နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၂)လတာထဲ စစ်ကောင်စီဘက်က ဗိုလ်ကြီးတွေအပါအဝင် တပ်သားနဲ့ရဲ (၄၉)ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာ

နိုဝင်ဘာလ (၁၁)ရက်။

ပြီးတဲ့တဲ့ စက်တင်ဘာနဲ့ ‌အောက်တိုဘာလထဲ စစ်ကောင်စီဘက်က ဗိုလ်ကြီး (၄)ဦးအပါအဝင် တပ်သားနဲ့ရဲ (၄၉)ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ NUG ရဲ့ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်မှုဆိုင်ရာ ဗဟိုကော်မတီနဲ့ MOD အောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေကို ဆက်သွယ်ပြီး ခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။

(၂)လတာထဲ ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေဟာ အရာရှိအဆင့် ဗိုလ်ကြီး (၄)ဦး၊ ရဲအုပ် (၂)ဦးအပါအဝင် တပ်သားနဲ့ရဲ (၄၉)ဦးရှိခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို စွန့်လွှတ်ကာ ပြည်သူ့ဘက်ကို ရပ်တည်ကူးပြောင်းလာတာလို့ ဖော်ပြထားပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေထဲ လက်နက်နဲ့အတူ လာရောက်သူတွေရှိခဲ့ပြီး လက်နက်ယူဆောင်လာသူတွေကို MOD က သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေ ယူဆောင်လာတဲ့ လက်နက်မျိုးစုံ (၁၇)လက်နဲ့ ခဲယမ်းမီးကျောက်တွေ ရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေအပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သားနဲ့ ရဲတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေကို ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ MOD က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်မရှိဘဲ “ ဗုံတီးမယ်” သီချင်းဗီဒီယိုထုတ်လွင့်သူတွေကို စစ်ကောင်စီ အရေးယူဖို့စီစဉ်

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 6 Views
မတ်လ (၁၉)ရက်။ ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်မရှိဘဲ “ ဗုံတီးမယ်” တေးသီချင်းဗီဒီယို ထုတ်လွှင့်သူတွေကို အရေးယူဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ကျားဖြန့်လုပ်ငန်းမှာ ဖမ်းမိသူတွေထဲ တရုတ်နိုင်ငံသားဆွေ အများဆုံးလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 16 Views
မတ်လ (၁၉)ရက်။ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်လာပြီး ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ နိုင်ငံခြားသားတွေထဲ တရုတ်နိုင်ငံသားတွေ အများဆုံးပါဝင်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့စာချုပ်တွေ အကျိုးမရှိဘူးဆိုတာကို ရုရှားထံ NUG စာပို့ထား

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 19 Views
မတ်လ (၁၉)ရက်။ စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေဟာ အကျိုးမရှိဘူးဆိုတာကို ရုရှားထံ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာပို့ပြောဆိုထားတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က မနေ့က Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

စဉ့်ကူးမြို့ရှိ လက်ပံလှရွာ ထပ်မံဗုံးကြဲခံရပြီး (၃)ဦးသေဆုံးကာ (၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 23 Views
မတ်လ (၁၈)ရက်။ မနေ့က ညနေ (၆)နာရီဝန်းကျင်က စဉ့်ကူးမြို့ရှိ လက်ပံလှရွာကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လက်ပံလှရွာ လေကြောင်းထပ်မံတိုက်ခိုက်ခံရတဲ့ထဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ရပ်ကွက်ထဲ
မြန်မာသတင်း

မန္တလေးမှာ ငွေစုငွေချေးလုပ်ငန်းတစ်ခု ဓါးပြတိုက်ခံရပြီး ကျပ်သိန်း (၁၀၀)ကျော်ပါသွားခဲ့

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 19 Views
မတ်လ (၁၈)ရက်။ မနေ့က ည (၇)နာရီအချိန် မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ ငွေစုငွေချေးလုပ်ငန်းတစ်ခု ဓါးပြတိုက်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ထွန်တုံးရပ်ကွက် (၅၄)နဲ့ (၅၅)ကြားက ငွေချေးလုပ်ငန်း ဓါးပြတိုက်ခံရတာ။ အဲ့ဒီမှာ အမျိုးသမီး
မြန်မာသတင်း

ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ CNF ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 24 Views
မတ်လ (၁၈)ရက်။ ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ဒီကနေ့ (၃၇)နှစ်ပြည့် ချင်းတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဩဇာအာဏာ သက်ရောက်တာတွေကို အဆုံးသတ်ဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့
မြန်မာသတင်း

ကျားဖြန့်လုပ်ငန်းထဲ ပါဝင်တဲ့ နိုင်ငံခြားသား (၄၀၀)ကျော်ကို စစ်ကောင်စီ ပြန်လွှဲပြောင်း

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 19 Views
မတ်လ (၁၈)ရက်။ မနေ့က ကျားဖြန့်လုပ်ငန်းထဲ ပါဝင်တဲ့ နိုင်ငံခြားသား (၄၁၄)ဦးကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီက ကျားဖြန့်လုပ်ငန်းထဲ ပါဝင်တဲ့ နိုင်ငံခြားသား (၄၁၄)ဦးကို သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းခဲ့ရာ
မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၁) စတင်ဖွင့်လှစ်

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 16 Views
မတ်လ (၁၈)ရက်။ မနေ့က စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်တွေမှာ စစ်မှုထမ်းအပတ်စဉ် (၁၁)သင်တန်းတွေ စတင်ဖွင့်လှစ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၁) ဖွင့်ပွဲတွေကို စစ်ကောင်စီရဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ၊ တိုင်းမှူးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့