နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက်

ကိယက်ဗ်မြို့

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည် အပြင်းအထန် ဗုံးကြဲခံနေရပြီး ရုရှားတပ်များ နီးကပ်လာချိန်တွင် ဥရောပခေါင်းဆောင်များက အဆိုးဆုံးကို စိုးရိမ်ခဲ့ကြသည်။ ထိုစဉ် ယူကရိန်းခေါင်းဆောင်သည် သမ္မတရုံးအဆောက်အအုံရှေ့ အမှောင်ထဲတွင် ၎င်း၏ ထိပ်တန်းအကြံပေးများနှင့်အတူ ရပ်နေသည့် ဗီဒီယိုတစ်ခုကို တင်ခဲ့ပြီး “ကျွန်တော်တို့ ဒီမှာရှိနေပါတယ်” ဟု ရိုးရှင်းစွာ ကြေညာခဲ့သည်။

ဇလန်းစကီးကို ဖယ်ရှားရေးသည် ယူကရိန်းကို သိမ်းပိုက်ရန် ရုရှား၏ အဓိကစီမံကိန်းဖြစ်ပြီး မော်စကိုက ရက်ပိုင်းအတွင်း ပြီးစီးမည်ဟု မျှော်လင့်ထားသည်။ သူ ထွက်မပြေးပါက ဖမ်းဆီးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း ခံရမည်ဖြစ်သည်။ ရုရှားအေးဂျင့်များသည် ၎င်းကို လုပ်ကြံရန် သမ္မတရုံးအနီးတစ်ဝိုက်ရှိ တိုက်ခန်းများကို ငှားရမ်းခဲ့ကြောင်း သမ္မတနှင့် နီးစပ်သူတစ်ဦးက CNN ကို ပြောကြားခဲ့သည်။

နိုင်ငံရေးထဲမဝင်မီ လူရွှင်တော်တစ်ဦးဖြစ်ခဲ့သော ဇလန်းစကီးသည် ဗုံးကြဲသည်ကို မကြောက်သောကြောင့် လူရွှင်တော်ဖြစ်လာခြင်းဖြစ်သည်ဟူသော ပြက်လုံးတစ်ခု စစ်ပွဲအစောပိုင်းတွင် ထွက်ပေါ်ခဲ့သည်။ အမေရိကန်က ၎င်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် ကမ်းလှမ်းသောအခါ “ကျွန်တော် လိုအပ်တာက ခရီးကြိုစစ်ကား မဟုတ်ဘူး၊ ခဲယမ်းမီးကျောက်တွေပါ” ဟု ဇလန်းစကီးက ပြန်လည်ပြောကြားခဲ့သည်။

ရုရှား၏ ကျူးကျော်မှု လေးနှစ်ပြည့်တော့မည့်အချိန်တွင် ဇလန်းစကီး၏ သတင်းစကားမှာ ပြောင်းလဲခြင်းမရှိသေးပါ။ ၎င်းသည် ရုရှား၏ လုပ်ကြံရန် ကြံစည်မှု တစ်ဒါဇင်ခန့်ကိုသာမက၊ မနှစ်က ၎င်း၏ အရင်းနှီးဆုံး အကြံပေးနှင့် ဝန်ကြီးနှစ်ဦး ရာထူးမှ နုတ်ထွက်သွားစေခဲ့သော အဂတိလိုက်စားမှု အရှုပ်တော်ပုံများကိုလည်း ကျော်ဖြတ်နိုင်ခဲ့သည်။

အများစုက ဇလန်းစကီး၏ ခံနိုင်ရည်ရှိမှုကို ၎င်း၏ နိုင်ငံရေးကျွမ်းကျင်မှုကြောင့်ဟု ယူဆကြ ပြီး ၎င်းကို ဝင်စတန် ချာချီ (Winston Churchill) နှင့်ပင် နှိုင်းယှဉ်ကြသည်။ သို့သော် ချာချီ ကဲ့သို့ပင် ဇလန်းစကီးသည်လည်း လမ်းခရီးတွင် အမှားအယွင်းအချို့ ရှိခဲ့ပြီး စစ်ပွဲရှည်ကြာ လာသည်နှင့်အမျှ ၎င်း၏အနာဂတ်မှာ မရေမရာ ဖြစ်လာနေသည်။ ယူကရိန်းလူမျိုး ၆၀ ရာခိုင်နှုန်းက ၎င်းကို ယုံကြည်ကြသော်လည်း ထက်ဝက်ခန့်ကသာ ဒုတိယသက်တမ်းအတွက် အရွေးခံသင့်သည်ဟု ယူဆကြသည်။

