်ခုအတွင်း ဂျပန်တူနာငါးဖမ်းသင်္ဘော ဒိုင်းဂို ဖူကူရူ မာရုမှ သင်္ဘောသားများသည် အဏုမြူဓာတ်ရောင်ခြည် သင့်ခဲ့ရပြီးနောက် ဂျပန်နိုင်ငံတွင် အဏုမြူဗုံးအသုံးပြုမှု တားမြစ်ရန် လှုပ်ရှားမှုသည် အရှိန်အဟုန် မြင့်တက်လာခဲ့သည်။

ထိုအချိန်မှစ၍ ဟိဒန်းကရိုးသည် နူကလီးယားလက်နက်များ ဖျက်သိမ်းရေးအတွက် ကမ္ဘာကို ပန်ကြားပြီး အဏုမြူဗုံးမှ လွတ်မြောက်လာသူများ၏ ရှုထောင့်မှနေ၍ ဆက်လက် လှုံ့ဆော်ခဲ့သည်။

အရှေ့နှင့်အနောက်ကြား စစ်အေးကာလတွင် ဟိဒန်းကရိုးသည် ကုလသမဂ္ဂ အထူးအထွေထွေညီလာခံသို့ ကိုယ်စားလှယ်အဖွဲ့များကို သုံးကြိမ် စေလွှတ်ခဲ့ပြီး ၎င်းတို့၏ အတွေ့အကြုံများကို အခြေခံ၍ အဏုမြူဗုံး လွတ်မြောက်လာသူများအဖြစ် ၎င်းတို့၏ အတွေ့အကြုံများကို အခြေခံ၍ နျူကလည်းယားလက်နက် ဖျက်သိမ်းရေးကို တိုက်တွန်းတောင်းဆိုခဲ့သည်။

ဟိဒန်းကရိုး၏ကြွေးကြော်သံမှာ “ No more Hiroshima, No more Nagasai, No More hibakusha’ ဖြစ်သည်။ နောက်ထပ် ဟီရိုးရှီးမား၊ နောက်ထပ် နာဂါဆာကီ၊ နောက်ထပ် အဏုမြူဓာတ်ရောင်ခြည်သင့်သူများ ထွက်ပေါ်မလာရေးဖြစ်သည်။ (မှတ်ချက်။ ဟီဘကုရှ (‘hibakusha) ၏အဓိပ္ပါယ်မှာ အဏုမြူဓာတ်ရောင်ခြည်သင့်ခံရသူ ဖြစ်သည်။)

ထို့အပြင် ကုလသမဂ္ဂနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် အဏုမြူဗုံး ဓာတ်ပုံပြပွဲများ ကျင်းပခြင်းနှင့် ၂၀၀၅ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခြင်း အခမ်းအနားများတွင်လည်း အဏုမြူဗုံးကြဲချခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ၎င်း၏ လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဂျပန်နိုဘယ်လ်ဆုရွေးချယ်ကော်မတီဥက္ကဌက “ဟိဒန်းကရိုးသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေး အတွက် နှစ်ပေါင်းများစွာ လုပ်ဆောင်နေခဲ့သည်” ဟု ပြောကြားခဲ့ပါသည်။

နျူကလီးယားလက်နက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဝင်လက်ဝယ်ပိုင်ဆိုင်ခြင်းကို တားမြစ်ထားသည့် နျူကလီးယားလက်နက်များ တားမြစ်ရေးဆိုင်ရာ သဘောတူစာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများတွင် ဂျပန်နိုင်ငံမှ ဟိဒန်းကရိုးသည် လက်မှတ်ပေါင်း ၃ သန်းခန့်ကို စုဆောင်းပြီး လက်ခံအတည်ပြုရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ယင်းနောက်တွင် နိုင်ငံအားလုံးပါဝင်ရန် တောင်းဆိုသည့် ဟိဘကုရှ အင်တာနေရှင်နယ်သည် လက်မှတ်ပေါင်း ၁၃ ဒသမ ၇ သန်းဖြင့် ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည်။

ထို့အပြင်၊ နျူကလီးယားလက်နက်တားမြစ်ရေးသဘောတူစာချုပ်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အသက်ဝင်ခဲ့ပြီး ပြီးခဲ့သောနှစ် ဇွန်လတွင် သြစတြီးယားနိုင်ငံ၌ ကျင်းပသည့် ပထမအကြိမ်ညီလာခံတွင် ဂျပန်နိုင်ငံမှ ဟိဒန်းကရိုးမှ အဖွဲ့ဝင်များ စေလွှတ်ခဲ့ပြီး နျူလက်နက်ဖျက်သိမ်းရေးအတွက် တောင်းဆိုခဲ့သည်။

မကြာသေးမီနှစ်များအတွင်း၊ ကိုရိုနာဗိုင်းရပ်အသစ်၏အကျိုးသက်ရောက်မှုနှင့် အဏုမြူဗုံးဒဏ်သင့်ခံရသူများ၏ အသက်အရွယ်ကြီးရင့်မှုကြောင့် အဏုမြူဗုံးအတွေ့အကြုံကို ဖော်ပြသည့် အဖြစ်အပျက်များကို ဖျက်သိမ်းရန် သို့မဟုတ် လျှော့ချရန် ဖိအားပေးခံခဲ့ရသော်လည်း အဏုမြူဗုံးအကြောင်း သက်သေထွက်ဆိုချက်များကို ဖော်ပြရန် ကြိုးပမ်းမှုများကိုလည်း အာရုံစိုက်လုပ်ဆောင်လျက်ရှိသည်။

