၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်၊ ခေတ်မျက်လုံး။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက်မှာ ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ယာယီအပစ်အခတ် ရပ်သွားမယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာတွေမှာ ပြောဆိုခဲ့ပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ဟာ တရုတ်နိုင်ငံ ကူမင်းမြိုမှာ တွေ့ဆုံခဲ့ကြတယ်လို့ သူက ပြောပါတယ်။ ယာယီအပစ်ရပ် ခိုင်မာဖိုနဲ့ နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို ဆက်လက် ဆွေးနွေးသွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
ယာယီအပစ်ရပ်တာနဲ့ ပတ်သက်ပြီး မြောက်ပိုင်းညီနောင်သုံးဖွဲ့ဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
နိုင်ငံတကာသတင်းဌာန ရိုက်တာမှာလည်း ရှမ်းမြောက်မှာ ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ယာယီအပစ်ရပ်တော့မှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။