ပြီးခဲ့သည့် ဇူလိုင်လက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များ၏ လွတ်လပ်ခွင့်ကို ကန့်သတ်မည့် အစိုးရ၏ အစီအစဉ်ကို ကန့်ကွက်ရန် ယူကရိန်းပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသဖြင့် ဇလန်းစကီးအနေဖြင့် ၎င်း၏ ဆုံးဖြတ်ချက်ကို နောက်ဆုတ်ခဲ့ရသည်။

ထို့ပြင် အလွန်လူကြိုက်များသော စစ်ဦးစီးချုပ်ဟောင်း ဗာလာရီ ဇာလူဇ်နီ (Valerii Zaluzhnyi) နှင့် အကြိမ်ကြိမ် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ၎င်းကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ပိုလန်သံအမတ်ဟောင်း စီချော့စကီး (Cichocki) က ဇလန်းစကီး၏ ရဲတင်းမှုကို ဆိုဗီယက် ယူကရိန်း၏ အဆင်းရဲဆုံးဒေသတွင် ဂျူးလူမျိုးကောင်လေးတစ်ဦးအဖြစ် ကြီးပြင်းခဲ့ရသည့် ဘဝနောက်ခံနှင့် ဆက်စပ်နေသည်ဟု ယူဆသည်။ “သူဟာ အားနည်းမှုကို အထင်မကြီးဘူး၊ သာလွန်တဲ့ အင်အားကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိတယ်” ဟု ၎င်းက ဆိုသည်။

မထင်မှတ်ထားသော သမ္မတ

အသက် ၄၈ နှစ်အရွယ် ဇလန်းစကီးသည် လွတ်လပ်သော ယူကရိန်း၏ အငယ်ဆုံး ခေါင်းဆောင် ဖြစ်ပြီး အံ့သြစရာအကောင်းဆုံး ခေါင်းဆောင်လည်း ဖြစ်သည်။ ရှေ့နေတစ်ဦး ဖြစ်သော်လည်း နိုင်ငံရေးအတွေ့အကြုံ လုံးဝမရှိဘဲ ဖျော်ဖြေရေးလောကမှတစ်ဆင့် သမ္မတ ဖြစ်လာသူဖြစ်သည်။ ၎င်း၏ပြည်သူ့အစေခံ( “Servant of the People”) ဟူသော ရုပ်သံ ဇာတ်လမ်း တွဲထဲတွင် ဆင်းရဲသော ကျောင်းဆရာလေးတစ်ဦး မမျှော်လင့်ဘဲ သမ္မတဖြစ်လာပုံ ကို သရုပ်ဆောင်ခဲ့ရာမှ နာမည်ကြီးခဲ့ခြင်းဖြစ်သည်။

၎င်း၏ မိန့်ခွန်းရေးပေးသူ လစ်ဗင် (Lytvyn) က ဇလန်းစကီးသည် လူထုနှင့် တိုက်ရိုက် ဆက်သွယ် ပြောဆိုရန် ဗီဒီယိုမက်ဆေ့ချ်များကို ကိုယ်တိုင်ဆုံးဖြတ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။ “သူဟာ လူတွေကြားထဲမှာရှိနေပြီး တစ်ခုခုလုပ်နေတယ်ဆိုတာကို ပြဖို့ အဲဒီဗီဒီယိုတွေက အရေးကြီးတယ်” ဟု ဆိုသည်။

ဆက်သွယ်ပြောဆိုရေး ပါရမီ

ဇလန်းစကီး၏ အကောင်းဆုံး အခိုက်အတန့်မှာ ရုရှားတပ်များ ဝိုင်းထားချိန်တွင် ကိယက်ဗ်မှ မထွက်ခွာဘဲ နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ဇနီး အိုလီနာနှင့် သားသမီးများဖြစ်သော အိုလက်ဇန္ဒြာ၊ ကီရီလို တို့သည်လည်း ယူကရိန်းတွင်ပင် ဆက်နေခဲ့ကြသည်။ ယင်းကြောင့် ဇလန်းစကီးအပေါ် ပြည်သူ့ယုံကြည်မှုသည် ၃၇ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ချက်ချင်း ခုန်တက်သွားခဲ့သည်။