နော်ဝေနိုဘယ်ငြိမ်းချမ်းရေး ကော်မတီသည် နူကလီးယားလက်နက်များ ကင်းစင်သော ကမ္ဘာကြီးကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် နိပွန် ဟီဒန်ကျိုအား ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့ကြောင်းနှင့် ၎င်းတို့၏ ကိုယ်တွေ့တွေ့အကြုံများကို သက်သေအဖြစ် ထုတ်ဖော်အသုံးပြုပြီး နျူကလီးယားလက်နက်များကို ထပ်မံအသုံးမပြုရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း “ အေဆာကု ဆာတိုး” က NPT လက်မှတ်ရေးထိုးပြီး ၁၉၇၄ ခုနှစ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြီးနောက်ပိုင်း ဂျပန်နိုင်ငံသည် နှစ်ပေါင်း ၅၀ အတွင်း ဒုတိယအကြိမ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

နော်ဝေနိုင်ငံ မြို့တော် အော်စလိုတွင် နိုဘယ်လ်ကော်မတီက ဆုံးဖြတ်ချက်ကို ကြေညာခဲ့ရာတွင် “ ဟီရိုရှီးမားနှင့် နာဂါဆာကီတို့တွင် အဏုမြူဗုံးကြဲချမှုမှ လွတ်မြောက်ခဲ့သော သမိုင်းသက်သေများ (အဏုမြူဓာတ်ရောင်ခြည်သင့်ခဲ့ရသူများ)တစ်နေ့မှာတော့ ပျောက်ကွယ်သွားမယ့်အချိန် ရောက်လာမှာပါ ။” “ ဒါပေမယ့် ခိုင်မာတဲ့ မှတ်ဉာဏ်ရဲ့ ယဉ်ကျေးမှုနဲ့ စဉ်ဆက်မပြတ် ကြိုးစားမှုတွေကြောင့် ဂျပန်နိုင်ငံရဲ့ မျိုးဆက်သစ်တွေဟာ အဏုမြူဗုံးရဲ့ အတွေ့အကြုံတွေနဲ့ သက်သေပြောပြချက်တွေကို ဆက်လက်သိနိုင်စွမ်းရှိနေကြပါသေးတယ်” ဟု ရှင်းပြသည်။

“ နျူကလီးယားအသုံးပြုမှုတားမြစ်ချက်” ကို ထိန်းသိမ်းရာတွင် ၎င်းတို့၏ပါဝင်ကူညီမှုအတွက် ဟီဒန်းကရိုးအား ချီးကျူးခဲ့ပြီး နျူကလီးယားအသုံးပြုမှုတားမြစ်ချက်သည် “ လူသားမျိုးနွယ်အတွက် ငြိမ်းချမ်းသောအနာဂတ်အတွက် မရှိမဖြစ် လိုအပ်သည်´ ဟု ထောက်ပြခဲ့သည်။

နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက ဆုံးဖြတ်ချက်သည် နှစ် ၈၀ နီးပါး စစ်ပွဲတွင် နျူကလီးယားလက်နက်များ အသုံးမပြုခဲ့ကြောင်း စိတ်ချသေချာစေမည့်အချက်ကို မီးမောင်းထိုးပြသော်လည်း “ နျူကလီးယားလက်နက်အသုံးပြုမှုအား ဆန့်ကျင်သည့် တားမြစ်ချက်သည် ဖိအားအောက်တွင် ရှိနေသည်” ဟု အသိအမှတ်ပြုခဲ့သည်။

နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဖရစ်ဒ်နက်စ်က ” အဏုမြူဗုံးမှာ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ဇာတ်လမ်းတွေနဲ့ သက်သေခံချက်တွေဟာ နျူကလီးယားလက်နက်အသုံးပြုမှုကို ဘယ်လိုမှလက်မခံနိုင်ဘူးဆိုတာကို အရေးကြီးတဲ့ သတိပေးချက်တစ်ခုဖြစ်ပါတယ်ဟု နိုဘယ်ဆုရွေးချယ်မှုကြေညာပွဲမှာ ပြောဆိုခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 25 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup
ဂျာမဏီ နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆုံးရအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
AFPသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် ဟော်မုဇ်ရေလက်ကြားအရေး ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်ကို မက်ခရွန် မျှော်လင့်နေခဲ့ လက်ရှိ အပြန်အလှန် ပစ်ခတ်မှုများ ပြီးဆုံးသွားပါက ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံစေရန်အတွက် ကုလသမဂ္ဂဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ်က အီရန်အရေးနှင့်ပတ်သက်၍ ထရန့်ကို စိတ်ကျေနပ်အောင် ဖျောင်းဖျနိုင်ခဲ့သော်လည်း ပုလဲဆိပ်ကမ်း (Pearl Harbor)အကြောင်းနှင့် အံ့အားသင့် ဖွယ်ရာနှင့် ရင်ဆိုင်ခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 21 Views
AFP- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် ဂျပန်ဝန်ကြီးချုပ် စာနာအေ တာကာအီချီ (Sanae Takaichi) သည် ကြာသပတေးနေ့က အီရန်အရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်နှင့် ဖြစ်ပွားနိုင်ခြေရှိသော ထိပ်တိုက်တွေ့ဆုံမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ် တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန်က မိမိတို့နိုင်ငံကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်သူအဖြစ် ပုံဖော်ခဲ့ပြီး၊