ယူကရိန်းသည် ကိယက်ဗ်ကို ကာကွယ်နိုင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် ထိုးစစ်များတွင် တိုးတက်မှု နည်းပါးခဲ့သည်။ ၂၀၂၄ ခုနှစ် သြဂုတ်လတွင် ရုရှားနိုင်ငံအတွင်းရှိ ကာ့စ်ခ် (Kursk) ဒေသကို အလစ်အငိုက် ဝင်ရောက်စီးနင်းနိုင်ခဲ့သဖြင့် ယူကရိန်းတပ်များ စိတ်ဓာတ်တက်ကြွ ခဲ့သော်လည်း၊ ၂၀၂၅ ခုနှစ်တွင် ရုရှား၏ အနှေးနှင့်အမြန် ထိုးစစ်ဆင်မှုများကြောင့် ရှေ့တန်း စစ်မျက်နှာတွင် အကျပ်အတည်းများ ဆက်ရှိနေဆဲဖြစ်သည်။

အမေရိကန်နှင့် ဆက်ဆံရေး

ဇလန်းစကီးသည် အနောက်အုပ်စု၊ အထူးသဖြင့် အမေရိကန်၏ အကူအညီမပါဘဲ စစ်ကို ဆက်တိုက်နိုင်မည်မဟုတ်ကြောင်း သိထားသည်။ သို့သော် ဒေါ်နယ်ထရမ့်နှင့် ဆက်ဆံရေးမှာမူ ခက်ခဲခဲ့သည်။ အိမ်ဖြူတော်တွင် ထရမ့်နှင့် တွေ့ဆုံစဉ်က တင်းမာမှုများရှိခဲ့ပြီး ထရမ့်က ဇလန်းစကီးကို ကျေးဇူးမသိတတ်သူအဖြစ် စွပ်စွဲခဲ့သည်။ သို့သော် မကြာသေးမီက ဇလန်းစကီးသည် ထရမ့်နှင့် ဆက်သွယ်ပြောဆိုပုံနည်းလမ်းသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ရစ်ချက် ဘလူးမန်းသဲလ်က ဆိုသည်။

မရေရာသော အနာဂတ်

လေးနှစ်တာ စစ်ပွဲဒဏ်ကြောင့် ဇလန်းစကီး၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ သိသိ သာသာ မြင်တွေ့နေရသည်။ ၎င်းသည် တစ်နေ့လျှင် ကော်ဖီအမြောက်အမြား သောက်ပြီး မနက် ၃ နာရီ၊ ၄ နာရီလောက်မှ စတင်ကာ အလုပ်လုပ်ရသည်။ ၎င်း၏ ဇနီး အိုလီနာက စစ်ပွဲစတင်ကတည်းက လုံးဝဥဿုံ ပျော်ရွှင်ရသည့် အချိန်ဟူ၍ မရှိသေးကြောင်း CNN ကို ပြောကြားခဲ့သည်။

ယူကရိန်းပြည်သူများသည် လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရပြီး ရှေ့တန်း စစ်မျက်နှာမှာလည်း အလွန်ခက်ခဲနေသည်။ သို့သော် လူမှုဗေဒပညာရှင် ပန်နီယိုတို (Paniotto) က “ယူကရိန်းပြည်သူအများစုက ဇလန်းစကီးဟာ နိုင်ငံကို ငြိမ်းချမ်းရေးဆီ ခေါ်ဆောင် သွားမယ့် ခေါင်းဆောင်အဖြစ် မြင်နေကြတုန်းပဲ” ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ၊ နိုင်ငံခြားရေးဝန်ကြီး ဆီဘီဟာ (Sybiha) က ဇလန်းစကီးအပေါ် ယုံကြည်မှုအပြည့်ရှိနေပြီး “သူဟာ ပြင်းထန်တဲ့ ထိုးနှက်ချက်တွေကို ဘယ်လိုတွန်းလှန် ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရှေ့တန်း Kupiansk မြို့တွင် Zelensky မှ ဗီဒီယိုတစ်ခု မှတ်တမ်းတင်နေစဉ်။ (ယူကရိန်းသမ္မတ သတင်းထုတ်ပြန်ရေးဌာန/Reuters) (ပုံ)

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သော Oval Office အစည်းအဝေးသည် Zelensky နှင့် Trump အစိုးရအကြား ဆက်ဆံရေး အနိမ့်ဆုံးအချိန်ကို အမှတ်အသား ပြုခဲ့သည်။ (Brian Snyder/Reuters) (ပုံ)

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ဆိုလီဒါအနီး ရှေ့တန်းရှိ တပ်မဟာဌာနချုပ်သို့ သွားရောက်လည်ပတ်စဉ် ဇယ်လင်စကီးနှင့်စစ်သားများဆယ်လ်ဖီရိုက်နေစဉ်။ ယူကရိန်းသမ္မတရုံး/AP(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 68 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 81 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 74 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 91 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက